ဘဏ်မှ ငွေထုတ်ရန် မနက် ၄ နာရီမတိုင်မီ တန်းစီစောင့်ဆိုင်းမှုများ ရှိနေ

ဘဏ်မှ ငွေထုတ်ရန် မနက် ၄ နာရီမတိုင်မီ တန်းစီစောင့်ဆိုင်းမှုများ ရှိနေ

ပုဂ္ဂိလကဘဏ် KBZဘဏ်က ငွေထုတ်ယူရန် တုံကင် နံပတ် ရရှိနိုင်ရေး မနက် ၄ နာရီ အရောက် ဘဏ်ရှေ့သို့ သွားရောက်တန်းစီ နေရသည်ဟု နေပြည်တော် ဒေသခံများထံက သိရသည်။ ဘဏ်ငွေထုတ်ရန် မနက် ၃ နာရီခွဲလောက် ဘဏ်ရှေ့တွင်လာရောက် တန်းစီရန်KBZဘဏ် လုံခြုံရေး ဝန်ထမ်းကပြောသည်ဟု ​နေပြည်​တော် ဒေသခံတစ်ဦးက ဆိုသည်။

” မနေ့က ကျွန်တော်ဘဏ်ကို မနက် ၁၀ နာရီ ရောက်​တော့ ပိုက်ဆံ ထုတ်မယ်ဆိုရင် မနက် အ​စောကြီး ၃ နာရီ ခွဲ​လောက် တန်းစီပါ ။ ဘဏ်က တစ်​ရက်ကို လူ ၃၀ ပဲ ထုတ်ခွင့်​ပေးပါတယ်လ့ဘဏ်လုံခြုံ​ရေးဝန်ထမ်းကကျွန်​တော့်ကို​ပြောပါတယ်၊ ညမထွက်ရအမိန့်က၄နာရီမှဆို​တော့လမ်း​ပေါ်ထွက်လို့ ရပါ့မလားလို့ကျွန်​တော်ကပြန်​မေး​တော့လူတိုင်းအဲ့အချိန်လာ​နေတာပဲလို့ က​မ္ဘောဇ၀န်ထမ်းကပြန်​ပြောပါတယ်”ဟုဆိုသည်။

က​မ္ဘောဇဘဏ်​ရှေ့တွင်မနက်၎နာရီမတိုင်မီကပင်လူ၃၈ဦးအထိ​ရောက်ရှိ​နေပြီး တချို့သည်ဖျာခင်း၍​ရေသန့်ဘူး​ခေါင်းအုံးကအိပ်​စောင့်​နေကြသည်ဟုတပ်ပုဗ္ဗမြို့နယ်မှ​ငွေထုတ်ရန်တုံကင်လာယူသည့်အမျိုးသမီးက​ပြောသည်။ “ကျွန်မဘဏ်​ရှေ့ကို​ရောက်တာ၎နာရီအတိ အဲဒီ့အချိန်မှာလူ၄၀နီးပါး​ရောက်​နေပြီ အမ​လေး ဖျာခင်းပြီး​တောင်အိပ်​နေလိုက်​သေး”ဟု သူမက​ပြောသည်။

KBZဘဏ်သည်ယခင်ရက်များကတုံကင်နံပါတ်၅၀နဲ့၇၀ဦးအထိ​ပေး​ခဲ့ဖူး​သော်လည်းဧပြီလ၂၆​ရောက်​နေ့မှစကာတုံကင်နံပါတ်၃၀အထိသာ​ပေးမည်ဟု၎င်းဘဏ်၏ထုတ်ပြန်ထားချက်အရသိရသည်။

ဘဏ်​ငွေထုတ်ရန်မ​နက်၎နာရီမတိုင်မီလာ​ရောက်စောင့်ဆိုင်း​နေသူအများစုသည်​နေရာ​ရောင်းစားသူပွဲစားများပါဝင်​​ကြောင်းပင်စင်စားအရာရှိ၂ဦးက​​ပြောသည်။” ဆရာတို့လင်မယားပိုက်ဆံထုတ်ဖို့မနက်ပိုင်းလာ​လာစောင့်တာ၃ရက်ရှိပြီ ကိုယ်ရောက်တာ၎နာရီမှာပွဲစား​တွေက​နေရာဦးပြီး​နေပြီတုံကင်ပြည့်သွားလို့ဆရာတို့ လည်းပြန်ပြန်သွားရတယ်ဟုပြောသည်။

ပွဲစားများကိုဘဏ်၏မလှမ်းမကမ်းတွင်စောင့်ဆိုင်း​နေသည့်ဆိုင်ကယ်ကယ်ရီသမားများမှတစ်ဆင့်ဆက်သွယ်ရှာ​ဖွေနိုင်​ကြောင်း​နေရာဦးခအတွက်တစ်​​​သောင်းမှသုံး​သောင်းအထိ​ဈေး​ပေါက်​ကြောင်း​ငွေလာထုတ်သူတစ်ဦးက​ပြောသည်။KBZဘဏ်သည် မနက်​၄နာရီ မတိုင်မီ ကတည်းကလာရောက်စောင့်ဆိုင်းတန်းစီနေခဲ့ရသော်လည်း​မနက်၈နာရီတွင်သာ တုံကင်နံပါတ်ထုတ်​ပေးသည်ဟု သိရသည် ။

သူတို့ က​ကြေငြာပြီးသားလေ မနက်၈နာရီ တုံကင်​ပေးမယ် ၉နာရီဘဏ်ဖွင့်ချိန်တွင်​ငွေထုတ်ယူနိုင်​ကြောင်းကြေငြာချက်ထုတ်ပြန်ထားတယ် ကိုယ့်ဒုက္ခနဲ့ ကိုယ် နေရာမရမှာစိုးလို့ လာစောင့်နေရတာတကယ်ဆို တန်းစီတဲ့ လူတိုင်း တစ်ပတ်စာ တုံကင်ပေးလိုက်ပါလားဟု တန်းစီနေသူ အမျိုးသမီး တစ်ဦးကပြောသည်

အ​ခြေအ​နေက​တော်​တော်ဆိုးဆိုးပါပဲ ကိုယ့်ပိုက်ဆံကိုယ်ထုတ်တာ​တောင်အိပ်​ရေးပျက်​ခြေ​ထောက်​​ညောင်းခြင်ကိုက်ခံ​နေရတယ် တော်​တော်အဆင်မ​ပြေပါဘူး မလွယ်လွန်းလို့လာထုတ်တာပါ အဆင်​​ပြေနိုင်ဖို့KBZအ​နေနဲ့တစ်ခုခုစီစဉ်​ပေးသင့်သည်ဟု​နေပြည်​တော်Ocean Centreအနီးနား ​ဆွေ မျိုး အိမ် တွင် ​ငွေထုတ်ရန်တည်းခို​စောင့်ဆိုင်းရသည့်အမျိုးသမီးတစ်ဦးက​ပြောသည်။

Add a Comment

Your email address will not be published. Required fields are marked *