ဖားကန္႔မွာစက္သုံးဆီ ျပတ္​ေတာက္လုနီးပါးျဖစ္ေနၿပီ ဓါတ္ဆီတစ္ဂါလံ ၈​ေထာင္က်ပ္ နီးပါးထိ​ေရာက္ရွိ

ဖားကန္႔မွာစက္သုံးဆီ ျပတ္​ေတာက္လုနီးပါးျဖစ္ေနၿပီ ဓါတ္ဆီတစ္ဂါလံ ၈​ေထာင္က်ပ္ နီးပါးထိ​ေရာက္ရွိ

ကခ်င္ျပည္နယ္၊ ဖားကန္႔ၿမိဳ့နယ္တြင္ ​စက္သုံးဆီမ်ား ပ်က္ေတာက္လုနီးပါးျဖစ္​ေနၿပီး ဆီ​ေစ်းႏွုန္းမ်ား တစ္ဟုန္ထိုး တိုးျမႇင့္လာေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။ ယ​ေန႔ တစ္ေန႔ အတြင္းမွာပင္ ဓာတ္ဆီေစ်းမွာ တစ္ဟုန္ထိုး တိုးျမင့္လာေၾကာင္း ေဒသခံတစ္ဦးက ေျပာသည္။ ” ဒီေန႔ သြားဝယ္တာ တစ္ဂါလံကို ၅၀၀၀ ေပးရတယ္၊ ဒီညေန ျပန္သြားဝယ္ေတာ့ တစ္ဂါလံကို ၈၀၀၀ ျဖစ္ေနၿပီ ” ဟု ေဒသခံတစ္ဦးက ေျပာသည္။

ျမန္မာနိုင္ငံေအာက္ပိုင္းတြင္ လမ္းမ်ားပ်က္ေနျခင္းႏွင့္ စစ္ေကာင္စီမ်ားမွ စက္သုံးဆီ ယာဥ္မ်ားအား ျဖတ္သန္း သြားလာခြင့္ ပိတ္ပင္ထားျခင္းေၾကာင့္ ဓာတ္ဆီေစ်းမ်ား တိုးျမင့္လာရျခင္း ျဖစ္ေၾကာင္း ဓာတ္ဆီဆိုင္မ်ားႏွင့္ ေဒသခံမ်ားက သိထားေၾကာင္း သူကဆက္ေျပာသည္။

အခ်ိဳ့ဆီဆိုင္မ်ားမွာမွု ယခုလ ၂၄ ရက္​ေန႔က ​ေနာက္ဆုံ းဝင္လာ​ေသာ ဆီလက္က်န္မ်ားျဖစ္​ေၾကာင္း ​ေနာက္ထပ္ ​ေဒသခံတစ္ဦးကဆိုသည္။ “မြန္းစက္သုံးစီ ေရာင္း၀ယ္ေရးက ေျပာတာေတာ့ ဆီက ၂၄ ရက္ေန႔က ေနာက္ဆုံး ၀င္ တာပါတဲ့။ အခုေရာင္းေနတဲ့ ဆီေတြက လက္က်န္ဆီ ေတြတဲ့ “ဟု​ေျပာသည္။

ယေန႔တြင္ စက္သုံး ဆီဆိုင္မ်ားတြင္ လူအေျမာက္ အမ်ားက လာေရာက္ ဝယ္ယူခဲ့ၿပီး လူတစ္ဦးလၽွင္ ၃ ဂါလံစီသာ ေရာင္းေပးခဲ့ၿပီး အခ်ိဳ့ ဓာတ္ဆီဆိုင္မ်ား ပိတ္သိမ္းသြားၿပီ ျဖစ္ေၾကာင္းသိရသည္။ ခရက္ဒစ္

Unicode … ဖားကန့်မှာစက်သုံးဆီ ပြတ်တောက်လုနီးပါးဖြစ်နေပြီ ဓါတ်ဆီတစ်ဂါလံ ၈ထောင်ကျပ် နီးပါးထိရောက်ရှိ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် စက်သုံးဆီများ ပျက်တောက်လုနီးပါးဖြစ်နေပြီး ဆီဈေးနှုန်းများ တစ်ဟုန်ထိုး တိုးမြှင့်လာကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ တစ်နေ့ အတွင်းမှာပင် ဓာတ်ဆီဈေးမှာ တစ်ဟုန်ထိုး တိုးမြင့်လာကြောင်း ဒေသခံတစ်ဦးက ပြောသည်။ ” ဒီနေ့ သွားဝယ်တာ တစ်ဂါလံကို ၅၀၀၀ ပေးရတယ်၊ ဒီညနေ ပြန်သွားဝယ်တော့ တစ်ဂါလံကို ၈၀၀၀ ဖြစ်နေပြီ ” ဟု ဒေသခံတစ်ဦးက ပြောသည်။

မြန်မာနိုင်ငံအောက်ပိုင်းတွင် လမ်းများပျက်နေခြင်းနှင့် စစ်ကောင်စီများမှ စက်သုံးဆီ ယာဉ်များအား ဖြတ်သန်း သွားလာခွင့် ပိတ်ပင်ထားခြင်းကြောင့် ဓာတ်ဆီဈေးများ တိုးမြင့်လာရခြင်း ဖြစ်ကြောင်း ဓာတ်ဆီဆိုင်များနှင့် ဒေသခံများက သိထားကြောင်း သူကဆက်ပြောသည်။

အချို့ဆီဆိုင်များမှာမှု ယခုလ ၂၄ ရက်နေ့က နောက်ဆုံ းဝင်လာသော ဆီလက်ကျန်များဖြစ်ကြောင်း နောက်ထပ် ဒေသခံတစ်ဦးကဆိုသည်။ “မွန်းစက်သုံးစီ ရောင်းဝယ်ရေးက ပြောတာတော့ ဆီက ၂၄ ရက်နေ့က နောက်ဆုံး ဝင် တာပါတဲ့။ အခုရောင်းနေတဲ့ ဆီတွေက လက်ကျန်ဆီ တွေတဲ့ “ဟုပြောသည်။

ယနေ့တွင် စက်သုံး ဆီဆိုင်များတွင် လူအမြောက် အများက လာရောက် ဝယ်ယူခဲ့ပြီး လူတစ်ဦးလျှင် ၃ ဂါလံစီသာ ရောင်းပေးခဲ့ပြီး အချို့ ဓာတ်ဆီဆိုင်များ ပိတ်သိမ်းသွားပြီ ဖြစ်ကြောင်းသိရသည်။ ခရက်ဒစ်

Add a Comment

Your email address will not be published. Required fields are marked *