အန္တရယ်တွေကြားမှာ ခါးကုန်းကုန်းနဲ့ မုန့်ဖက်ထုပ်တောင်းကြီးကိုထမ်းပြီး နေပူပူမိုးရွာရွာ ခြေတိုအောင် လျှောက်ရောင်းနေရတဲ့ အဘိုးတစ်ဦး

အန္တရယ်တွေကြားမှာ ခါးကုန်းကုန်းနဲ့ မုန့်ဖက်ထုပ် တောင်းကြီးကိုထမ်းပြီး နေပူပူ မိုးရွာရွာ ခြေတိုအောင် လျှောက်ရောင်းနေရတဲ့ အဘိုးတစ်ဦး

အခုချိန်မှာဆိုရင် စီးပွါးရေးတွေ ပုံမှန်ပြန်မလည် ပတ်ကြသေးပေမယ့် ပြည်သူ တွေကတော့ စုဆောင်း ထားတာ လေးတွေနဲ့သာ စားသောက်နေထိုင်ပြီး အလှူ အတန်းတွေလည်း လုပ်ဆောင်နေကြတာ ဖြစ်ပါတယ် ။

လက်လုပ် လက်စား ပြည်သူတွေကတော့ တစ်နေ့တာ စားဝတ်နေရေး အဆင်ပြေ ဖို့အတွက် အန္တရာယ်တွေ ကြားထဲကနေ လမ်းပေါ်ထွက်ပြီး ဈေးရောင်း နေကြတာ ဖြစ်ပါတယ်။

အခု ဆိုရင်လည်း အဘိုးတစ်ဦးက ဟိုးအရင် အချိန်ကတည်းက ရပ်ကွက်တွေထဲပတ်ပြီး မုန့်ဖက်ထုပ်ရောင်းကာ ဝမ်းရေး အတွက် ရှာဖွေနေတာ ဖြစ်ပါတယ်။ အဲ့ဒီအဘိုးက အန္တရာယ် များနေတဲ့ ဒီကာလ မှာတောင် တောင်းကြီးထမ်းပြီး မုန့်ဖက်ထုပ် ရောင်းချနေဆဲ ဖြစ်ပါတယ် ။

ပင်ပင် ပန်းပန်းနဲ့ ရုန်းကန်နေရတဲ့ အဘိုးကို ပြည်သူတစ်ဦးက တွေ့မြင်ပြီးအရမ်း ကိုယ်ချင်းစာလို့ ကူညီ ပေးဖို့အတွက် လူမှု ကွန်ယက် စာမျက်နှာပေါ်မှာ တင်လာတာ ဖြစ်ပါတယ် ။

အဘိုးမှာ ဇနီးနဲ့မြေးလေးတွေ လည်းရှိပြီး တစ်မိ သားစုလုံးက မုန့်ဖက်ထုပ်ရောင်းကြတယ်လို့ သိရပါတယ် ။ အဘိုးတို့ တစ်မိသားစုလုံးက အရမ်းခက်ခဲနေပေမယ့်လည်း ဘယ်သူ့ကိုမှ အကူအညီ မတောင်းဘဲ ကိုယ့်အား ကိုယ်ကိုး နေကြတာ ဖြစ်ပါတယ်။

စေတနာရှင် ပြည်သူကတော့ အဘိုးကို လစဉ်ထောက်ပံ့ ပေးဖို့ စီစဉ်ထားပြီး လူနည်းစုနဲ့ဆိုရင် အများကြီး မတတ်နိုင်တာကြောင့်”၂၀၀ လှူနိုင်လည်း ၂၀၀ လှူနိုင်သလို ၁၀၀၀ လှူနိုင်လည်း ၁၀၀၀ လှူလို့ရပါတယ် ”ဆိုပြီး တိုက်တွန်းနှိုးဆော် လာတာဖြစ်ပါတယ်။

အဘိုးခမျာ ခါးကုန်းကုန်းနဲ့ မုန့်ဖက်ထုပ် တောင်းကြီးထမ်းပြီး နေပူပူ ၊ မိုးရွာရွာ လျှောက်ရောင်း နေရတာဖြစ်လို့ ပြည်သူတွေလည်း ကူညီချင်တယ် ဆိုရင် (Hands For Hands Page) ကို ဆက်သွယ် လှူဒါန်းနိုင်ကြောင်း ပြန်လည်မျှဝေ ပေးလိုက် ပါရစေ။ crd

Add a Comment

Your email address will not be published. Required fields are marked *