







Unicode … ကြက်သွန်မြိတ်စားခြင်းမှ ရရှိနိုင်သော ကျန်းမာရေး အကျိုးကျေးဇူးများ

သွေးကြောနံရံတွေကို အကာအကွယ် ပေးပါတယ် ။

သွေးကြောတွေကို ကျယ်စေပြီး အနားရ စေတဲ့ နိုက်ထရစ်အောက်ဆိုက် ထုတ်လုပ်မှုကို တိုးစေတဲ့ အစွမ်းလည်း ရှိတာကြောင့် သွေးကြောတွေ ကျန်းမာ စေပြီး သွေးတိုးရောဂါ ဖြစ်နိုင်ခြေကို လျော့ကျ စေနိုင်ခြင်း

ကိုယ်ဝန်ဆောင်တွေနဲ့ တည့်ပြီး အစာထဲ ကြက်သွန်မြိတ် ထည့်စားရင် သွေးတွင်း ဟိုမိုစစ်စတင်း အဆင့်ကို လျော့ကျစေပြီး နှလုံးနဲ့ သွေးကြောတွေ ကျန်းမာအောင် အကာအကွယ် ပေးပါတယ်။

ကြက်သွန်မြိတ်မှာ ပါဝင်တဲ့ Gallic Acid ပမာဏဟာ ကြက်သွန်နီနဲ့ ကြက်သွန်ဖြူ မှာထက် ပိုများခြင်း နာတာရှည် ရောင်ရမ်းမှုကြောင့် ရောဂါဖြစ်နိုင်ခြေကို လျော့ကျစေခြင်း

ကြက်သွန်မြိတ်မှာ ပိုလီဖီနောနဲ့ Kaempferol တို့ ပါဝင်တာကြောင့် ရောင်ရမ်းမှုကို လျော့ကျစေခြင်း

ကြက်သွန်မြိတ်မှာ ဗီတာမင်စီ၊ B6၊ ဗီတာမင်ကေ တို့အပြင် မဂ္ဂနိစ်နဲ့ သံဓာတ်တို့လည်း ကောင်းစွာ ပါဝင်ခြင်းတို့ကြောင့် စားသုံးသင့်ပါတယ် ။ Crd ; သမားတော်တိုင်းရင်းဆေး

Add a Comment

Your email address will not be published. Required fields are marked *