၁၉၉၀ ပြည့်နှစ်ကျော်က အငတ်ဘေးဆိုက်သလို ဖြစ်နိုင်တယ်လို့ တိုင်းပြည်ကို သတိပေးခဲ့တဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအမ်

၁၉၉၀ ပြည့်နှစ်ကျော်က အငတ်ဘေးဆိုက်သလို ဖြစ်နိုင်တယ်လို့ တိုင်းပြည်ကို သတိပေးခဲ့တဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအမ်

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအမ်က ၉၀ ပြည့်နှစ်ကျော် ကာလတုန်းက အငတ်ဘေးဆိုက်သလို အကျပ်အတည်းမျိုးနဲ့ ရင်ဆိုင်နိုင်ရတယ်လို့ နိုင်ငံကို သတိပေးပြောဆို လိုက်ပါတယ်။ လူ့အခွင့် အရေးအုပ်စုတွေရဲ့ သတိပေးမှုတွေအရ နိုင်ငံသားတွေအနေနဲ့ စားနပ်ရိက္ခာ ရှားပါးမှု၊ စီးပွားရေး မတည်ငြိမ်မှုတွေကို ရင်ဆိုင်ရနိုင်တယ်လို့ ကင်မ်က ပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။

၁၉၉၀ ကျော်ကာလတုန်းက မြောက်ကိုရီးယားမှာ အကျပ်အတည်းတွေဖြစ်ခဲ့ဖူးပြီး လူပေါင်းထောင်နဲ့ချီကာ သေဆုံးခဲ့ရပါတယ်။ ပါတီကွန်ဖရင့် ပြုလုပ်ချိန်မှာ ကင်မ်က ပြောဆိုခဲ့တာဖြစ်ပြီး တရုတ် နဲ့ အဓိကအားဖြင့် ကုန်သွယ်နေရမှုက သူတို့နိုင်ငံအတွက် အသက်သွေးကြော ဖြစ်ခဲ့ပေမယ့် ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် နယ်စပ် ဂိတ်တွေကို ပိတ်ပင်ထားတာက အခက်တွေ့စရာ ဖြစ်လာခဲ့ရပါတယ်။

အာဏာရှင် တစ်ဦးဖြစ်တဲ့ ကင်မ်က တိုင်းပြည်အခြေအနေကို ရှားရှားပါးပါးဝန်ခံပြောဆိုခဲ့တာဖြစ်ပြီး တာဝန်ရှိ သူတွေအနေနဲ့ ပြည်သူတွေ ဘေးဒုက္ခ ရောက်မှုကနေ နည်းနည်းလေးသက်သာမယ်ဆိုရင်တောင်မှ လုပ်နိုင်သမျှလုပ်ပေးကြဖို့ ပြောကြားခဲ့ပါတယ်။ ကင်မ်အနေနဲ့ အခုလိုပြောဆိုတာဟာ မထူးဆန်းပေမယ့် အခုတစ်ကြိမ်ပြောဆိုခဲ့တဲ့ စကားလုံးတွေကတော့ ထူးခြားလေးနက်တယ်လို့ မြောက်ကိုရီးယား အရေးလေ့လာသူ Colin Zwirko က ဘီဘီစီကိုပြောဆိုခဲ့ပါတယ်။

ကင်မ်ဟာ Arduous March ဆိုတဲ့စကားလုံးကို ထည့်သွင်းပြောကြားခဲ့ပြီး ဒီစကားလုံးဟာ အငတ်ဘေးကာလအတွင်း တိုင်းပြည်ရုန်းကန်ခဲ့ရမှုတွေကို ရည်ညွှန်းအသုံးပြုခဲ့တာဖြစ်ပြီး မြောက်ကိုရီးယားအရာရှိတွေက ပြန်လည်ကိုးကားအသုံးပြုလေ့ရှိတဲ့ စကားလုံးဖြစ်ပါတယ်။ အဆိုပါကာလအတွင်း မြောက်ကိုရီးယားမှာ သေဆုံးသူပေါင်းအများအပြားရှိခဲ့တယ်လို့ ခန့်မှန်းခဲ့ရပြီး လက်ရှိမှာ ဒီလိုအခြေအနေနဲ့တူညီနေတယ်လို့ ယူဆရပါတယ်။

အခုလို အခက်ကြုံရတဲ့ အကြောင်းရင်းကလည်း တိုင်းပြည်စီးပွားရေးကို တင်းတင်းကျပ်ကျပ်ထိန်းသိမ်းထားပြီး ကမ္ဘာပေါ်မှာ လွတ်လပ်မှုအနည်းပါးဆုံးနိုင်ငံဖြစ်နေကာ စီးပွားရေးနည်းလမ်းတွေက ထိရောက်မှုမရှိတာကြောင့်လို့ ဆိုပါတယ် ။

စစ်တပ်နဲ့လုံခြံရေး အဆောက်အဦတွေအတွက် ငွေကြေး အများအပြားသုံးစွဲခဲ့ပေမယ့်လည်း သာမာန်ပြည်သူတွေ အတွက်တော့ စိုးစဉ်မျှ သာဖြစ်တယ်လို့ ဘီဘီစီက ရေးသားခဲ့ပါတယ်။ လက်ရှိမှာ ကိုဗစ်ကြောင့် နယ်စပ်ဂိတ်တွေပိတ်ထားရပေမယ့် မြောက်ကိုရီးယားဘက်က အခု တကြိမ်ပြောဆိုမှုမှာ နယ်စပ်ဂိတ်တွေ ပြန်လည်ဖွင့်ဖို့ လေသံပါဝင်နေတယ်လို့လည်း Colin Zwirko က သုံးသပ်ခဲ့ပါတယ်။ source ; therivernews

Add a Comment

Your email address will not be published. Required fields are marked *