အသုံးမပြုတော့တဲ့ ဇိမ်ခံအထည်တွေနဲ့ သားရေတွေကို ၁ မီတာ ၄ ဒေါ်လာနဲ့ အွန်လိုင်းကနေ ရောင်းချနေတဲ့ LV

အသုံးမပြုတော့တဲ့ ဇိမ်ခံအထည်တွေနဲ့ သားရေတွေကို ၁ မီတာ ၄ ဒေါ်လာနဲ့ အွန်လိုင်းကနေ ရောင်းချနေတဲ့ LV

နာမည်ကျော်အမှတ်တံဆိပ်အဖြစ်နဲ့ လူသိများထင်ရှားနေတဲ့ LV နဲ့Dior တို့ဟာ အသုံးမပြုတော့တဲ့ ဇိမ်ခံအထည် ပစ္စည်းတွေနဲ့ သားရေတွေကို ၁ မီ တာအတွက် လေးဒေါ်လာနှုန်းနဲ့ အွန်လိုင်းကတဆင့် ရောင်းချနေတယ်လို့ ဆိုပါတယ်။ တနင်္လာနေ့က စပြီး အွန်လိုင်းက Live ရောင်းချနေတာဖြစ်ပြီးအခြားသော ဖက်ရှင်အမှတ်တံဆိပ်တွေကနေ ကျန်ရှိနေတာတွေကိုလည်း ပါဝင်တယ်လို့ Business Insider က ဖော်ာပြခဲ့ပါတယ်။

LVMH ရဲ့ ပြောရေးဆိုခွင့်ရှီသူကလည်း LV လက်အောက်က အမှတ်တံဆိပ်အားလုံးပါဝင်မယ်လို့ အတည်ပြုခဲ့ပါတယ်။ LVMH ဟာ Louis Vuitton, Christian Diro, Givenchy,Stella McCartney နဲ့ Celine အပါအဝင် အမှတ်တံဆိပ်အများအပြားကို ထုတ်လုပ်ရောင်းချနေတာလည်းဖြစ်ပါတယ်။ အခုလိုရောင်းချနေမှုကို ဥရောပမှာသာရရှိမယ်လို့ သိရပြီး အမေရိကန်မှာတော့ ရောင်းချမှာမဟုတ်ဘူးလို့လည်း LVMH က ပြောခဲ့ပါတယ်။

ဒီလိုရောင်းချမှုဟာ ဖက်ရှင်ဒီဇိုင်နာသမားတွေလို လူတွေအနေနဲ့ စီးပွားရေးလုပ်ငန်းတစ်ခုကို ကိုယ်ပိုင်ဖွင့်လှစ်နိုင်ဖို့ အထောက်အကူဖြစ်မှာပါ။ ဝယ်ယူသူတစ်ဦးချင်းစီအနေနဲ့ အကောင့်တစ်ခုဆီ ဖွင့်လှစ်သွားရမှာဖြစ်ပြီး ကုမ္ပဏီနာမည်နဲ့ မှတ်ပုံတင်နံပါတ်တွေကို ပေးရမယ်လို့လည်း သိရပါတယ်။ ဝယ်ယူသူတွေဟာ အထည်ပုံစံ၊ အလေးချိန်တွေကို စိတ်ကြိုက်ရှာဖွေနိုင်ပြီး ဈေးနှုန်းကတော့ တစ်မီတာအတွက် သုံးဒေါ်လာကနေစတင်ကာ အများဆုံးအားဖြင့် တစ်မီတာကို ဒေါ်လာ ၅၀ အထိ ကျသင့်မယ်လို့ သိရပါတယ်။

ကုန်ပစ္စည်း ထုတ်လုပ်သူနဲ့ လက်လီလက်ကားရောင်းဝယ်သူတွေကြား အရောင်းအဝယ်ပုံစံလို့ သိထားကြတဲ့ B2B ပလက်ဖောင်း တစ်ခုဖြစ်တဲ့ Nona Source (LVMH လက်အောက်)က စီစဉ်ခဲ့တာဖြစ်ပြီး အရည်အသွေးမြင့်မားတဲ့ အမှတ်တံဆိပ်တွေရဲ့ အထည်စနဲ့ သားရေတွေကို သက်သာတဲ့ဈေးနှုန်းတရပ်နဲ့ ဝယ်ယူပြီး တီထွင်ဖန်တီးမှုအသစ်တွေပေါ်ထွက်လာဖို့၊ ကုန်ပစ္စည်းတွေကို ပြန်လည်အသုံးပြုခြင်းကို တဖက်တလမ်းကနေ အားပေးဖို့ရည်ရွယ်ထားတာလည်းဖြစ်ပါတယ်။

LVMH က လာမယ့် ၁၀ နှစ်အတွင်းမှာ Life 360 လို့ အမည်ပေးထားတဲ့အစီအစဉ်ကို အကောင်အထည်ဖော်ရာမှာ တစိတ်တပိုင်းအနေနဲ့ အခုလိုရောင်းချနေတာဖြစ်ပါတယ်။ အဝတ်အစားတွေကို ပြန်လည်အသုံးပြုဖို့နဲ့ ပြန်လည်ပြုပြင်ပေးသွားဖို့အတွက်လည်း LVMH ဘက်က ကတိပေးထားသေးတယ်လို့ သိရပါတယ်။

ရောင်းချမယ့်ဆိုင်ကို LVMH ပိုင် အမှတ်တံဆိပ်တွေလက်အောက်မှာ အလုပ်လုပ်ခဲ့ပြီး အတွေ့အကြုံရင့်ကျက်သူ သုံးဦးက အဖွဲ့ကိုဦးဆောင်သွားမှာဖြစ်ပါတယ်။ LVMH ရဲ့ အစီအစဉ်တစ်ခုဖြစ်တဲ့ Disrupt, Act,Risk to Entrepreneur (DARE) ကနေ အခုလို ရောင်းချမှုမျိုး စတင်ခဲ့တာလည်းဖြစ်ပါတယ်။ ဝန်ထမ်းပေါင်းထောင်ချီရှိတဲ့ ကုမ္ပဏီဟာ စီမံခန့်ခွဲမှုအတွေးအခေါ်သစ်တွေ၊ စီမံချက်အသစ်တွေအတွက် လမ်းဖွင့်ပေးထားခဲ့ပြီး ၂၀၁၉ မှာ ဒီအစီအစဉ်ကိုစတင်ခဲ့တာ ဒီနှစ်အတွင်း အကောင်အထည်ဖော်ခဲ့တာဖြစ်ပါတယ်။ Source ; therivernews

Add a Comment

Your email address will not be published. Required fields are marked *