ကိုယ်တိုင်ယူလာတဲ့ အောက်ဆီဂျင်အိုးကို အခြား VIP လူနာအတွက် ရဲတွေကယူသွားခဲ့လို့ ၂ နာရီအကြာမှာ သေဆုံးခဲ့တဲ့ အိန္ဒိယကိုဗစ်လူနာ

ကိုယ်တိုင်ယူလာတဲ့ အောက်ဆီဂျင်အိုးကို အခြား VIP လူနာအတွက် ရဲတွေကယူသွားခဲ့လို့ ၂ နာရီအကြာမှာ သေဆုံးခဲ့တဲ့ အိန္ဒိယကိုဗစ်လူနာ

ကိုဗစ်ကူးစက်ခံထားရတဲ့ အိန္ဒိယအမျိုးသမီးတစ်ဦးဟာ သူမရဲ့ အောက်ဆီဂျင်ဆလင်ဒါအိုးကို VIP လူနာတစ်ဦးအတွက် ပေးခဲ့ရပြီးနောက် နှစ်နာရီအကြာမှာပဲ ကွယ်လွန်ခဲ့တယ်လို့ သိရပါတယ်။ VIP လူနာအတွက် လိုအပ်တဲ့ အောက်ဆီဂျင်ကို သူမအသုံးပြုနေတဲ့ အောက်ဆီဂျင် ဆလင်ဒါအိုးကနေ ပေးခဲ့ တောဖြစ်ပြီး သူမရဲ့သားဖြစ်သူက ဒီလိုမပြုလုပ်ဖို့ တောင်းပန်ခဲ့ပေမယ့်လည်း ရဲတွေက လျစ်လျူရှုခဲ့တယ်လို့ Daily Mail က ဖော်ပြခဲ့ပါတယ်။

လူမှုကွန်ရက်ပေါ်မှာ ထွက်ပေါ်လာတဲ့ ဗီဒီယိုဖိုင်မှာဆိုရင် သူမရဲ့သားဖြစ်သူလို့ ယူဆရတဲ့ အမျိုးသားဟာ လက်နှစ်ဖက်မြှောက်၊ မြေကြီးပေါ်ဒူးထောက်ကာ ရဲတွေကို တောင်းပန်နေတဲ့ မြင်ကွင်းပါရှိခဲ့ပါတယ်။ Uttar Pradesh ပြည်နယ်အတွင်းက Agra မြို့မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ကိုဗစ်အကြီးအကျယ်ဖြစ်ပွားနေတဲ့ကာလအတွင်း အိန္ဒိယရဲ့ ခွဲခြားဆက်ဆံခံနေရမှုတွေကို အထင်အရှားမြင်တွေ့ခဲ့ရတာလည်းဖြစ်ပါတယ်။

” အောက်ဆီဂျင်အိုးကို ဖြုတ်သွားရင် ကျွန်တော့်အမေသွားသွားပါလိမ့်မယ်” လို့ အသက် ၂၂ နှစ်အရွယ် Anmol Goyal က ရဲတွေကို ပြောကြားနေခဲ့တယ်လို့လည်း သိရပါတယ်။ အင်္ဂါနေ့ညက ဖြစ်ပွားခဲ့တာဖြစ်ပြီး သူနဲ့အတူ အသက် ၁၇ နှစ်အရွယ် သူ့ရဲ့ညီတို့ဟာ အောက်ဆီဂျင်အိုးကို ဆေးရုံအထိ ကိုယ်တိုင်ယူဆောင်လာခဲ့တာဖြစ်ပြီး မိခင်အတွက် အကောင်းဆုံးဖြစ်အောင် ကြိုးစားပေးခဲ့ကြတာဖြစ်ပါတယ်။

Times of India ရဲ့ ဖော်ပြချက်အရဆိုရင်တော့ သူတို့အမေအတွက် ယူဆောင်လာခဲ့တဲ့ အောက်ဆီဂျင်အိုးကို အခြားအရေးကြီးလူနာတစ်ဦးအတွက် ယူဆောင်သွားခဲ့တာလို့ သိရပါတယ်။ အဲဒီနောက် ၂ နာရီအကြာမှာတော့ Golyal တို့ညီအကိုရဲ့ မိခင်ဟာ ကွယ်လွန်ခဲ့ရပါတယ်။ Agra ရဲတပ်ဖွဲ့ကတော့ ဒီပြောဆိုချက်တွေအပေါ်မှာ ငြင်းဆန်ခဲ့ပြီး “ယူသွားတဲ့ အောက်ဆီဂျင်အိုးက အောက်ဆီဂျင်ကုန်လို့ သွားဖြည့်မယ့်ဟာပါ” လို့ ပြောကြားခဲ့ပါတယ်။

အိန္ဒိယမှာတော့ ကိုဗစ်ကူးစက်မှုဟာ အကြီးအကျယ်ဖြစ်ပွားနေပြီး သောကြာနေ့တစ်ရက်တည်းမှာပဲ ကူးစက်ခံသူပေါင်း သုံးသိန်းရှစ်သောင်းကျော်အထိရှိခဲ့ကာ ၃၅၀၀ နီးပါးအထိ သေဆုံးခဲ့ပါတယ်။ နိုင်ငံတဝှမ်းမှာ ပူဆွေးမှုတွေနဲ့ ပြည့်နှက်နေပြီး သေဆုံးသူတွေကို မီးသဂြိုလ်ဖို့နေရာတောင် ရှားပါးနေတဲ့အတွက် အစုလိုက်အပြုံလိုက်သဂြိုလ်နေရပြီး သေဆုံးခဲ့သူတွေကို သယ်ဆောင်ဖို့ကားလည်း မလုံလောက်လို့ ဆိုင်ကယ်၊ သုံးဘီးဆိုင်ကယ်တွေနဲ့ပါ သယ်ဆောင်နေရပါတယ်။ source ; therivernews

Add a Comment

Your email address will not be published. Required fields are marked *