နာမည်ကျော်သူဌေးကြီး ဘီလ်ဂိတ်တို့ ဇနီးမောင်နှံ ကွာရှင်းပြတ်စဲ

နာမည်ကျော်သူဌေးကြီး ဘီလ်ဂိတ်တို့ ဇနီးမောင်နှံ ကွာရှင်းပြတ်စဲ

ကမ္ဘာ့အချမ်းသာဆုံး သူဌေးကြီး ဘီလ်ဂိတ်နဲ့ သူ့ရဲ့ဇနီးသည် မီလင်ဒါတို့ဟာနှစ်ပေါင်း ၂၇ နှစ်ကြာ တည်မြဲခဲ့တဲ့ အိမ်ထောင်ရေးကို အဆုံးသတ်လိုက်ပြီဖြစ်ပါတယ်။ မနေ့ကပဲ သူတို့ရဲ့ ကွာရှင်းပြတ် စဲခဲ့မှုကို နှစ်ဦးစလုံးက လူမှုကွန်ရက်တွေကတဆင့် အတည်ပြုရေးသားပြောဆိုခဲ့ပြီး အားလုံးကို အသိပေးသွားခဲ့တာဖြစ်ပါတယ်။

” ကျွန်တော်တို့ရဲ့ ပတ်သက်ဆက်နွယ်နေမှု အပေါ်မှာ အများကြီးစဉ်းစားတွေးတောခဲ့ပြီးနောက်မှာ ကျွန်တော်တို့ရဲ့ အိမ်ထောင်ရေးကို အဆုံးသတ်ဖို့အတွက် ဆုံးဖြတ်ချက်ချခဲ့ပြီးပါပြီ၊ ပြီးခဲ့တဲ့ ၂၇ နှစ်လုံးလုံး ကျွန်တော်တို့ အံ့ချီးဖွယ်ရာ ကလေးသုံးဦးနဲ့ ကမ္ဘာတဝှမ်းက လူတွေရဲ့ ကျန်းမာရေး၊ ရှင်သန်ရပ်တည်မှုတွေအတွက် ဖောင်ဒေးရှင်းတစ်ခုကို ထူထောင်နိုင်ခဲ့ပါတယ်၊ ဒီအစီအစဉ်တွေကို ကျွန်တော်တို့က ပူးပေါင်းလုပ်ဆောင်နေဦးမှာဖြစ်ပေမယ့်လည်း နှစ်ဦးသား အတူတကွနဲ့ ဆက်လက်ရှိနေဖို့ကို ယုံကြည်မှုမရှိတော့ပါဘူး”

“ဒီဘဝသစ်ကို စတင်ဖို့အတွက် ကျွန်တော်တို့မိသားစုအတွက် နေရာနဲ့သီသန့် ဖြစ်နေစေဖို့ အတွက်ကိုတော့ ခွင့်ပြုပေးပါ” လို့ ထုတ်ပြန်စာထဲမှာ ပါဝင်ခဲ့ပါတယ်။ သူတို့နှစ်ဦးဟာ ၁၉၉၄ ခုနှစ်မှာ လက်ထပ်ထိမ်းမြားခဲ့ကြတာ ဖြစ်ပါတယ် ။ မီလင်ဒါက Microsoft ရဲ့ Product Manager အဖြစ်နဲ့ အလုပ်လုပ်ပြီး ၇ နှစ်အကြာမှာ လက်ထပ်ခဲ့ကြတာလည်းဖြစ်ပါတယ် ။ ကလေးသုံးဦးအထိ ရရှိခဲ့ပြီး တစ်ဦးကတော့ နိုင်ငံတော် အဆင့်မြင်းစီးသမား တစ်ဦးဖြစ်တယ်လို့လည်း သိရပါတယ်။

သူတို့တစ်ဦးချင်းစီအတွက် အမွေအဖြစ် ဒေါ်လာ ၁၀ သန်းစီ ချန်ထားပေးပြီး ကျန်ပိုင်ဆိုင်မှုအားလုံးကို ဘီလ်ဂိတ်က သူ့ရဲ့ပရဟိတလုပ်ငန်းတွေမှာ အသုံးပြုနေခဲ့ပါတယ်။ သူတို့နှစ်ဦးစတင်တွေ့ဆုံခဲ့တုန်းက Microsoft ရဲ့ ဈေးကွက်တန်ဖိုးဟာ ဒေါ်လာ ၃၅ ဘီလီယံသာရှိခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ ဒေါ်လာ ၂ ထရီလီယံအထိ မြင့်တက်နေပြီး ကမ္ဘာ့တန်ဖိုးအရှိဆုံးကုမ္ပဏီတွေထဲက တစ်ခုအဖြစ် ရပ်တည်နေပြီဖြစ်ပါတယ်။

ဘီလ်ဂိတ်ဟာ ခန့်မှန်းခြေအားဖြင့် ဒေါ်လာ ၁၂၄ ဘီလီယံကြွယ်ဝတယ်လို့ သိရပါတယ်။ လက်ရှိ ကမ္ဘာ့အချမ်းသာဆုံးစာရင်းမှာ အဆင့် ၄ နေရာမှာရှိနေပြီး မီလင်ဒါဂိတ်ကတော့ သြဇာအာဏာကြီးမားတဲ့အမျိုးသမီးစာရင်းဝင်တစ်ဦးဖြစ်ကာ ၂၀၂၀ မှာဆိုရင် အဆင့် ၅ နေရာမှာ ရှိနေခဲ့ပါတယ်။ သူတို့နှစ်ဦးတည်ထောင်ခဲ့တဲ့ ဖောင်ဒေးရှင်းဟာ ကိုရိုနာဗိုင်းရပ်စ်ကာလအတွင်း ဒေါ်လာသန်းပေါင်း ၂၅၀ အထိကို လှူဒါန်းခဲ့တယ်လို့လည်း သိရပါတယ်။Source ; therivernews

Add a Comment

Your email address will not be published. Required fields are marked *