ကိုဗစ်ကာကွယ်ဆေးထိုးရင် ဆုကြေးဒေါ်လာတစ်သန်းပေးမယ်လို့ ပြောလိုက်တဲ့ အိုဟိုင်းယိုးပြည်နယ် အုပ်ချုပ်ရေးမှူး

ကိုဗစ်ကာကွယ်ဆေးထိုးရင် ဆုကြေးဒေါ်လာ တစ်သန်းပေးမယ်လို့ ပြောလိုက်တဲ့ အိုဟိုင်းယိုးပြည်နယ် အုပ်ချုပ်ရေးမှူး

ကိုဗစ်ကာကွယ်ဆေး ထိုးနှံတဲ့အပေါ်မှာ ပြည်သူတွေ ယုံကြည်မှု ရှိလာစေဖို့အတွက် အားထုတ်ကြိုးပမ်းနေတဲ့နောက် အမေရိကန် ၊ အိုဟိုင်းယိုးပြည်နယ်အုပ်ချုပ်ရေးမှူး Mike DeWine က ကာကွယ်ဆေး အနည်းဆုံး တစ်ကြိမ်ထိုးပြီးတဲ့ အသက် ၁၈ နှစ်ကျော်သူတွေ အတွက် အပတ်တိုင်းမှာ ဒေါ်လာ ၁ သန်းအထိ ရရှိမယ့် ထီဖွင့်ပွဲကို ပြုလုပ်ပေးမယ်လို့ ပြောဆိုလိုက်ပါတယ်။

ဒါဟာ ကာကွယ်ဆေးအပေါ် ယုံကြည်မှု မရှိသူတွေ၊ ထိုးနှံဖို့တွန့်ဆုတ်နေသူတွေကို မက်လုံးပေးစည်းရုံးလိုက်တာလည်းဖြစ်ပါတယ်။ ဗုဒ္ဓဟူးနေ့မှာ Mike DeWine က တွစ်တာကတဆင့် ရေးသားပြောဆိုခဲ့တာဖြစ်ပြီး “လူတွေက DeWine မင်းကရူးနေတာပဲလို့ ပြောမယ်ဆိုတာကို ကျွန်တော် သိပါတယ်၊ ဒေါ်လာ သန်းနဲ့ချီပြီးတော့ ပေးမယ့် စိတ်ကူးက ပိုက်ဆံဖြုန်းတီးတာပဲလို့ သူတို့ပြောကြမှာပါ၊ ဒါပေမယ့် အမှန်တကယ် ဖြုန်းတီးနေတာက ကူးစက်ရောဂါဖြစ်ပွားနေချိန်မှာ ကာကွယ်ဆေး အလွယ်တကူ ရရှိနေပါလျက်နဲ့ ကိုဗစ်ကြောင့် သေဆုံးခဲ့ရတဲ့ အသက်တွေ ပဲဖြစ်ပါတယ်” လို့ သူက ပြောခဲ့ပါတယ်။

ဒီဆုကြေးငွေ ရရှိမယ့်သူကိုတော့ မေလ ၂၆ ရက်နေ့မှာ ကြေညာသွားမှာဖြစ်ပြီး အဲဒီနောက် နောက်ထပ် ထပ်မံဆွတ်ခူးမယ့် သူကိုတော့ နောက်တစ်ပတ် ဗုဒ္ဓဟူးနေ့မှာ ထပ်မံပြီးတော့ ကြေညာသွားမှာဖြစ်ပြီး ဆုကြေးငွေကလည်းဒေါ် လာ တစ်သန်းပဲဖြစ်တယ်လို့ DeWie ကဆိုပါတယ်။ ဒီလိုမျိုးချီးမြှင့်မှုကိုငါးပတ်ဆက်တိုက် ပြုလုပ်သွားမှာဖြစ်ပြီး ကာကွယ်ဆေးထိုးနှံထားတဲ့ အသက် ၁၇ နှစ်အောက် အရွယ်တွေအတွက်လည်း ထီဖွင့်ပေးမယ်လို့ ကမ်းလှမ်းထားပါတယ်။

ဒါပေမယ့် လူငယ်တွေအတွက်တော့ ဆုကြေးဒေါ်လာတစ်သန်းအစား အိုဟိုင်းယိုးပြည်နယ်မှာရှိတဲ့ တက္ကသိုလ်တစ်ခုခုမှာ လေးနှစ်အပြည့်ပညာသင်ဆုရရှိနိုင်မယ့် ထီအဖြစ် သတ်မှတ်ပေးထားပြီး ဒါဟာ အဆင့်မြင့်ပညာရေးစနစ်မှာ ကုန်ကျစရိတ်များပြားလွန်းတဲ့ အမေရိကန်မှာတော့ တော်တော်လေးတန်ဖိုးကြီးမားတဲ့ ဆုတစ်ခုအဖြစ် ရှိလာမှာဖြစ်ပါတယ်။အမေရိကန် FDA ဟာ တနင်္လာနေ့ကပဲ Pfizer/BioNTech ကာကွယ်ဆေးကို အသက် ၁၂ နှစ်ကနေ ၁၅ နှစ်အထိ ထိုးနှံနိုင်တယ်လို့ ထပ်ပြီးအတည်ပြုပေးခဲ့ပါတယ်။

ဆုကြေးငွေ ချီးမြှင့်ဖို့အတွက်ကိုတော့ ကပ်ရောဂါဖြေရှင်းဖို့ ရရှိထားတဲ့ ဖက်ဒရယ်ပြည်ထောင်စု ရန်ပုံငွေကနေ အသုံးပြုမှာဖြစ်ပြီး အစောပိုင်းအခြေအနေအရ သက်ကြီးအမေရိကန်နိုင်ငံသား ၅၈.၇% အထိ ကာကွယ်ဆေးအနည်းဆုံးတစ်ကြိမ်ထိုးပြီးဖြစ်တယ်လို့ သိရပါတယ်။

ဒါပေမယ့်ကာကွယ်ဆေး မထိုးရသေးသူတွေဟာ ထိုးနှံဖို့တွေဝေနေကြပြီ ထိုးနှံ သူ အရေအတွက် ကျဆင်းလာခဲ့လို့ အမေရိကန်မှာ ဘီယာ၊ ဒိုးနပ် ဒါမှမဟုတ် အားကစား လက်မှတ်တွေပေးပြီး ကာကွယ်ဆေးထိုးဖို့အတွက် ပြည်နယ်တိုင်းမှာ မက်လုံးပေး စည်းရုံးနေကြပါတယ်။ source ; therivernews

Tags:

Add a Comment

Your email address will not be published. Required fields are marked *