သူတို့ရဲ့အဖြစ်ဆိုးအတွက် နိမိတ်ကြိုပြခဲ့သလားလို့ ထင်မှတ်ရတဲ့ အင်ဒိုနီးရှားရေငုပ်သင်္ဘောသားတွေရဲ့ အဖြစ်အပျက်တစ်ခု

သူတို့ရဲ့အဖြစ်ဆိုးအတွက် နိမိတ်ကြိုပြခဲ့သလားလို့ ထင်မှတ်ရတဲ့ အင်ဒိုနီးရှားရေငုပ်သင်္ဘောသားတွေရဲ့ အဖြစ်အပျက်တစ်ခု

နစ်မြုပ်ခဲ့တဲ့ ရေငုပ်သင်္ဘောပါ လိုက်ပါပြီး သေဆုံးခဲ့ရတဲ့ အင်ဒိုနီးရှား ရေတပ်သား ၅၃ ဦးဟာ ဒီအဖြစ်အပျက် မတိုင်ခင် တစ်ပတ် အလိုမှာ စုပေါင်းပြီးသီချင်းသီဆိုနေတဲ့ ဗီဒီယိုတစ်ခု ထွက်ပေါ်လာခဲ့ပါတယ်။ ဒီဗီဒီိယို မှာတော့ သင်္ဘောသား ၅၃ ဦးဟာ ကိုယ်စီပြုံးပျော်မှုတွေရှိနေတာကို မြင်တွေ့ရမှာဖြစ်ပြီး ဂစ်တာတီးနေတဲ့ အမျိုးသားတစ်ဦးနားမှာ ဝန်းရံကာ အင်ဒိုနီးရှားမှာ လူကြိုက်များတဲ့ သီချင်းဖြစ်တဲ့ Sampai Jumpa ဆိုတဲ့ သီချင်းကို သီဆို နေကြတယ်လို့ ဆိုပါတယ်။

အဆိုပါ သီချင်းရဲ့ အဓိပ္ပာယ်ကတော့ နှုတ်ဆက်ခြင်းလို့ သိရပြီး နောက်တစ်နည်းအားဖြင့်တော့ ငါတို့နောက်တစ်ကြိမ် ပြန်တွေ့ရတဲ့အထိ ( နောက်မှတွေ့ မယ်) လို့လည်း ဘာသာပြန်လို့ ရကြောင်း သိရပါတယ်။ ဒီသီချင်းကို သီဆို နေကြချိန်မှာတော့ သူတို့အားလုံးဟာ ပျော်ရွှင် နေခဲ့ကြပေမယ့်လည်း နောက်တစ်ပတ် အကြာမှာတော့ KRI Nanggala-402 ရေငုပ်သင်္ဘောဟာ ဘာလီကျွန်း ရေပြင်အတွင်း နစ်မြုပ်ခဲ့ကာ သူတို့ အားလုံးလည်း သေဆုံးခဲ့ရပါတယ်။

ဒီဗီဒီယိုကို အင်ဒိုနီးရှား စစ်တပ်အကြီးအကဲတွေက ထုတ်ပြန်ပေးခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ ရေငုပ်သင်္ဘောကို ပြန်လည် ဆယ်ယူဖို့ ကြိုးစားနေရာကနေ ရရှိလာတဲ့ အစိတ်အပိုင်းတွေထဲမှာ ဒီဗီဒီယို ကလည်း ပါဝင်လာခဲ့တာဖြစ်ပါတယ်။ ရေငုပ်သင်္ဘောဟာ သုံးပိုင်းကျိုးကာ ပျက်စီးခဲ့တာဖြစ်ပြီး လိုက်ပါခဲ့သူ အားလုံး အသက်ဆုံးရှုံးခဲ့ရတယ်လို့ အင်ဒိုနီးရှားစစ်တပ်က အတည်ပြု သတင်းထုတ်ပြန်ခဲ့ပြီးလည်း ဖြစ်ပါတယ်။

သင်္ဘောနဲ့ အဆက်အသွယ် ပြတ်တောက်ပြီးနောက် ချက်ချင်းဆိုသလို ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေကို စတင်ခဲ့ပြီးနောက် တော်ပီဒို အပိုင်းအစများ၊ ချောဆီအဖြစ် အသုံးပြုတဲ့ အမဲဆီ ပုလင်းတစ်ခု၊ အစ္စလာမ် ဘာသာဝင်တွေ ဆုတောင်းရာမှာ အသုံးပြုတဲ့ ဖျတစ်ချပ်တို့ကို တွေ့ရှိခဲ့ပြီး မလေးရှား၊ စင်ကာပူနဲ့ အမေရိကန် နိုင်ငံတို့ရဲ့ အကူအညီနဲ့ အမြန်ဆန် ဆုံးဖြစ်အောင် ကြိုးစာရှာဖွေ ခဲ့ပေမယ့်လည်း ဖြစ်ရပ်ဆိုးကို မရှောင်လွှဲ နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒီရေငုပ်သင်္ဘောကို ဂျာမနီမှာ တည်ဆောက်ခဲ့တာ ဖြစ်ပြီးတော့ ၁၉၈၁ ခုနှစ်မှာ အင်ဒိုနီးရှားက စတင် အသုံးပြုခဲ့တာ ဖြစ်ပါတယ်။ တောင်ကိုရီးယားမှာ ပြန်လည်မွမ်းမံမှုတွေ ပြုလုပ်ခဲ့ပြီးတော့ တစ်စုံတစ်ရာ ပြသနာဖြစ်ပွားတာမျိုး မရှိဖူးဘူး လို့လည်း သိရပါတယ်။ ကမ္ဘာပေါ်မှာ ကျွန်းစုအများဆုံးရှိတဲ့ နိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားဟာ ရေတပ်အင်အားကို တောင့်တင်းအောင် တည်ဆောက် နေခဲ့တာဖြစ်ပြီးတော့ လာမယ့်နှစ်တွေမှာ ရေငုပ်သင်္ဘောငါးစီးအထိ ပိုင်ဆိုင်ဖို့ပါ ရည်မှန်းထားခဲ့တာ ဖြစ်ပါတယ်။

အခု ထွက်ပေါ်လာခဲ့တဲ့ ရုပ်သံဖိုင်အရ သင်္ဘောသားတွေဟာ သူတို့ရင်ဆိုင်ရမယ့် ကံကြမ္မာဆိုးကို ကြိုတင်ပြီး နိမိတ်ဖတ်ခဲ့သလား လို့တောင် ထင်မှတ်ခဲ့ရပါတယ် ။ နှုတ်ဆက်တယ်လို့ အဓိပ္ပာယ်ရတဲ့ သီချင်းကို စုပေါင်း သီဆိုခဲ့ကြတာဖြစ်ပြီး နောက်တစ်ပတ် အကြာမှာတော့ သူတို့အားလုံးဟာ အရာအားလုံးကို ချန်ထားရစ်ခဲ့ပြီးတော့ အပြီးတိုင် နှုတ်ဆက်ထွက်ခွာ သွားခဲ့ကြတာလည်းဖြစ်ပါတယ်။ Source ; therivernews

Add a Comment

Your email address will not be published. Required fields are marked *