အိန္ဒိယမှာ ကိုဗစ်ကြောင့် တစ်နေ့တာ သေဆုံးဦးရေ ၃၇၈၀ဖြင့် စံချိန်တင်ပြန်

အိန္ဒိယမှာ ကိုဗစ်ကြောင့် တစ်နေ့တာ သေဆုံးဦးရေ ၃၇၈၀ဖြင့် စံချိန်တင်ပြန်

အိန္ဒိယနိုင်ငံမှာ ကိုဗစ် – ၁၉ ကြောင့် ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း သေဆုံးသူ ၃၇၈၀ ဦးနဲ့ စံချိန်တင် မြင့်တက် ခဲ့ကြောင်း သိရပါတယ်။ အိန္ဒိယ ဟာ အမေရိကန် ပြည်ထောင်စုပြီးရင် ပိုးတွေ့လူနာ သန်း ၂၀ ပြည့်သွားတဲ့ ဒုတိယမြောက် နိုင်ငံအဖြစ်လည်း အင်္ဂါနေ့မှာ စာရင်းဝင်ခဲ့ပြီး ဖြစ်ပါတယ်။

ကျန်းမာရေး ဝန်ကြီးဌာနရဲ့ ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ချက်အရ တစ်နေ့တာ ပိုးတွေ့လူနာသစ်မှာတော့ ၃၈၂၃၁၅ ဦး ရှိခဲ့တယ်လို့ သိရပါတယ်။ ကူးစက်မှုလွယ်ကူမြင့်မားတဲ့ အိန္ဒိယ ကိုရိုနာ ဗိုင်းရပ်စ်မျိုးကွဲ ကူးစက်မှုတွေ မြင့်တက်နေတကြောင့် ဆေးရုံတွေ လူနာကုတင် ပြည့်သွားခြင်း၊ အောက်ဆီဂျင်၊ အလောင်းထား ရေခဲတိုက်တွေနဲ့ မီးသဂြိုလ်ဌာနတွေ မနိုင်မနင်းဖြစ်ခြင်းတို့ ကြုံတွေ့နေခဲ့ပါတယ်။

ဆေးရုံကုတင် သို့မဟုတ် အောက်ဆီဂျင် ရဖို့ စောင့်ရင်း လူနာတင်ယာဉ်ပေါ်မှာပဲ သေဆုံးခဲ့ကြရတဲ့ လူနာများစွာ ရှိနေပါတယ်။ ဗုဒ္ဓဟူး နေ့ မှာတော့ အောက်ဆီဂျင် ဘူးတွေတင်လာတဲ့ အမြန် ရထားနှစ်စီး မြို့တော်ဒေလီ ဆိုက်ရောက်ပြီဖြစ်ကြောင်း မီးရထားဝန်ကြီး ပီယပ်ရှ် ဂိုယာက တွစ်တာမှာ ပြောဆိုပါတယ်။ ဒါ့အပြင် အောက်ဆီဂျင်ဘူးတင် ရထား၂၅ စီးကျော် ခန့်ဟာလည်း အိန္ဒိယရဲ့ အခြားဒေသတွေကို ပို့ဆောင်ပေးခဲ့ကြောင်း ဆိုပါတယ်။

အိန္ဒိယ အစိုးရကတော့ အောက်ဆီဂျင် လုံလောက်စွာရှိပါကြောင်း သို့ပေမယ့် သယ်ယူ ပို့ဆောင်ရေး အခက် အခဲကြောင့် ဖြန့်ဝေပေးမှုမှာ အဟန့်အတားဖြစ်ရကြောင်း ဆိုခဲ့ပါတယ်။ အိန္ဒိယနိုင်ငံမှာ အခုလို ပိုကူးစက်မှုတွေ အလွန်အမင်း မြင့်တက်နေ ချိန်ဟာ ထောက်ပံ့မှုနဲ့ ပို့ဆောင်ရေး ပြဿနာ တွေကြောင့် ကိုဗစ် ကာကွယ်ဆေး ထိုးနှံမှု ကျဆင်းသွားချိန်နဲ့ တိုက်ဆိုင်နေခဲ့ပါတယ်။Sourcr ; CNA

Add a Comment

Your email address will not be published. Required fields are marked *