ရင်သပ်ရှုမောဖွယ် မြင်ကွင်းတွေကိုခံစားရမယ့် ကမ္ဘာ့အရှည်ဆုံးလူကူးတံတားကြီးကို ပေါ်တူဂီမှာ ဖွင့်လှစ်

ရင်သပ်ရှုမောဖွယ် မြင်ကွင်းတွေကိုခံစားရမယ့် ကမ္ဘာ့အရှည်ဆုံးလူကူးတံတားကြီးကို ပေါ်တူဂီမှာ ဖွင့်လှစ်

ပေါ်တူဂီနိုင်ငံက ကမ္ဘာ့အရှည်ဆုံး လူကူးတံတားကြီးကို စတင်ဖွင့်လှစ် လိုက်ပြီလို့ သိရပါတယ်။ CNN ရဲ့ ဖော်ပြချက်အရ ၅၁၆ မီတာရှည်လျားတဲ့ ဒီတံတားကြီးဟာ ပေါ်တိုမြို့ကသွားရင် တစ်နာရီနီးပါးသွားရတဲ့ Arouca မြို့မှာ ဆောက်လုပ်ခဲ့တာလို့ သိရပြီး Aguieiras ရေတံခွန် နဲ့ Paiva ချောက်ကမ်းပါးတို့ကို ဆက်သွယ်ထားတာ ဖြစ်ပါတယ်။

တံတားအောက်မှာတော့ ရေတံခွန် ၊ ချိုင့်ဝှမ်းနဲ့ စီးဆင်းနေတဲ့ မြစ်တွေရဲ့ မြင်ကွင်းတွေကို အထင်းသားတွေ့မြင်ရမှာဖြစ်ပြီး သဘာဝအလှတရားတွေကို ကောင်းကောင်း ခံစားနိုင်မှာဖြစ်သလို ရင်ခုန်စိတ်လှုပ်ရှားစရာ အမြင်အာရုံကို ခံစားချင်သူတွေအတွက်တော့ သွားရောက်ချင်စရာ အကောင်းဆုံးနေရာတစ်ခုဖြစ်လာလိမ့်မယ်လို့လည်း သိရပါတယ်။

သံမဏိကြိုးတွေနဲ့အတူ ကြီးမားတဲ့ V-Shape သဏ္ဍာန် မျှော်စင်နှစ်ခု ပါဝင်ပြီး တိဘက်စတိုင်အတိုင်း တည်ဆောက်ထားတယ်လို့ သိရပါတယ်။ မျှော်စင်တွေကတော့ ၁၆၉၂ ပေအထိ မြင့်မားပြီး တံတားကို ပိုမိုခိုင်ခံ့စေတယ်ဆိုတာကို ခံစားရစေမှာဖြစ်ပါတယ်။ ဒီတံတားကို သုံးနှစ်ကြာတည်ဆောက်ခဲ့တာဖြစ်ပြီး ၂၀၂၀ ပြည့်နှစ် ဇူလိုင်လအတွင်းမှာ အပြီးသတ်နိုင်ခဲ့တာဖြစ်ပါတယ်။

“ဒီတံတားက လူအမျိုးမျိုးရဲ့ အကျိုးစီးပွားအတွက် ပစ်မှတ်ထားပြီး ရည်ရွယ်ခဲ့တပါ၊ အင်ဂျင်နီယာ ချစ်မြတ်နိုးသူတွေ၊ သဘာဝတရားကို နှစ်သက်သူတွေ နဲ့ စိတ်လှုပ်ရှားဖွယ်ရာ အတွေ့အကြုံတွေကို သဘောကျသူတွေအတွက်ပါ” လို့ ဒေသကောင်စီက ထုတ်ပြန်စာထဲမှာ ထည့်သွင်းရေးသားခဲ့ပါတယ်။

တည်ဆောက်မှုတွေ ပြီးဆုံးခဲ့ ချိန်မှာတော့ Arouca 516 တံတား ဟာ ဆွစ်ဇာလန်နိုင်ငံက ၁၆၂၁ ပေ ရှည်လျားတဲ့ ကမ္ဘာ့အရှည်ဆုံး လူကူးတံတားဂုဏ်ပုဒ်ကို လွှဲပြောင်းရယူ နိုင်ခဲ့ပါတယ်။ ဆွစ်ဇာလန်က Charles Kuonen Suspension တံတားကိုတော့ ၂၀၁၇ ခုနှစ်အတွင်းမှာ ဖွင့်လှစ်ခဲ့ပြီး Matterhorn တောင်၊ Weisshorn ဥယျာဉ် နဲ့ Bernese အဲလ်ပ်တောင်တန်းတွေကို ကြည့်ရှုခံစားနိုင်တဲ့ တံတားကြီးဖြစ်ပါတယ်။ Source ; therivernews

Add a Comment

Your email address will not be published. Required fields are marked *