နိုင္ငံေက်ာ္အဆိုေတာ္ ေမသက္ထားေဆြ ျမင့္ျမတ္သည့္ သာသနာ့ႏြယ္ဝင္ သီလရွင္အျဖစ္သို့ ရာသက္ပန္ အၿပီးတိုင္ဝင္ေရာက္သြား

နိုင္ငံေက်ာ္အဆိုေတာ္ ေမသက္ထားေဆြ ျမင့္ျမတ္သည့္ သာသနာ့ ႏြယ္ဝင္ သီလရွင္အျဖစ္သို့ ရာသက္ပန္အၿပီးတိုင္ ဝင္ေရာက္သြား

စြန႔္လႊတ္ျပတ္သားသည့္ ကုသိုလ္ စိတ္အား သူမ၏ခ်စ္ေသာ ပရိတ္သတ္မ်ားနဲ႔ ဓမၼ မိတ္ေဆြမ်ား၊ ေဗာဓိဟိတကာရီ သာသနာျပဳ အဖြဲ႕ဝင္မ်ား အံ့ဩ ဝမ္းေျမာက္ သာဓုေခၚဆို နိုင္ၾကပါေစ ။ ( ဆရာေလး၏ စြန႔္လႊတ္ျပတ္သားသည့္ ကုသိုလ္စိတ္အား ထပ္ဆင့္မၽွေဝ ကုသိုလ္ယူၾကပါ)

ေဗာဓိရိပ္ၿငိမ္ေတာရ ဆရာေတာ္ႀကီး၏ ေမတၱာရိပ္ဝယ္ အဓိဌာန္တစ္ခု(၉)ရက္ျပဳက်င့္၍ ျပည့္ဝခဲ့ၿပီး ခိုင္မာျပတ္သား၍ ေလာကီေက်ာ္ၾကား ဂုဏ္ပကာသနမ်ားစြာကို စြန႔္လြတ္စိတ္ အျပည့္ျဖင့္ စြန႔္လႊတ္ၿပီး လူ႔ဘဝမွ ျမင့္ျမတ္သည့္သီ လရွင္ဘဝကို ရာသက္ပန္ ဝတ္ရန္ သႏၷိဌာန္ခ်၍ တရားဘာဝနာ အားထုတ္၍ ႀကိဳးပမ္းမွုအား မယုံၾကည္ နိုင္ေလာက္ေအာင္ အံ့ဩမိ ပါတယ္။

ေဗာဓိရိပ္ၿငိမ္ေတာရ ဆရာေတာ္ႀကီး၏အဆုံးအမ

လွမ္းေတာ့နန္းဆီ အိုေယာဂီ

တစ္ေနဝင္ တစ္ေနထြက္ရယ္ျဖင့္

မေသခင္ အေႂကြဆက္ပါလို့

ေသရက္ကိုတဲ့ နီးခဲ့ပါၿပီ။

ေမွာင္တဏွာ ေဖာ္အမ်ားေတြနဲ႔

ေရွာင္မခြာ ေသသြားရင္ျဖင့္

ေနာင္အခါလားလိမ့္ အပါယ္ဆီ။

ႏွိပ္စက္ခံ ႐ုပ္နာမ္တရားကိုလည္

ခ်ိတ္ဆက္ဉာဏ္ ျဖစ္ပ်က္ပြားလၽွင္ျဖင့္

နိဗၺာန္တံခါး ပြင့္ေတာ့မည္။

ျဖစ္ပ်က္ျမင္လမ္း နိဗၺာန္နန္း

လွမ္းဖို့သင့္ၿပီ အိုေယာဂီ။

ဆရာေလး ေသာမာေထရီ

သူမ မ်က္ႏွာၾကည္လင္ပ၍ ေသာ္တာ စန္းလ လျပည့္ညသို့ ေအးျမၾကည္ရွိေနတာေၾကာင့္ ေသာမာေထရီ ဘိကၡဳနီဟု ဘြဲ႕မည္နာမ ေပးရသည္ဟု မိမိထင္မိပါတယ္။ ဆရာေလးသည္ ယခု ေန႔စဥ္ တစ္ေန႔တရား ၆ ႀကိမ္ (၁၀) နာရီခန႔္ တရားဘာဝနာပြားမ်ား အားထုတ္ေနပါတယ္။

ေနာက္ပိုင္း ပရိယတၱိ စာေပသင္ယူၿပီး သီလရွင္ဘ၀နဲ႔ လူ‌ေတြ ၿငိမ္းေအးေၾကာင္းတရားေတြ မၽွေဝေဟာၾကားမည့္ဟု ရည္မွန္းထားသည္ဟု သိရ၍ ေအာင္ျမင္ေက်ာ္ၾကား လူသိမ်ား၍ ဝင္ေငြေကာင္းသည့္ ေလာကီ ေအာင္ျမင္ေနသူ တစ္ေယာက္၏ စြန္လႊတ္ျပတ္သားသည့္ ဆုံးျဖတ္ခ်က္ကို ၾကက္သီးထေလာက္ ေအာင္အံ့ဩ၀မ္းသာမိၾကပါ၏။

ဆရာေလး ေသာမာေထရီ (ခ) ေမသက္ထားေဆြ တရားထူး တရားျမတ္ရရွိပါေစ ။ စြန႔္၍လည္း စြမ္းပါေစ ၊ ျငိမ္းေအးပါေစ။ ဆရာေလး ထာဝစဥ္ေအးခ်မ္းပါေစ … မတၱာျဖင့္ ေအာင္ဘိုဘို ( ဆုလာဘ္ပိုင္ ) Crd

Unicode … နိုင်ငံကျော်အဆိုတော် မေသက်ထားဆွေ မြင့်မြတ်သည့် သာသနာ့ နွယ်ဝင် သီလရှင်အဖြစ်သို့ ရာသက်ပန်အပြီးတိုင် ဝင်ရောက်သွား

စွန့်လွှတ်ပြတ်သားသည့် ကုသိုလ် စိတ်အား သူမ၏ချစ်သော ပရိတ်သတ်များနဲ့ ဓမ္မ မိတ်ဆွေများ၊ ဗောဓိဟိတကာရီသာသနာပြု အဖွဲ့ဝင်များ အံ့ဩ ဝမ်းမြောက် သာဓုခေါ်ဆို နိုင်ကြပါစေ ။ ( ဆရာလေး၏ စွန့်လွှတ်ပြတ်သားသည့် ကုသိုလ်စိတ်အား ထပ်ဆင့်မျှဝေ ကုသိုလ်ယူကြပါ)

ဗောဓိရိပ်ငြိမ်တောရ ဆရာတော်ကြီး၏ မေတ္တာရိပ်ဝယ် အဓိဌာန်တစ်ခု(၉)ရက်ပြုကျင့်၍ ပြည့်ဝခဲ့ပြီး ခိုင်မာပြတ်သား၍ လောကီကျော်ကြား ဂုဏ်ပကာသနများစွာကို စွန့်လွတ်စိတ် အပြည့်ဖြင့် စွန့်လွှတ်ပြီး လူ့ဘဝမှ မြင့်မြတ်သည့်သီ လရှင်ဘဝကို ရာသက်ပန် ဝတ်ရန် သန္နိဌာန်ချ၍ တရားဘာဝနာ အားထုတ်၍ ကြိုးပမ်းမှုအား မယုံကြည် နိုင်လောက်အောင် အံ့ဩမိ ပါတယ်။

ဗောဓိရိပ်ငြိမ်တောရ ဆရာတော်ကြီး၏အဆုံးအမ

လှမ်းတော့နန်းဆီ အိုယောဂီ

တစ်နေဝင် တစ်နေထွက်ရယ်ဖြင့်

မသေခင် အကြွေဆက်ပါလို့

သေရက်ကိုတဲ့ နီးခဲ့ပါပြီ။

မှောင်တဏှာ ဖော်အများတွေနဲ့

ရှောင်မခွာ သေသွားရင်ဖြင့်

နောင်အခါလားလိမ့် အပါယ်ဆီ။

နှိပ်စက်ခံ ရုပ်နာမ်တရားကိုလည်

ချိတ်ဆက်ဉာဏ် ဖြစ်ပျက်ပွားလျှင်ဖြင့်

နိဗ္ဗာန်တံခါး ပွင့်တော့မည်။

ဖြစ်ပျက်မြင်လမ်း နိဗ္ဗာန်နန်း

လှမ်းဖို့သင့်ပြီ အိုယောဂီ။

ဆရာလေး သောမာထေရီ

သူမ မျက်နှာကြည်လင်ပ၍ သော်တာ စန်းလ လပြည့်ညသို့ အေးမြကြည်ရှိနေတာကြောင့် သောမာထေရီ ဘိက္ခုနီဟု ဘွဲ့မည်နာမ ပေးရသည်ဟု မိမိထင်မိပါတယ်။ ဆရာလေးသည် ယခု နေ့စဉ် တစ်နေ့တရား ၆ ကြိမ် (၁၀) နာရီခန့် တရားဘာဝနာပွားများ အားထုတ်နေပါတယ်။

နောက်ပိုင်း ပရိယတ္တိ စာပေသင်ယူပြီး သီလရှင်ဘဝနဲ့ လူ‌တွေ ငြိမ်းအေးကြောင်းတရားတွေ မျှဝေဟောကြားမည့်ဟု ရည်မှန်းထားသည်ဟု သိရ၍ အောင်မြင်ကျော်ကြား လူသိများ၍ ဝင်ငွေကောင်းသည့် လောကီ အောင်မြင်နေသူ တစ်ယောက်၏ စွန်လွှတ်ပြတ်သားသည့် ဆုံးဖြတ်ချက်ကို ကြက်သီးထလောက် အောင် အံ့ဩဝမ်းသာမိကြပါ၏။

ဆရာလေး သောမာထေရီ (ခ) မေသက်ထားဆွေ တရားထူး တရားမြတ်ရရှိပါစေ ။ စွန့်၍လည်း စွမ်းပါစေ ၊ ငြိမ်းအေးပါစေ။ ဆရာလေး ထာဝစဉ်အေးချမ်းပါစေ … မတ္တာဖြင့် အောင်ဘိုဘို ( ဆုလာဘ်ပိုင် ) Crd

Add a Comment

Your email address will not be published. Required fields are marked *