Unicode … နာမည်ကျော် ထိုင်းဟာသသရုပ်ဆောင် Kom Chauncheun ကိုဗစ်ကြောင့် ကွယ်လွန်
ကျွန်တော်တို့ မြန်မာပရတ်သတ်တွေ သဘောကျအားပေးကျတဲ့ ထိုင်းနိုင်ငံက နာမည်ကြီး ဟာသ သရုပ်ဆောင် Kom Chauncheun ဟာCOVID -19 ရောဂါကြောင့် အဆုတ် နဲ့ ကျောက်ကပ် ပျက်စီးပြီး ယနေ့၊ ဧပြီလ ၃၀ ရက်နေ့မှာ ကွယ်လွန် သွားတယ်လို့ သိရပါတယ်။
Kom Chauncheun ဟာ ထိုင်းရုပ်ရှင် ဇာတ်ကား တော်တော်များများမှာ ပါဝင်တဲ့ နာမည်ကြီး ဟာသ သရုပ်ဆောင် တဦးဖြစ်ပြီး သူ့ရဲ့ လူသိများတဲ့ ဇာတ်ကားတွေကတော့ “ E Riam Sing ” (၂၀၂၀) ၊ “ Bikeman ” (၂၀၁၈) ၊ “ The Microchip ” (၂၀၁၁) နဲ့ “ Hell ” (၂၀၀၅) ဇာတ်ကားတွေပဲ ဖြစ်ပါတယ်။ Kom Chauncheun ဟာ ကွယ်လွန်ချိန်မှာ အသက် ၆၄ နှစ်အရွယ် ရှိပြီ ဖြစ်ပါတယ်။ source ; popolay
Add a Comment
Your email address will not be published. Required fields are marked *