မိန်းမ ၁၆ ယောက်ယူထားပြီး ဘာအလုပ်မှ လုပ်စရာမလိုဘဲ တစ်ညကို ၄ယောက်နှုန်းနဲ့ အိပ်ပေးနေရတဲ့ ဇင်ဘာဘွေ အမျိုးသား

မိန်းမ ၁၆ ယောက်ယူထားပြီး ဘာအလုပ်မှလုပ်စရာမလိုဘဲ တစ်ညကို ၄ ယောက်နှုန်းနဲ့ အိပ်ပေးနေရတဲ့ ဇင်ဘာဘွေအမျိုးသား

ကလေး ၁၅၁ ဦးရဲ့ဖခင်ဖြစ်သူက သူ့အနေနဲ့ အလုပ် လုပ်စရာမလိုဘဲ ဇနီးသည် ၁၆ ဦးကို စိတ်ကျေနပ်မှု ရရှိအောင်သာ အချိန်ပြည့်လုပ်ပေးဖို့သာ လိုအပ်တယ်လို့ ပြောဆိုလိုက်ပါတယ်။ အသက် ၆၆ နှစ်အရွယ် Misheck Nyandoro က ညတိုင်း ညတိုင်းမှာ ဇနီးသည် လေးဦးနဲ့ အိပ်စက်ရတယ်လို့ ပြောဆိုခဲ့ပြီး ၁၇ဦးမြောက်နဲ့ လက်ထပ်ဖို့လည်း အသင့်ဖြစ်နေပြီလို့ ဆိုပါတယ်

ဇင်ဘာဘွေ စစ်မှူးထမ်းဟောင်း တစ်ဦးလည်းဖြစ်တဲ့ Nyandoro ဟာ မိန်းမတစ်ယောက်ထက် မကယူတဲ့ ဓလေ့ကို သူ့အသက် ၃၈ နှစ်မှာ စတင် ခဲ့တာဖြစ်တယ်လို့ ဒေသတွင်းသတင်းစာ The Herald ကို ပြောဆိုခဲ့ပြီး ” ကျွန်တော့် စီမံကိန်းက ပြီးပြည့်စုံ နေပါပြီ ” လို့လည်း ဆိုခဲ့ကြောင်း Metro သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

” ဒီလို မိန်းမအများကြီး ယူဖို့စီမံကိန်းကို ၁၉၈၃ မှာ စတင် ခဲ့တာဖြစ်ပြီးတော့ သေခြင်းတရားက ကျွန်တော့်ကို မရပ် တန့်မချင်း ကျွန်တော်ဆက်လုပ်သွားမှာပါ ” လို့ သူက ဆိုပါတယ်။ သူ့အနေနဲ့ နောက်ထပ်သာ စီမံနိုင်မယ်ဆိုရင် မိန်းမအယောက် ၁ဝဝ အထိ ယူပြီး ကလေးပေါင်း ၁၀၀၀ အထိ မွေးဖွားဖို့ ရည်ရွယ် ထားကြောင်းလည်း သူက ပြောခဲ့ပါတယ်။

ဇနီးသည် တွေများပြားလွန်းတဲ့အတွက် Nyandoro ဟာ ဘယ်သူတွေနဲ့ အိပ်စက်ရမလဲဆိုတာကို အချိန်ဇယားတစ်ခုရေးဆွဲထားတယ်လို့ သိရပြီး “ကျွန်တော့် အချိန်ဇယားအတိုင်း လုပ်ထားတဲ့ အိပ်ခန်းကိုသွားတယ်၊ အဲဒီနောက် ကျွန်တော့်ဇနီး စိတ်ကျေနပ်မှု ရဖို့အတွက် ဖန်တီးပေးပြီးရင် နောက်အခန်းကို ပြောင်းပါတယ်၊ အဲဒါက ကျွန်တော့်အလုပ်ပဲ၊ တခြားအလုပ် ကျွန်တော့်မှာမရှိဘူး၊ ကျွန်တော့်ဇနီးတစ်ဦးချင်းစီရဲ့ အသက်နဲ့လိုက်ဖက်ညီမယ့် အပြုအမူတွေကို ကျွန်တော်ပြောင်းလဲပါတယ် ” လို့ သူက ထပ်ပြောပါတယ်။

ကလေး ၁၅၀ ဦးအထိ မွေးဖွားထားပေမယ့်လည်း ငွေရေးကြေးရေး အဆင်မပြေတာမျိုး မရှိဘူးလို့ သူက ပြောဆိုခဲ့ပြီး ကြီးမားတဲ့ မိသားစုကြီးရှိတာက အကျိုးကျေးဇူး ရှိတယ်လို့လည်း ဆိုပါတယ်။ “ကျွန်တော့်ကလေးတွေက ကျွန်တော့်ကိုတောင် ဖျက်ဆီးနေကြတာ၊ သူတို့ဆီကနေ လက်ဆောင်တွေ၊ ငွေကြေးတွေ အမြဲတမ်းရနေတာလေ” လို့ သူက ပြောခဲ့ပါသေးတယ်။

ဒါ့အပြင် သူ့ရဲ့ ဇနီးတွေဟာ အလွန်အမင်းပျော်ရွှင်နေကြပြီး သူ့အနေနဲ့ သူ့ရဲ့ဇနီးကြီးတွေက လိင်မှုဆိုင်ရာတောင်းဆိုမှုတွေ များပြားတာကို ညည်းညူနေလို့ သူ့ထက်အများကြီးငယ်တဲ့ မိန်းမတစ်ယောက်ကို ထပ်မံယူဖို့ အစီအစဉ်ရှိနေတယ်လို့လည်း အသိပေးခဲ့ပါတယ်။

” ကျွန်တော့် ဇနီးတစ်ယောက်ချင်းစီက နေ့တိုင်း ကျွန်တောာ့်အတွက် ချက်ပြုတ်ပေးနေပါတယ်၊ ဒါပေမယ့်လည်း ကျွန်တော်က အရသာ ရှိတာကိုပဲ ရွေးစားတယ်၊ အရသာ မရှိဘူးလို့ ခံစားရတဲ့ဟာ ဆိုရင်တော့ ကျွန်တော်ပစ်ထားလိုက်တာပဲ ၊ ဒီစည်းကမ်းကို သူတို့သိပါတယ်၊ ကျွန်တော်က ပိုတဲ့ အစားအစာတွေ ပြန်ပို့တဲ့အခါ ဒေါသမထွက်ဖို့ သူတို့ ကတိပေး ထားပါတယ်၊ ပြန်ပို့လိုက်တဲ့ အရာတွေမှန်သမျှက သူတို့ကိုတိုးတက်လာစေဖို့ သင်ခန်းစာပေးတာမျိုးဖြစ်သင့်ပါတယ်” လို့ Nyandoro က ပြောခဲ့ပါတယ်။ Source ; therivernews

Add a Comment

Your email address will not be published. Required fields are marked *