အာဆီယံကိုယ္စားလွယ္အဖြဲ႕ ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ ေတြ႕ခြင့္ေပးဖို့ ေတာင္းဆို

အာဆီယံကိုယ္စားလွယ္အဖြဲ႕ ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ ေတြ႕ခြင့္ေပးဖို့ ေတာင္းဆို

အာဆီယံ အထူးကိုယ္စားလွယ္ေတြမွ ထိန္းသိမ္းခံထားရတဲ့ သမၼတဦးဝင္းျမင့္ နိုင္ငံေတာ္ အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္တို့နဲ႔ ေတြ႕ဆုံခြင့္ေပးဖို့ ကုလလူ႔အခြင့္အေရး အထူးကိုယ္စားလွယ္က အာဏာသိမ္း စစ္ေခါင္းေဆာင္ မင္း ေအာင္လွိုင္ကို ဧၿပီ ၂၇ ရက္ေန႔မွာ ေတာင္းဆို လိုက္ပါတယ္။

ဂ်ာကာတာ အာဆီယံ ထိပ္သီးအစည္းေဝးမွာ အၾကမ္းဖက္မွုေတြကို ခ်က္ခ်င္းရပ္တန႔္ပါမယ္ဆိုတဲ့ ေပးခဲ့တဲ့ “ကတိ” အတိုင္း တည္ပါသလားလို့ ေမးခြန္းထုတ္တဲ့ အိတ္ဖြင့္ ပို့စာေပးပို့ရာမွာ တြမ္ အင္ဒ႐ူးက ေရးသားထားတာပါ။ ၿပီးေတာ့ အေျခခံ လူ႔အခြင့္ေရးအရ ဆႏၵျပ ေနသူေတြကို တိုက္ခိုက္တာ ရပ္တန႔္ဖို့ ဗိုလ္ခ်ဳပ္မွူးႀကီး မင္းေအာင္လွိုင္ အေနနဲ႔ အမိန႔္ေပးဖို့လိုတယ္လို့လည္း သူက ေတာင္းဆို ထားပါတယ္။

စစ္ေကာင္စီရဲ့ ဝါဒျဖန႔္ခ်ီေရး စာေစာင္ေတြျဖစ္တဲ့ ျမဝတီနဲ႔ ျမန္မာ့ အလင္းသတင္းစာေတြမွာေတာ့ ဗိုလ္ခ်ဳပ္မွူးႀကီးမင္းေအာင္လွိုင္က အာဆီယံအစည္းအေဝး ေတာင္းဆိုခ်က္ကို ယတိျပတ္ ကတိေပးမယ့္အစား ေဆြးေႏြးခ်က္ေတြကို စဥ္းစားေပးမယ္လို့သာ ဆိုထားပါတယ္။ source ; Mizzima

Unicode … အာဆီယံကိုယ်စားလှယ်အဖွဲ့ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်ပေးဖို့ တောင်းဆို

အာဆီယံ အထူးကိုယ်စားလှယ်တွေမှ ထိန်းသိမ်းခံထားရတဲ့ သမ္မတဦးဝင်းမြင့် နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ တွေ့ဆုံခွင့်ပေးဖို့ ကုလလူ့အခွင့်အရေး အထူးကိုယ်စားလှယ်က အာဏာသိမ်း စစ်ခေါင်းဆောင် မင်း အောင်လှိုင်ကို ဧပြီ ၂၇ ရက်နေ့မှာ တောင်းဆို လိုက်ပါတယ်။

ဂျာကာတာ အာဆီယံ ထိပ်သီးအစည်းဝေးမှာ အကြမ်းဖက်မှုတွေကို ချက်ချင်းရပ်တန့်ပါမယ်ဆိုတဲ့ ပေးခဲ့တဲ့ “ကတိ” အတိုင်း တည်ပါသလားလို့ မေးခွန်းထုတ်တဲ့ အိတ်ဖွင့် ပို့စာပေးပို့ရာမှာ တွမ် အင်ဒရူးက ရေးသားထားတာပါ။ ပြီးတော့ အခြေခံ လူ့အခွင့်ရေးအရ ဆန္ဒပြ နေသူတွေကို တိုက်ခိုက်တာ ရပ်တန့်ဖို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အနေနဲ့ အမိန့်ပေးဖို့လိုတယ်လို့လည်း သူက တောင်းဆို ထားပါတယ်။

စစ်ကောင်စီရဲ့ ဝါဒဖြန့်ချီရေး စာစောင်တွေဖြစ်တဲ့ မြဝတီနဲ့ မြန်မာ့ အလင်းသတင်းစာတွေမှာတော့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အာဆီယံအစည်းအဝေး တောင်းဆိုချက်ကို ယတိပြတ် ကတိပေးမယ့်အစား ဆွေးနွေးချက်တွေကို စဉ်းစားပေးမယ်လို့သာ ဆိုထားပါတယ်။ source ; Mizzima

Tags:

Add a Comment

Your email address will not be published. Required fields are marked *