ရေကူးရင်းပျောက်သွားခဲ့တဲ့လက်စွပ်က ထူးထူးဆန်းဆန်း ငါးတစ်ကောင်ရဲ့လည်ပင်းမှာ စွပ်လျက်သားဖြစ်နေတဲ့ဖြစ်ရပ်

ရေကူးရင်းပျောက်သွားခဲ့တဲ့လက်စွပ်က ထူးထူးဆန်းဆန်း ငါးတစ်ကောင်ရဲ့လည်ပင်းမှာ စွပ်လျက်သားဖြစ်နေတဲ့ဖြစ်ရပ်

ရေငုပ်သမားတစ်ဦးဟာ ရေအောက်မှာ ရေငုပ်နေစဉ်အတွင်း အမျိုးသားတစ်ဦး ပျောက်ဆုံးခဲ့တဲ့ ဒေါ်လာတစ်ထောင်တန် လက်စွပ်တစ်ကွင်းကို ငါးတစ်ကောင်ရဲ့ လည်ပင်းမှာ စွပ်လျက်သား ရှိနေတာကို ရှာတွေ့ခဲ့ တယ်လို့ ဆိုပါတယ်။Suize Quintal နဲ့ သူမရဲ့ အမျိုးသား Nathan Reeves တို့ဟာ Norfolk ကျွန်း (သြစတြေးလျ ကျွန်းငယ်လေး) ကမ်းခြေကို ရေကူးဖို့ သွားခဲ့ကြပြီးနောက် Nathanရဲ့ မင်္ဂလာလက်စွပ်ဟာ ပျောက်ဆုံးသွားခဲ့ပါတယ်။

ကံကောင်းခဲ့တာကတော့ ဒေသခံ ရေငုပ်သမားတစ်ဦးက သူတို့ကို လက်စွပ်ပြန်လည် ရှာဖွေပေးခဲ့တာဖြစ်ပြီး ငါးရဲ့လည်ပင်းနားမှာ လက်စွပ်က တည့်တည့်မတ်မတ်ကို သွားစွပ်နေခဲ့တာ ဖြစ်ပါတယ်။ အခု အခါမှာတော့ အဓိကပြသနာအဖြစ် ရှိနေတာက လက်စွပ်ကိုအထိအခိုက်မရှိဘဲ ငါးလည်ပင်းကနေ ပြန်လည် ရယူဖို့ဖြစ်နေတယ်လို့ ဆိုပါတယ်။

Norfolk Island’s Reef website ကို ကိုင်တွယ်နေတဲ့ Susan Prior က ဒီသတင်းကို ကြားသိခဲ့သူဖြစ်ပြီး သူမကDaily Mail Australia ကို ” လက်စွပ်ကို ပြန်ယူဖို့ တစ်ခုတည်းသောနည်းလမ်းက ငါးကိုပိုက်ကွန်နဲ့ ရအောင်ဖမ်းပြီး လက်စွပ်ကို အသာ အယာလေး ပြန်ထုတ်ယူဖို့ပါ၊ အခုချိန်ထိက ပြသနာ မရှိသေးပေမယ့် ငါးကတဖြည်းဖြည်းနဲ့ ကြီးလာတဲ့အခါမှာ လက်စွပ်က ပြတ်သွားပါလိမ့်မယ်” လို့ ပြောခဲ့ပါတယ်။

လက်စွပ်ပျောက်ဆုံးခဲ့တဲ့ Suzie Quintal က ” နေရာတိုင်းမှာလိုက် ရှာခဲ့ပေမယ့်လည်း အဆင်မပြေခဲ့ပါဘူး၊ ရေကူးဖို့ မသွားခင်ဆိုရင် လက်စွပ်ကိုချွတ်ဖို့ ကျွန်မအမြဲတမ်း သူ့ကိုပြောခဲ့တယ်၊ ကျွန်မတို့ရဲ့ ဒုတိယမြောက်မင်္ဂလာနှစ်ပတ်လည် မတိုင်ခင်နေ့မှာ လက်စွပ်ပျောက်ခဲ့တာပါ” လို့ သူမက ဆိုပါတယ်။ အခုအခါမှာ ဒေသခံတွေက သူမတို့လက်စွပ် ပြန်လည်ရရှိအောင် ကြိုးစားပေးနေပြီး ငါးကို ရှာတွေ့မယ်လို့ ယုံကြည်နေကြောင်းလည်း သိရပါတယ်။

Suzie ကတော့ ” Norfolkက တကယ်ကို ကောင်းမွန်တဲ့ နေရာပါ၊ အဲဒီမှာ အခုဆိုရင် ကျွန်မ သူငယ်ချင်း တချို့ရနေပါပြီ၊ ကျွန်မအမျိုးသားအတွက်တော့ စိတ်မပူပါဘူး၊ သူက ရေးကြီးခွင်ကျယ် လုပ်တတ်တဲ့သူမဟုတ်ဘူး၊ ကျွန်မကတော့ အဲဒီငါးလေးကိုပဲ သနားမိတယ်” လို့ ထပ်မံပြောခဲ့ပါတယ်။ လက်စွပ်က ငါးရဲ့လည်ပင်းမှာ ကွက်တိသွားစွပ်နေခဲ့တာကတော့ တော်တော်လေးကို ရှားတောင့်ရှားပါး အဖြစ်မျိုးလို့ပဲ ဆိုရတော့မှာပါ။ Source ; therivernews

Add a Comment

Your email address will not be published. Required fields are marked *