ကိုဗစ်အကြီးအကျယ်ဖြစ်ပွားနေတဲ့ အိန္ဒိယမှာ လူတွေတင်မက ခြင်္သေ့ ၈ ကောင်အထိပါ ဗိုင်းရပ်စ်ကူးစက်ခံနေရ

ကိုဗစ်အကြီးအကျယ်ဖြစ်ပွားနေတဲ့ အိန္ဒိယမှာ လူတွေတင်မက ခြင်္သေ့ ၈ ကောင်အထိပါ ဗိုင်းရပ်စ်ကူးစက်ခံနေရ

ကိုရိုနာဗိုင်းရပ်စ် အကြီးအကျယ်ကူးစက်မှုနဲ့ ရင်ဆိုင်နေရတဲ့ အိန္ဒိယမှာ ခြင်္သေ့ ၈ ကောင် အထိလည်း ဗိုင်းရပ်စ်ကူးစက် ခံနေရတယ်ဆိုတာကို တွေ့ရှိခဲ့ရကြောင်း သိရပါတယ်။အိန္ဒိယတိရိစ္ဆာန်ရုံက ခြင်္သေ့တွေဖြစ်ပြီး တိုင်းပြည်အတွင်းမှာ ပထမဆုံးအကြိမ်အဖြစ် တိရိစ္ဆာန်တွေဆီမှာ ကူးစက်ခံရမှုကို တွေ့ရှိရတာဖြစ်နိုင်တယ်လို့လည်း ယုံကြည်ရကြောင်း ဆိုပါတယ်။

Nehru တိရိစ္ဆာန် ဥယျာဉ်က တာဝန်ရှိသူတွေရဲ့ ပြောဆိုချက်အရ ခြင်္သေ့တွေဟာ အစာစားချင်စိတ်ပျောက်ဆုံးနေပြီး ချောင်းဆိုးမှုတွေလည်းရှိနေလို့ တိရိစ္ဆာန်ရုံက ဆရာဝန်တွေက ဓာတ်ခွဲ စစ်ဆေးဖို့ ဆုံးဖြတ်ခဲ့ပြီး စစ်ဆေးရာကနေ တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။ ဟိုက်ဒရာဘတ်မှာတည်ရှိတဲ့ တိရိစ္ဆာန်ဥယျာဉ်ဖြစ်ပြီး အထီးလေးကောင် နဲ့ အမလေးကောင်းမှာ တွေ့ရှိခဲ့ရကာ စုစုပေါင်း ၁၂ ကောင်ကို စစ်ဆေးခဲ့တာလည်းဖြစ်ပါတယ်။

Nehru သတ္တဗေဒ ဥယျာဉ်မှူးနဲ့ ညွှန်ကြားရေးမှူးကတော့ သူတို့အနေနဲ့RT -PRC စစ်ဆေးမှုရလဒ် အစီရင်ခံစာတွေကို မရရှိသေးဘူးလို့ ပြောဆိုခဲ့ပြီး ခြင်္သေ့တွေမှာ ရောဂါကူးစက်မှု ရှိမရှိဆိုတာကို ငြင်းဆန်ခြင်းလည်း မရှိသလို အတည်ပြုခြင်းလည်း မရှိခဲ့ပါဘူး။ လက်ရှိမှာတော့ အဆိုပါတိရိစ္ဆာန်ဥယျာဉ်ကို မေလ ၂ ရက်နေ့ကတည်းက ပိတ်ထားတယ်လို့ သိရပြီး အိန္ဒိယမှာတော့ ခြင်္သေ့တွေကူးစက်ခံရမှုဟာ ပထမဆုံးသောကိစ္စဖြစ်တယ်လို့ ယုံကြည်ရပါတယ်။

ဒီဇင်ဘာလအတွင်းက စပိန်နိုင်ငံ၊ ဘာစီလိုနာမြို့က တိရိစ္ဆာန်ဥယျာဉ်မှာလည်း ခြင်္သေ့လေးကောင် ဗိုင်းရပ်စ်ကူးစက်ခံခဲ့ရဖူးပါတယ်။ Daily Mail ရဲ့ ဖော်ပြချက်အရဆိုရင်တော့ အိန္ဒိယခြင်္သေ့တွေကို စစ်ဆေးဖို့အတွက် တာဝန်ရှိသူတွေဟာ ဆရာဝန်တွေကို အကြံပေးခဲ့ကြပြီး ခြင်္သေ့တွေရဲ့ ပါးစပ်နောက်ပိုင်းက လည်ချောင်းအတွင်းကနေ ဓာတ်ခွဲနမူနာရယူခဲ့ပြီး The Centre for Cellular and Molecular Biology(CCMB) ကိုပေးပို့ စစ်ဆေးခဲ့တာလို့ သိရပါတယ်။ Source ; therivernews

Add a Comment

Your email address will not be published. Required fields are marked *