သရက်သီးမှည့်ကို ပုံမှန်စားရင် ရရှိနိုင်တဲ့ အကျိုးကျေးဇူးများ

သရက်သီးမှည့်ကို ပုံမှန်စားရင် ရရှိနိုင်တဲ့ အကျိုးကျေးဇူးများ

သရက်သီးမှည့်ကို ပုံမှန်စားရင် ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေကတော့ အများကြီးပါ အဲ့ဒီအထဲက အဓိကကျတဲ့ အချက်တွေအနေနဲ့ပြောရရင်

(၁) အသားအရေ စိုပြေချောမော လှပစေခြင်း

ပါဝင်တဲ့ကယ်ရိုတီးနွိုက်တွေကြောင့် ဗီတာမင်အေတွေ လုံလောက်စွာရလို့ အရေပြားမှာ ဖြစ်လေ့ရှိတဲ့ ကြာဆူးလိုမျိုး အဖုတွေမဖြစ်အောင် ကာကွယ်ပေးပါတယ် ။ နေရောင်ခြည်ကြောင့် အရေပြားခြောက်သွေ့တာ ၊ အရေပြားတွန့်တာ၊ ပါးရေတွန့်တာတွေကို လျော့နည်းစေပါတယ်.. အရေပြားမှာဖြစ်လေ့ရှိတဲ့ တင်းတိတ်၊ မှဲ့ခြောက်၊ ဝက်ခြံအစရှိတာတွေကိုလည်း ကာကွယ်ပေးပါတယ် .. ဖြစ်နေတဲ့ သူတွေဆိုရင်လည်း သရက်သီးပုံမှန်စားရင် သက်သာပျောက်ကင်းစေပါတယ်..

(၂) မျက်စိအမြင်အာရုံ ကောင်းစေခြင်း

မျက်စိအမြင်အာရုံကောင်းဖို့ ဗီတာမင်အေ အဓိက လိုအပ်ပါတယ် ။ သရက်သီးမှာပါဝင်တဲ့ ဘီတာကယ်ရိုတင်းနဲ့ အယ်ဖာကယ်ရိုတင်းတွေဟာ ခန္ဓာကိုယ်ထဲမှာ အသည်းကနေ ဗီတာမင်အေအဖြစ် ပြောင်းလဲပေးနိုင်ပါတယ်.. ဒါ့အပြင် မျက်စိထဲကိုဝင်လာတဲ့ ခရမ်းလွန်ရောင်ခြည်ဒဏ်ကို ကာကွယ်ပေးတဲ့ လူတင်း (Lutein) နဲ့ ဇီဇန်သင်း (Zeaxanthin) ဓာတ်တွေကြောင့် မျက်စိထိခိုက်မှုကနေ ကာကွယ်ပေးပါတယ်.. အသက်ကြီးရင် လူအများစုဖြစ်လေ့ရှိတဲ့ (Age-related Macular Degeneration) လို့ခေါ်တဲ့ အာရုံထိခိုက်ပျက်စီးခြင်းကိုလည်း ကာကွယ်ပေးပါတယ်..

(၃) ဝမ်းမှန်စေခြင်း

သရက်သီးမှာ အမျှင်ဓာတ်တွေ ကြွယ်ဝစွာပါဝင်တဲ့အပြင် ပါဝင်တဲ့အော်ဂဲနစ်အက်ဆစ်တွေဖြစ်တဲ့ ဂေါလစ်အက်ဆစ်နဲ့ ကဖီးရစ်အက်ဆစ်တွေဟာ ၀မ်းနူးစေဖို့အထောက်အကူပြုပါတယ်.. ဒါကြောင့် ဝမ်းမှန်စေပါတယ်.. ဝမ်းချုပ်တတ်သူတွေအနေနဲ့ သရက်သီးကို တစ်နေ့ ၁ လုံး ပုံမှန်စားပေးရင် ၀မ်းမှန်လာစေမှာဖြစ်ပါတယ်.. ဝမ်းနှုတ်ဆေးတွေသောက်မယ့်အစား သရက်သီးပုံမှန်စားတာဟာ ကျန်းမာရေးအတွက်ပိုကောင်းပါတယ်.. ဝမ်းမှန်မှန်သွားတဲ့အတွက် ဝမ်းချုပ်ရင်ဖြစ်တတ်တဲ့ လိပ်ခေါင်းရောဂါအပါအဝင် အူမကြီးကင်ဆာမဖြစ်ပွားအောင် ကာကွယ်ပေးရာလည်းရောက်ပါတယ်..

(၄) ခန္ဓာကိုယ်ကို အယ်ကာလိုင်းဓာတ်ရစေခြင်း

ပါဝင်တဲ့အော်ဂဲနစ်အက်ဆစ်တွေဖြစ်တဲ့ တားထရစ်အက်ဆစ် (Tartaric acid) မဲလစ်အက်ဆစ် (Malic acid) နဲ့ ဗီတာမင် စီတွေဟာ ခန္ဓာကိုယ်ရဲ့ pH ကို အယ်ကာလိုင်းဖြစ်စေပါတယ်.. ဒါကြောင့် အက်ဆစ်ဓာတ်လျော့နည်းစေတဲ့အတွက် အက်ဆစ်ဓာတ်ကြောင့်ဖြစ်တဲ့ ရောဂါတွေဖြစ်တဲ့ အဆစ်အမျက်ကိုက်ခဲတာ၊ ကျောက်ကပ်မှာကျောက်တည်တာ၊ သွေးကြောတွေပျက်စီးတာတွေကို ကာကွယ်ပေးပါတယ်..

(၅) ကင်ဆာရောဂါတွေကနေ ကာကွယ်ပေးခြင်း

သရက်သီးဟာ အင်တီအောက်စီဒင့်ကြွယ်ဝတဲ့ သစ်သီးတစ်မျိုးဖြစ်ပါတယ်.. သူ့မှာပါဝင်တဲ့ ဗီတာမင်စီ၊ ကွာစီတင်(Quercetin)၊ အက်စ်ထရာဂလင်း (Astragalin)၊ ဖစ်စီတင် (Fisetin) နဲ့ ဂေါလစ်အက်ဆစ် (Gallic acid) တွေဟာ ကင်ဆာရောဂါတချို့ကို ကာကွယ်ပေးနိုင်ပါတယ်.. အထူးသဖြင့် အူမကြီးကင်ဆာ၊ ရင်သားကင်ဆာ၊ ဆီးကျိတ်ကင်ဆာနဲ့ သွေးကင်ဆာတွေကို ကာကွယ်ပေးနိုင်ကြောင်း သုတေသနစာတမ်းတွေက ဆိုပါတယ်..

(၆) သွေးတွင်းရှိ အဆီကျစေခြင်း

သရက်သီးမှာ ပါဝင်တဲ့ ဗီတာမင်စီ၊ ပက်တင် (pectin) နဲ့ အမျှင်ဓာတ်တွေဟာ ခန္ဓာကိုယ်တွင်းကို မကောင်းတဲ့အဆီတွေ ဝင်မလာအောင် ဟန့် တားပေးခြင်း၊ သွေးထဲရှိ မကောင်းတဲ့အဆီဓာတ် (LDL) တွေကို လျော့နည်းစေခြင်း၊ သွေးကြောနံရံမှာ အဆီတွေစုပုံမလာအောင် ပြုလုပ်ပေးခြင်းတို့ကို လုပ်ဆောင်ပေးပါတယ်.. ဒါကြောင့် သွေးတွင်းအဆီကျရုံမက ခန္ဓာကိုယ်အလေးချိန် လျှော့ချလိုသူများ အတွက်ပါ အသုံးဝင်ပါတယ်..

(၇) ခန္ဓာကိုယ် ခုခံအားစနစ်ကို တက်စေခြင်း

အဓိကပါဝင်တဲ့ ကယ်ရိုတီနွိုက်တွေနဲ့ ဗီတာမင် ကစလို့ ကျန်တဲ့အနည်းငယ်စီပါဝင်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေကြောင့် ခန္ဓာကိုယ်ခုခံအားစနစ်ကို တိုးတက်ကောင်း မွန်စေပါတယ်.. ခရမ်းလွန်ရောင်ခြည်ဟာ ခုခံအားစနစ်ကို ကျဆင်းစေပါတယ်.. ကယ်ရိုတီနွိုက်တွေဟာ ခရမ်းလွန်ရောင်ခြည် ခန္ဓာကိုယ်ထဲကို ထိုးဖောက်မဝင်ရောင်အောင် ကာကွယ်ရာမှာ အစွမ်းအထက်ဆုံးဖြစ်ပါတယ်။ crd ; Dr.Khin Maung Lwin

Add a Comment

Your email address will not be published. Required fields are marked *