ကွန်ဂိုနိုင်ငံမှာ ရွှေတောင်ကြီး တွေ့ခဲ့လို့ ရွာသူရွာသားတွေ ပွပေါက်တိုးခဲ့တဲ့ ဖြစ်ရပ်

ကွန်ဂိုနိုင်ငံမှာ ရွှေတောင်ကြီးတွေ့ခဲ့လို့ ရွာသူရွာသားတွေ ပွပေါက်တိုးခဲ့တဲ့ဖြစ်ရပ်

ပြီးခဲ့တဲ့ မတ်လ ၃ ရက်နေ့က အလွတ်တန်း သတင်းထောက် တစ်ဦးဖြစ်တဲ့ Ahmad Algohbary ဟာ သူ့ရဲ့ တွစ်တာ အကောင့်မှာ ကွန်ဂို နိုင်ငံသားတွေဟာ ရွှေပါဝင်မှု ၆၀ % ကနေ ၉၀ % အထိ ရှိတဲ့ တောင်ကြီးတစ်တောင်မှာ ရွှေတူးနေတဲ့ ဗီဒီယိုဖိုင်ကို တင်ထားခဲ့ပါတယ်။ ကွန်ဂိုနိုင်ငံအနေနဲ့လည်း ရုပ်ရှင်တွေ၊ ဝတ္ထုတွေ ထဲလိုမျိုး ရတနာသိုက် ရှာဖွေရေးပုံပြင်၊ ဇာတ်လမ်းမျိုးကို အပြင်မှာ တကယ့် လက်တွေ့ ကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။

နိုင်ငံတွင်းက ကျေးရွာတစ်ခုမှာ ရွှေအများ အပြား ပါဝင်တဲ့ တောင်တစ်ခုကိုတွေ့ရှိ ခဲ့တဲ့နောက် အာဏာပိုင်တွေဟာ အဆိုပါ နေရာမှာ ရွှေတူးဖော်ခြင်းမပြုလုပ်ဖို့ကို ပိတ်ပင်တားဆီး သွားခဲ့ပါတယ်။ ဒါပေမယ့်လည်း သူတို့ ပိတ်ပင်ခြင်းမတိုင်ခင်မှာ ရွာသူရွာသား အများအပြားဟာ ရွှေတွေကို အလုအယက်တူး ဖော်နေခဲ့ကြပြီး အိတ်ကြီး အိတ်ငယ် အသွယ်သွယ်နဲ့ သယ်ယူနေခဲ့တာကို ဗီဒီိယိုမှတ်တမ်းမှာ သိသာထင်ရှားစွာ တွေ့မြင်ခဲ့ရပါတယ်။

ကွန်ဂို တောင်ပိုင်း၊ ကီဗူ စီရင်စုအတွင်းက ကျေးရွာ တစ်ရွာအနီးက တောင်မှာ ရွှေကြော တွေ့ရှိခဲ့တာဖြစ်ပြီး ရွာသူရွာသားတွေအတွက် ကံကောင်းထောက်မ ကိန်းဆိုက်ခဲ့ပါတယ်။ ဗီဒီယို တစ်ခုထဲမှာတော့ ရွှေတွေကို ကျင်ယူခဲ့ရာမှာ အတုံးလိုက် ရရှိမှုတွေ တောင်ရှိနေခဲ့ပြီး စက်ယန္တရာယားတွေနဲ့ တူးဖော် ရေးကိရိယာတွေပါ အသုံးပြုပြီး အကြီးအကျယ် တူးဖော် ယူငင် နေတာကိုလည်း မြင်တွေ့ခဲ့ရမှုက အံ့အားသင့်စရာ ဖြစ်ခဲ့ရပါတယ်။

” ကွန်ဂိုက ဗီဒီယို တစ်ခုမှာ တောင်တစ်ခုလုံး ရွှေတွေနဲ့ ပြည့်နှက်နေတာကို ရှာဖွေတွေ့ရှိခဲ့လို့ ကျေးရွာသား အချို့အတွက် အကြီးမားဆုံးအံ့အားသင့်စရာဖြစ်ခဲ့ရပါတယ်၊ သူတို့က ရွှေတွေ ရယူဖို့ မြေကြီးကို တူးဆွ ယူငင်ခဲ့ကြပြီး ဆေးကြော သန့်စင်ဖို့အတွက် အိမ်ကို သယ်ဆောင် သွားခဲ့ကြ ပါတယ် ” လို့ သတင်းထောက် Ahmad က သူ့ရဲ့တွစ်တာမှာ ဗီဒီယိုနဲ့အတူ ရေးသားဖော်ပြခဲ့ပါတယ်။

တူးဖော်သူ အရမ်းများပြားလာတဲ့ အတွက်ကြောင့် ကျေးရွာ ငယ်လေးအပေါ် ဖိအားပေးမှုတွေ အများကြီး ရှိလာခဲ့တယ်လို့လည်း ကီဗူ သတ္ထုတွင် ဝန်ကြီး Venant Burume Muhigirwa က ပြောဆိုခဲ့ပြီး ဒီနောက်မှာတော့ တူးဖော်ခွင့်ကို ပိတ်ပင်ခဲ့ရတယ်လို့ ဆိုပါတယ်။

နောက်ထပ် တစ်စုံတစ်ရာ ညွှန်ကြားမှု မရှိမချင်း ပိတ်ပင်ထားမှာ ဖြစ်ပြီးအခုလို ရွှေကို အစုလိုက် အပြုံလိုက် တွေ့ရှိမှုက တော်တော်လေးကို ရှားပါးတဲ့ဖြစ်ရပ် အဖြစ် ရှိနေခဲ့ပါတယ်။ ကွန်ဂိုကတော့ ကျွန်း၊ စိန်နဲ့ သတ္ထုတွင်းထွက်ပစ္စည်းတွေ ကြွယ်ဝတဲ့ နိုင်ငံအဖြစ် လူသိများထင်ရှားပြီး နိုင်ငံတဝှမ်းမှာ မှောင်ခို လုပ်ငန်းတွေနဲ့ ပြည့်နှက်နေ တယ်လို့လည်း သိရပါတယ်။Source ; therivernews

Add a Comment

Your email address will not be published. Required fields are marked *