နိုင်ငံ၅နိုင်ငံမှ အောက်ဆီဂျင်စက် ၂,၇၀၀ကျော် တင်ဆောင်ကာအိန္ဒိယသို့ အင်ဒီဂိုလေကြောင်းလိုင်းပို့ဆောင်

နိုင်ငံ၅နိုင်ငံမှ အောက်ဆီဂျင်စက် ၂,၇၀၀ ကျော်တင်ဆောင်ကာ အိန္ဒိယသို့ အင်ဒီဂိုလေကြောင်းလိုင်း ပို့ဆောင်

အင်ဒီဂို လေကြောင်းလိုင်းဟာ ကိုဗစ်ဒုတိယလှိုင်းကို ခံစားနေရသော အိန္ဒိယနိုင်ငံသို့ ထိုင်း၊ တရုတ်၊ ကာတာ ၊ ဟောင်ကောင် နှင့် စင်ကာပူတို့မှ အောက်စီဂျင်ပေးစက် ၂,၇၁၇ လုံးကို သယ်ဆောင်ကာ ပျံသန်းခဲ့ကြောင်း ယနေ့ ထုတ်ပြန်ခဲ့သည်။

အိန္ဒိယနိုင်ငံတွင်းနှင့် နိုင်ငံပြင်ပမှ ပို့ဆောင်သော အောက်စီဂျင် ပေးစက် စုစု ပေါင်း ၄,၁၄၂ လုံး၊ အလေးချိန်အားဖြင့် ၇၂,၄၆၁ ကီလိုဂရမ်ကို ပို့ဆောင် ပေးပြီး ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက် အရ သိရသည်။

“ ထိုင်း၊ တရုတ်၊ ကာတာ၊ ဟောင်ကောင် နှင့် စင်ကာပူတို့က အောက်ဆီဂျင်ပေးစက် ၂,၇၁၇ လုံးကို အိန္ဒိယသို့ ပို့ဆောင်ပေးခဲ့သလို နိုင်ငံတွင်း ပို့ဆောင်မှုအနေဖြင့် အောက်ဆီဂျင်ပေးစက် ၁,၄၂၅ လုံးတို့ကို လေဆိပ် ၃၆ခု တို့မှ ပို့ဆောင်ပေးခဲ့သည် ” ဟု အင်ဒီဂို လေကြောင်းလိုင်း၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အိန္ဒိယသည် ကိုဗစ်-၁၉ ဒုတိယလှိုင်းကို အပြင်းအထန် ခံစားနေရပြီး ပြည်နယ် အများအပြားရှိ ဆေးရုံများတွင် အောက်စီဂျင်၊ ဆေးဝါး၊ ကုသရေးအသုံးအဆောင်များနှင့် လူနာကုတင်များ အသည်းအထန် လိုအပ်လျှက် ရှိနေသည်။

အိန္ဒိယတွင် ယမန်နေ့၂၄နာရီအတွင်း ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၃,၇ ၈၀ ဦး တိုးလာသောကြောင့် ကိုဗစ် -၁၉ ကြောင့် သေဆုံးသူ စုစုပေါင်းမှာ ၂၂၆,၁၈၈ ဦး ရှိလာသည်။ ရောဂါပိုးတွေ့ရှိသူ လူနာအသစ်မှာလည်း၃၈၂, ၃၁၅ ဦး ထပ်မံတိုးလာကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်ထားသည်။ အိန္ဒိယနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်လူနာ စုစုပေါင်း ၂၀,၆ ၆၅,၁၄၈ ဦးအထိ ရှိနေပြီ ဖြစ်သည်။ Source: Hindustan Times

Add a Comment

Your email address will not be published. Required fields are marked *