လပေါ်ကို ပထမဆုံး ခြေချခဲ့သူအဖြစ် ထင်ရှားခဲ့တဲ့ Michael Collins ကွယ်လွန်

လပေါ်ကို ပထမဆုံးခြေချခဲ့သူအဖြစ် ထင်ရှားခဲ့တဲ့ Michael Collins ကွယ်လွန်

လကမ္ဘာပေါ်ကို ပထမဆုံးခြေချနိုင်ခဲ့သူအဖြစ် သမိုင်းမှတ်တမ်းတွင်ခဲ့တဲ့ အမေရိကန်အာကာသယာဉ်မှူး Michael Collins ဟာ အသက် ၉၀အ ရွယ်မှာ ကင်ဆာရောဂါနဲ့ ကွယ်လွန်ခဲ့ပြီ ဖြစ်ပါတယ်။ မနေ့ကကွယ်လွန်ခဲ့တာဖြစ်ပြီးတော့ သူဟာ အာပိုလို၁၁ အာသာသယာဉ်မှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး သူ့ရဲ့မိသားစုကလည်း ကွယ်လွန်ကြောင်းသတင်းကို အတည်ပြုခဲ့ပါတယ်။

Michael Collins ကတော့ ဒီသမိုင်းဝင် မစ်ရှင်မှာ မေ့လျော့နေခဲ့တဲ့ တတိယမြောက် အာကာသာဉ်မှူးအဖြစ် မကြာခဏ ဆိုသလို ဖော်ပြခြင်းခံရသူလည်းဖြစ်ပါတယ်။ သူဟာ ဒီခရီးစဉ်အတွင်းမှာ လုပ်ဖော် ကိုင်ဖက်တွေနဲ့ ၂၁ နာရီကြာအောင် ကွဲကွာသွားခဲ့ပြီး တစ်ဦးတည်းရှိနေခဲ့ကာ ကမ္ဘာ့အထီးကျန်မှုအရှိဆုံး လူအဖြစ်နဲ့လည်း တင်စားခံခဲ့ရသူဖြစ်ပါတယ်။ အာကာသယာဉ်ကလရဲ့အမှောင်ထုကို စက်ဝိုင်းပတ် တစ်ကြိမ်ပတ်ချိန်တိုင်းမှာ သူဟာ Huston ထိန်းချုပ်ခန်းနဲ့ အဆက်အသွယ် ပြတ်တောက်ခဲ့တယ်လို့လည်း သိရပါတယ်။

သူ့ရဲ့ ဒီအတွေ့အကြုံတွေကို ၁၉၇၄ ခုနှစ်ထုတ် ကိုယ်တိုင်ရေးအထ္ထုပတ္တိထဲမှာ ထည့်သွင်း ရေးသားခဲ့ပါသေးတယ်။ ၁၉၃၀ ပြည့်နှစ်၊ အောက်တိုဘာလ ၃၁ ရက်နေ့မှာ မွေးဖွားခဲ့တဲ့ Collins ဟာ သူ့ရဲ့ဖခင်လိုပဲ အမေရိကန်စစ်တပ်ရဲ့ဗိုလ်မှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၅၂ ခုနှစ်မှာ အမေရိကန်စစ်တပ်အကယ်ဒမီကို တက်ရောက်ခဲ့ပြီး အမေရိကန်ရဲ့ ပထမဆုံးမျိုးဆက်အာကာသာယာဉ်မှူးတွေထဲမှာ ပါဝင်ခဲ့ပါတယ်။

၁၉၆၃ ခုနှစ်မှာတော့ NASA က သူ့ကို အာကာသလေ့လာရေးခရီးစဉ်အတွက် ရွေးချယ်ခဲ့ပါတယ်။ သူ့ရဲ့ပထမဆုံးအာကာသခရီးစဉ်ကိုတော့ ၁၉၆၆ ခုနှစ်မှာ NASA ရဲ့ အာပိုလို ပရိုဂရမ်နဲ့ စတင်နိုင်ခဲ့ပြီး Gemin X ရဲ့ လေယာဉ်မှူးအဖြစ် ပါဝင်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ သူ့ရဲ့ ဒုတိယမြောက်အာ ကာသခရီးစဉ်နဲ့ သမိုင်းတွင်မယ့် အာပိုလို(၁၁) ခရီးစဉ်ကို ပါဝင်ခဲ့ပြီး လပေါ်မှာ ပထမဆုံး လမ်းလျှောက်နိုင်ခဲ့သူအဖြစ် ကမ္ဘာကျော်ခဲ့ပါတယ်။

အဲဒီနောက်မှာ အစိုးရအဖွဲ့မှာ တာဝန်အတန်ကြာ ထမ်းဆောင်ခဲ့ပြီးနောက် Collins ဟာ အမျိုးသားလေကြောင်းနဲ့ အာကာသပြတိုက်ရဲ့ ဒါရိုက်တာဖြစ်ခဲ့ပြီး ၁၉၇၈ မှာ ရာထူးက နုတ်ထွက်ခဲ့ပါတယ်။ အာကာသနဲ့ပတ်သက်တဲ့ စာအုပ်များစွာကိုလည်း ရေးသားထုတ်ဝေခဲ့ပြီး Apollo11 နဲ့ ပတ်သက် ပြီး အမြဲတမ်းလိုလိုမှတ်မိနေခဲ့ကာ နိုင်ငံရေးခေါင်းဆောင်တွေအနေနဲ့ ကမ္ဘာကြီးကို မိုင်ပေါင်းတစ်သိန်းအကွာအဝေးကနေသာ မြင်နိုင်ခဲ့မယ်ဆိုရင် သူတို့ရဲ့မျှော်မှန်းချက်တွေဟာ အခြေခံကျကျပြောင်းလဲသွားမယ်လို့ပြောဆိုခဲ့တဲ့ သူ့ရဲ့စကားကလည်း ထင်ရှားခဲ့ပါတယ်။

သူ့ရဲ့ကွယ်လွန်ခဲ့မှုနဲ့ပတ်သက်ပြီး အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က “တူညီတဲ့ဂုဏ်ကျက်သရေကို မရနိုင်ပေမယ့် သူက တူညီတဲ့လုပ်ဖော်ကိုင်ဖက်တစ်ဦးဖြစ်ပါတယ်၊ ကြီးမားတဲ့ ရည်ရွယ်ချက်ပန်းတိုင်တွေကို ထမ်းဆောင်နိုင်ဖို့ဆိုရင် ပူးပေါင်းဆောင်ရွက်မှုက အရေးကြီးတယ်ဆိုတာကိုလည်း သူက ကျွန်တော်တို့နိုင်ငံကို အသိပေးခဲ့ပါတယ်” လို့ ပြောဆိုကာ ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။Source ; therivernews

Add a Comment

Your email address will not be published. Required fields are marked *