သတို့သားက အလီတောင် မရွတ်တတ်လို့ မင်္ဂလာပွဲဖျက်ပစ်ခဲ့တဲ့ အိန္ဒိယအမျိုးသမီး

သတို့သားက အလီတောင်မရွတ်တတ်လို့ မင်္ဂလာပွဲဖျက်ပစ်ခဲ့တဲ့ အိန္ဒိယအမျိုးသမီး

အိန္ဒိယနိုင်ငံ ၊ Uttar Pradesh ပြည်နယ်က အမျိုးသမီးတစ်ဦးဟာ သူမနဲ့ လက်ထပ်မယ့် သတို့ သားလောင်းဟာ အလီရွတ်ဆိုမှုကို အာဂုံဆောင်နိုင်ခြင်း မရှိတာကြောင့် မင်္ဂလာပွဲကို ဖျက်သိမ်းခဲ့တယ်လို့ သိရပါတယ်။ မင်္ဂလာဆောင် အခမ်းအနား ကျင်းပနေစဉ် ရိုးရာဓလေ့ ထုံးတမ်းတွေ အရ ပန်းကုံးတွေ လဲလှယ်ပြီး အသိ အမှတ်ပြု ၊ အထမြောက်ခြင်း မတိုင်ခင်မှာသတို့သားလောင်းရဲ့ ပညာ အရည်အချင်း အပေါ် သံသယရှိနေခဲ့တယ်လို့ ဆိုပါတယ်။

ဒီအတွက်ကြောင့် အလီရွတ်ဆိုခိုင်းကာ စမ်းသပ်ခဲ့ပြီး ကံဆိုးစွာနဲ့ပဲ သတို့သား လောင်းဟာ ကောင်းကောင်းရွတ်ဆို နိုင်ခဲ့ခြင်းမရှိဘဲ သတို့ သမီးရဲ့ အထင်သေးမှုကိုသာ ရရှိသွားခဲ့ ပါတယ်။ ဒီနောက်မှာတော့ အမျိုးသမီးဘက်က မင်္ဂလာပွဲကိုဖျက်သိမ်းဖို့အတွက် တောင်းဆိုခဲ့ကြောင်းshethepeople.tv က ဖော်ပြခဲ့ပါတယ်။

မေလ ၁ ရက်နေ့က ပြုလုပ်ခဲ့တဲ့ မင်္ဂလာဆောင်ကို တက်ရောက်လာခဲ့တဲ့ မိ သားစုဝင်တွေ နဲ့ ရွာသူရွာသားတွေက အခမ်းအနားကို ဆက်လက်ကျင်းပဖို့အတွက် ၀ိုင်းဝန်းတောင်းဆို ခဲ့ကြပါတယ်။ ဒါပေမယ့်လည်း သတို့သမီးကတော့ သူမအနေနဲ့ သချာင်္ရဲ့ အခြေခံအကျဆုံး ကိန်းစဉ်တွေကိုတောင် မသိတဲ့သူတစ်ဦးကို လက်မထပ်ချင်ဘူးလို့ ငြင်းဆို ခဲ့ပါတယ်။

သတို့သမီးရဲ့ ညီမဝမ်းကွဲဖြစ်သူကလည်း သူတို့အနေနဲ့ သတို့သားဟာ ပညာမတတ်ဘူး ဆိုတာကို သိရချိန်မှာ အံ့သြတုန်လှုပ်မိခဲ့တယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ” သတို့သား မိသားစုက သူ့ရဲ့ပညာရေးနဲ့ပတ်သက်ပြီး ဘာမှမပြောခဲ့ပါဘူး၊ သူကကျောင်းတောင်မှ မတက်ဖူးဘူး၊ သူတို့မိသားစုက ကျွန်မတို့ကို လိမ်လည်ခဲ့တာပါ၊ ဒါပေမယ့်လည်း ကျွန်မရဲ့ ရဲရင့်တဲ့ အစ်မကတော့ လူမှုရေး တားမြစ်ချက်တွေကို ဂရုမစိုက်ဘဲ ပွဲဖျက်ခဲ့ပါတယ် ” လို့ ပြောဆိုခဲ့ပါတယ်။

ရွာသူ ရွာသားတွေရဲ့ ၀ိုင်းဝန်း ဖျန်ဖြေမှုနဲ့အတူ နှစ်ဖက်မိသားစုရဲ့ သဘောတူညီချက်အရ လက်ဖွဲ့နဲ့ လက်ဝတ် ရတနာတွေကို ပြန်လည်ပေးဖို့ သဘောတူညီမှု ရခဲ့တာကြောင့်လည်း ရဲစခန်းအထိ သွားရောက်ဖြေရှင်းစရာ မလိုခဲ့ဘူးလို့ သိရပါတယ်။ Source ; therivernews

Add a Comment

Your email address will not be published. Required fields are marked *