မြန်မာနိုင်ငံတွင် ဖြစ်ပေါ်လာနိုင်သော ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းများအခြေအနေ ခန့်မှန်းချက်

မြန်မာနိုင်ငံတွင် ဖြစ်ပေါ်လာနိုင်သော ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းများအခြေအနေ ခန့်မှန်းချက်

ယခုအခါ မြန်မာနိုင်ငံမှာ ပူပြင်းခြောက်သွေ့သော ရာသီကို ရောက်ရှိ လာပြီဖြစ်သလို အခုရက်ပိုင်းထဲမှာ နေရောင်ခြည် အတွင်း ခရမ်းလွန်ရောင်ခြည်ပါဝင်မှု နှုန်းဟာလဲ နံနက် ၁၀ နာရီမှ စလို့ ညနေ ၄ နာရီအတွင်း သိသိသာသာမြင့်တက် လာတာကို တွေ့ရပါတယ်။

ယနေ့မြန်မာနိုင်ငံတွင် ဖြစ်ပေါ်လာနိုင်သော ခရမ်းလွန် ရောင်ခြည် အညွှန်းကိန်းများ အနေနဲ့ကတော့ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း နှင့် ပဲခူးတိုင်း ဒေသကြီးတို့တွင် မြင့်မား အဆင့်တွင်ရှိပြီး ရှမ်းပြည်နယ်၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့မှာ အညွှန်းကိန်း အလွန်မြင့်မား အဆင့်တွင်ရှိနိုင်ပြီး၊ ကျန်တိုင်းဒေကြီးနှင့် ပြည်နယ်တို့မှာ အလွန်ပြင်းထန်မြင့်မားအဆင့်တွင်ရှိနိုင်တယ်လို့ ခန့်မှန်းတွက်ချက် ရရှိထားပါတယ်။

နေရောင်ခြည်အတွင်း ခရမ်းလွန်ရောင်ခြည် ပါဝင်မှု များပြားခြင်းရဲ့ ဆိုးကျိုးရလဒ်များ

၁။ အပူချိန် မြင့်တက်လာမှုကြောင့် ရေဓာတ်ဆုံးရှုံမှုများလာကာ အသားရေခြောက်သွေ့လာခြင်းနှင့် ခေါင်းကိုက်ဝေဒနာ ခံစားရခြင်း

၂။ အလှအပကို အတန်ဖိုးထားသော လူငယ်များအတွက် ခရမ်းလွန် ရောင်ခြည်ဟာ အကာကွယ်မဲ့ အသားအရေကို တိုက်ရိုက် ထိတွေ့ပါက လောင်ကျွမ်းမှုဖြစ်စဉ်ကို ဖြစ်ပေါ်ေ စသောကြောင့် ဖြူဖွေးနုလှနေသော အသားအရေကို ညိုမဲပြီး ရုပ်ဆိုးစေပါတယ်။

၃။ အသက်ကြီးရွယ်အိုများ၊ မျက်စိရောဂါ ဝေဒနာရှင်များ နှင့် မျက်စိ ခွဲစိတ်ထားသူများ နေရောင်ခြည် အတွင်းခရမ်း လွန်ရောင်ခြည် ပါဝင်မှုများပြားနေချိန်နေရောင်ခြည်နှင့် တိုက်ရိုက် ထိတွေ့ပါက မျက်စိပျက်စီးတတ်ခြင်း။

၎။ အသားအရေ တင်းရင်းနေရာမှ နေရောင်ခြည်အတွင်း ခရမ်းလွန်ရောင်ခြည် ပါဝင်မှု များပြားချိန် အကာကွယ်မဲ့ အသားအရေကို ခရမ်းလွန်ရောင်ခြည်တိုက်ရိုက် ထိတွေ့ မှုကြောင့် အသားအရေ တွန့်လိပ်ကာ အသား အရေကြမ်း တမ်းလာပြီး အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှုကို ဖြစ်စေတတ်ပါတယ်။

မြန်မာနိုင်ငံတွင် အကြမ်းဖျင်းအားဖြင့် နေရောင်ခြည်အတွင်း ခရမ်းလွန်ရောင်ခြည်ပါဝင်မှု အများဆုံးအချိန်မှာ မွန်းလွဲ ၂ နာရီမှ ညနေ ၄ နာရီ အတွင်းဖြစ်သောကြောင့် ထိုအချိန်များမှာ မဖြစ်မနေ နေရောင်ခြည်နှင့်ထိတွေ့ ရမည်ဆိုပါက အောက်ပါအတိုင်း ပြုလုပ်သွားသင့်ပါတယ်…

၁။ ဦးထုပ်ဆောင်းပါ။

၂။ မျက်နှာကို မျက်မှန်နှင့် ခရမ်းလွန်ရောင်ခြည် ကာကွယ်သော Face shield ကဲ့သို့ အကာကွယ်များတပ်ဆင်ထားပါ။

၃။ mask တပ်ပါ။

၎။ ဖြစ်နိုင်လျှင် အလင်းပြန်စေနိုင်သော အဖြူရောင် အဝတ်အစားများကိုသာ ရွေးချယ်ဝတ်ဆင်ပါ ။

၅။ အပူစုပ်ယူနိုင်သော အမဲရောင် အနက်ရောင်များကို ရှောင်ရှားပါ။

အလှအပကြိုက်သော လူငယ်များ နှင့် အသက်ကြီးရွယ်အိုးများ နေရောင်ခြည်အတွင်း ခရမ်းလွန် ရောင်ခြည်ပါဝင်မှု များပြားခြင်းရဲ့ ဆိုးကျိုးရလဒ်များသိရှိရှောင်ရှားနိုင်ကာ အသက်ရှည် ၊ ကျမ်းမာ စိတ်ချမ်းသာပြီး အရွယ်တင် နုပျိုကြပါစေ … လေးစားစွာဖြင့် ခရက်ဒစ် ; ဝေဖြိုးဟန် ( လေကြောင်းမိုးလေဝသ)

Add a Comment

Your email address will not be published. Required fields are marked *