ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင် မံမီရုပ်အလောင်းတစ်ခုကို ပိုလန် သိပ္ပံပညာရှင်များတွေ့ရှိ

ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင် မံမီရုပ်အလောင်းတစ်ခုကို ပိုလန် သိပ္ပံပညာရှင်များတွေ့ရှိ

ပိုလန် သိပ္ပံပညာရှင်တွေဟာ ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်မံမီ ရုပ်အလောင်းတစ်ခုကို တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။ ဒီမံမီ ရုပ်အလောင်းကို စမ်းသပ်စစ်ဆေးမှုတွေ ပြုလုပ်အပြီးမှာ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀၀၀ ကျော်က ဖြစ်တယ်လို့ သိရှိခဲ့ရပြီး ပိုလန်နိုင်ငံ၊ ၀ါဆောမြို့က အမျိုးသားပြတိုက်မှာ ထားရှိထားတာဖြစ်ပါတယ်။

ဒီမံမီရုပ်အလောင်းဟာ ပိုလန်ကို ၁၉ ရာစုအတွင်းက ရောက်ရှိခဲ့တာဖြစ်ပြီး ၀ါဆောတက္ကသိုလ်ရဲ့ ရှေးဟောင်းပစ္စည်းစုဆောင်းနေမှုရဲ့ အစိတ်အပိုင်းတစ်ခုလည်းဖြစ်ပါတယ်။ ၁၉၁၇ ခုနှစ်ကတည်းက ပိုလန်အမျိုးသားပြတိုက်မှာ ကျောက်တလားနဲ့အတူ အများပြည်သူကို ပြသထားခဲ့တယ်လို့လည်း ဆိုပါတယ်။

“ကျွန်မရဲ့ ခင်ပွန်း အီဂျစ်ရှေးဟောင်းသုတေသနပညာရှင် Stainglaw နဲ့ ကျွန်မတို့ ရုပ်အလောင်းကို X-ray နဲ့ စစ်ဆေးစမ်းသပ်ခဲ့တဲ့အခါမှာ ဝမ်းဗိုက်အတွင်း ကလေးသုံးဦးရဲ့ လက္ခဏာတွေကို တွေ့ရှိခဲ့ရပါတယ်” လို့ ၀ါ ဆောတက္ကသိုလ်က မနုဿဗေဒပညာရှင်နဲ့ ရှေးဟောင်းသုတေသီMarzena Ozarek-Szilke က သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။

နောက်ထပ်ခွဲခြမ်းစိတ်ဖြာမှုတွေအရ အမျိုးသမီးဟာ အသက် ၂၀ ကနေ ၃၀ အတွင်းရှိမယ်လို့ ယူဆရပြီး ကိုယ်ဝန်ကတော့ ရက်သတ္တပတ် ၂၆ ပတ်ကနေ ၃၀ ပတ်အတွင်းမှာ ရှိနေပြီလို့လည်း ယုံကြည်ခဲ့ရပါတယ်။ “သန္ဓေသားလောင်းကို အမိဝမ်းထဲကနေ ဘာလို့မထုတ်ယူခဲ့ရလဲဆိုတာကိုတော့ ကျွန်တော်တို့မသိဘူး” လို့ ဒီစီမံကိန်းမှာ ပါဝင်ခဲ့တဲ့ အခြားသောသိပ္ပံပညာရှင်တစ်ဦးဖြစ်သူ Wojciech Ejsmond က ပြောပါတယ်။

“ဒါကြောင့် ဒီမိခင် ရုပ်အလောင်းက ထူးခြားပါတယ်၊ အလားတူဖြစ်ရပ်မျိုးကို ကျွန်တော်တို့ ထပ်တွေ့ဖို့ မဖြစ်နိုင်ပါဘူး၊ ကျွန်တော်ပြောချင်တာက ဒါက ကမ္ဘာပေါ်မှာ သန္ဓေသားလောင်းနဲ့ အတူတွေ့ရတဲ့ တစ်ခုတည်းသော မံမီရုပ်အလောင်းအဖြစ် အသိအမှတ်ပြုခံရမယ်ဆိုတာပါ” လို့ သူက ထပ်ပြောခဲ့ပါတယ်။

သိပ္ပံပညာရှင် တချို့ကတော့ အမျိုးသမီးဟာ ဒီထက်မက အသက်ကြီးနိုင်တယ်လို့ ယုံကြည်နေပြီး သေဆုံးရတဲ့ အကြောင်းရင်းကို ရှာဖွေနေကြပါတယ်။ မံမီ ရုပ်အလောင်းအတွင်းကို ဖွင့်ကာ စစ်ဆေးခြင်းမရှိသေးပေမယ့်လည်း scan ဖတ်ခဲ့မှုအရတော့ ပခုံးအထိရှိနေတဲ့ ဆံပင် ရှည်ရှည်ကို ပိုင်ဆိုင်ထားတယ်လို့ တွေ့ရှိခဲ့ရကာ ဒီတွေ့ရှိမှုကိုတော့ ရှေးဟောင်း သုတေသနသိပ္ပံဂျာနယ်မှာ ထည့်သွင်း ဖော်ပြခဲ့ပါတယ်။ Source ; therivernews

Add a Comment

Your email address will not be published. Required fields are marked *