ရှေးဟောင်း ဖာရိုဘုရင်တွေရဲ့ဘဝကို ဖော်ပြနိုင်မယ့် ပျောက်ဆုံးနေသော ရွှေမြို့တော်ဟောင်းကို တူးဖော်တွေ့ရှိ

ရှေးဟောင်းဖာရိုဘုရင်တွေရဲ့ ဘဝကိုဖော်ပြနိုင်မယ့် ပျောက်ဆုံးနေသော ရွှေမြို့တော်ဟောင်းကို တူးဖော်တွေ့ရှိ

ပျောက်ဆုံးနေတဲ့ ရွှေမြို့တော်ကို အီဂျစ်တောင်ပိုင်း၊ နိုင်းမြစ်ကမ်းရိုးတန်းဒေသက Luxor မြို့အနီးမှာ တွေ့ရှိခဲ့တယ်လို့ နာမည်ကျော် အီဂျစ် ပညာရှင် ဇာဟီဟာဝက်စ်က ပြောဆို လိုက်ပါတယ်။ သဲတွေအောက် ဖုံးလွှမ်းကာပျောက်ဆုံးခဲ့တဲ့ နှစ်ပေါင်း ၃ ထောင်ကျော် သက်တမ်းရှိ မြို့တော်ဖြစ်ပြီး အရေးကြီးတဲ့ ရှာဖွေတွေ့ရှိမှုလည်း ဖြစ်လာခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ် စက်တင်ဘာလ အတွင်းမှာ စတင်တူးဖော်ရှာဖွေခဲ့တာဖြစ်ပြီ ရက်သတ္တပတ် အနည်းငယ်အတွင်းမှာပဲ တွေ့ရှိခဲ့တာလို့လည်း သိရပါတယ်။ အီဂျစ်ရဲ့ အင်အား အတောင့်တင်းဆုံး ဖာရိုမင်းတစ်ပါးဖြစ်တဲ့ Amenhotep II ရဲ့ ဘီစီ ၁၃၉၁ ကနေ ဘီစီ ၁၃၅၃ အထိ အုပ်ချုပ်စိုးစံ ခဲ့တဲ့မြို့ဖြစ်တယ်လို့လည်း ဘီဘီစီက ဖော်ပြခဲ့ပါတယ်။ ဒီမြို့တော်ကို Ay နဲ့ တူတန်ကူခါမန် ဖာရိုဘုရင်တွေလည်း ထပ်မံအသုံးပြုခဲ့ပြီး ၁၉၂၂ ခုနှစ်မှာတော့ သူတို့ရဲ့ ဂူသင်္ချိုင်းတွေကို ဗြိတိသျှပညာရှင် ဟောင်းဝပ်ကာတာက တွေ့ရှိခဲ့ပါတယ်။

” တာကူခါမန်ရဲ့ ဂူကိုတွေ့ခဲ့ပြီး ဒီရှေးဟောင်းမြို့ကို ထပ်မံတွေ့ရှိ ခဲ့တာဟာ ဒုတိယ အရေးအပါဆုံး ရှေးဟောင်း သုတေသန တွေ့ရှိချက်ပဲ ဖြစ်ပါတယ်” လို့ ဂျွန်ဟော့ကင်း တက္ကသိုလ်က အီဂျစ်ရှေးဟောင်းပညာရှင် ပါမောက္ခဘက်ဆီဘရီယန်က ပြောပါတယ်။ “ဒီမြို့ဟာအင်ပါယာကြီး ထွန်းတောက်ချိန်၊ ကြွယ်ဝချိန်က ရှားပါးဖြစ်ရပ်တွေကို ပြန်ပြောပြ နိုင်ပါလိမ့်မယ်” လို့လည်း သူမက ဆိုပါတယ်။

ရှာဖွေတူးဖော် မှုမှာတော့ တန်ဖိုးကြီးမားတဲ့ သုတေသန တွေ့ရှိမှုတွေဖြစ်တဲ့ လက်ဝတ် ရတနာများ၊ အရောင်အသွေး စုံလင်တဲ့ မြေအိုး မြေခွက်တွေ Amenhotep III ရဲ့ အမှတ် တံဆိပ်ပါ ရွှံ့အုတ်ချပ်တွေလည်း ပါဝင်ခဲ့ပါတယ်။ တူးဖော်ရေး အဖွဲ့ဟာ ကိုင်ရိုတောင်ပိုင်းနဲ့ မိုင် ၃၀၀ ကွာဝေးတဲ့ Luxor မြို့အနောက်ဘက် ကမ်းရိုးတန်း အနီးမှာ စတင်ခဲ့တာဖြစ်ပါတယ်။

” ရက်သတ္တပတ် အနည်းငယ်အတွင်းမှာပဲ အဖွဲ့အတွက် အံ့အားသင့်စရာအဖြစ် ရွှံအုတ်ချပ်တွေဟာ လမ်းကြောင်းတိုင်းမှာ ပေါ်လာခဲ့ပါတယ်” လို့ ဟားဝက်စ်က ပြောပါတယ်။ “သူတို့ဟာ ကောင်းမွန်စွာ ထိန်းသိမ်းထားတဲ့ ကြီးမားတဲ့မြို့ကြီးကို တွေ့ရှိခဲ့တာဖြစ်ပြီး နံရံ အုတ်ချပ်တွေ၊ နေ့စဉ်သုံးကိရိယာတန်ဆာ ပလာတွေနဲ့လည်း ပြည့်နှက်နေပါတယ်၊

နိုင်ငံခြားမစ်ရှစ် တော်တော်များများ ဒီမြို့ကို ရှာဖွေခဲ့ကြပေမယ့် ဘယ်တုန်းကမှ မတွေ့ခဲ့ကြပါဘူး” လို့လည်း ရှေးဟောင်း သုတေသန ဝန်ကြီးဟောင်းလည်း ဖြစ်ခဲ့ဖူးတဲ့ ဟားဝက်စ်က ထပ်ပြောခဲ့ပြီး ဆက်လက်လေ့လာမှုတွေ၊တွေ့ ရှိချက်တွေကို မှတ်တမ်း တင်မှုတွေ လုပ်ဆောင်သွားမယ်လို့ သိရပါတယ် ။ Source ; therivernews

Add a Comment

Your email address will not be published. Required fields are marked *