မီးသဂြိုလ်ဖို့မတတ်နိုင်လို့ ဂင်္ဂါမြစ်အတွင်းမျောချခဲ့တဲ့ ရုပ်အလောင်း၂၀၀၀ကျော်အထိ အာဏာပိုင်တွေတွေ့ရှိခဲ့ရ

မီးသဂြိုလ်ဖို့မတတ်နိုင်လို့ ဂင်္ဂါမြစ်အတွင်းမျောချခဲ့တဲ့ ရုပ်အလောင်း ၂၀၀၀ ကျော်အထိ အာဏာပိုင်တွေ တွေ့ရှိခဲ့ရ

အိန္ဒိယရဲ့အထင်ကရဖြစ်တဲ့ ဂင်္ဂါမြစ်အတွင်းကနေ လူသေအလောင်းပေါင်း၂၀၀၀ ကျော်အထိကို ရှာတွေ့ခဲ့တယ်လို့ ဒေသနှစ်ခုရဲ့ အာဏာပိုင်တွေက ပြောဆိုလိုက်ပါတယ်။ အာဏာပိုင်တွေက ကိုဗစ်ဖြစ်ပွားမှု မြင့်တက်လာခဲ့တဲ့ အတွက်ကြောင့် ဘာသာရေး ထုံးစံအရ မီးသဂြိုလ် ဖို့အတွက် မတတ်နိုင်တဲ့ ပြည်သူတွေရဲ့အဖြစ်ဟာ ဝမ်းနည်းဖွယ်ရာ ကောင်းတယ်လို့လည်း ပြောကြားခဲ့ပါတယ်။

ဟိန္ဒူရိုးရာ ဓလေ့တွေအရ ကွယ်လွန်သူကို မီးသဂြိုလ်ရပြီး ဘာသာရေး အရ အရေးပါတဲ့ နေရာတစ်ခုခုမှာ ပြာတွေကို ကျဲချပေးရတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဝေးလံခေါင်သီတဲ့ ကျေးရွာတွေကမိ သားစုတွေကတော့ သူတို့ချစ်မြတ်နိုးရသူတွေကို ဟိန္ဒူဘာသာရဲ့ အမြင့်မြတ်ဆုံးအရာတစ်ခုဖြစ်တဲ့ ရေထဲကို မျော ချနေကြတယ်လို့ သိရပါတယ်။

အခုလိုမီးသဂြိုလ်မှုတွေ မပြုလုပ်နိုင်တဲ့အပေါ် အာဏာပိုင်တွေက စိုးရိမ်ထိတ်လန့်နေကြပြီး အလောင်းတွေကို ရေထဲမျောရာကနေ ဗိုင်းရပ်စ် ကူးစက်မှုတွေ ပိုမိုမြင့်တက်လာမယ့်အပေါ်ကို အထူးပူပန်နေကြပါတယ်။ အထူးသဖြင့်အူတာပရာဒက်ရှ် နဲ့ဘီဟာပြည်နယ်တွေ အတွင်းဖြစ်ပြီး အိန္ဒိယမြောက်ပိုင်းပြည်နယ်နှစ်ခုမှာဂင်္ဂါမြစ်က မိုင် ၉၀၀ အထိပါဝင်နေပြီး လူဦးရေသန်းပေါင်း ၃၀၀ အထိ နေထိုင်နေကြလို့ ပိုမိုတုန်လှုပ်ဖွယ်ရာ ဖြစ်နေပါတယ်။

ပြီးခဲ့တဲ့တစ်ပတ်အတွင်းက အိန္ဒိယမှာ တစ်ရက် တာအတွင်း ကိုဗစ် ကူးစက်မှုဟာ လေးသိန်းအထိ စံချိန်တင်မြင့်တက်ခဲ့ပြီး တစ်ရက်ကို လူပေါင်း ၄၀၀၀ အထိ သေဆုံးနေတယ်လို့ သိရပါတယ်။ အစိုးရတာဝန်ရှိသူတွေကတော့ ဒေသခံတွေဟာ အလောင်းတွေကို ဘာသာရေးထုံးစံအရ ပြုလုပ်နေတာမှန်ပေမယ့်လည်း အဆိုပါဓလေ့ကို မပြုလုပ်ကြတော့ဖို့အတွက် သတိပေးထားကြောင်း Asia Age သတင်းစာကို ပြောကြားခဲ့ပါတယ်။

အူတာပရာဒက်ရှ်ပြည်နယ်အစိုးရပြောရေးဆိုခွင့်ရသူ Navneet Sehgal က Asia Age က ဖော်ပြခဲ့တဲ့ ကိန်းဂဏန်းတွေဟာ မမှန်ကန်ဘူးလို့ ငြင်းဆိုခဲ့ပေမယ့် မြစ်ကြောင်းတစ်လျှောက်မှာ ရဲတပ်ဖွဲ့ဝင်တွေကို လုံခြုံရေးအဖြစ်နဲ့ ထားရှိစေခဲ့တယ် ဆိုတာကိုတော့ ဝန်ခံခဲ့ပါတယ်။ သေဆုံးသူတွေကို ချက်ချင်း မီးသဂြိုလ်မှု မရှိဘူးဆိုတာကိုလည်း သူကငြင်းဆန်ခဲ့ပြီး မြစ်ကမ်းပါးတလျှောက်မှာ နေထိုင်ကြတဲ့ ကျေးရွာတချို့မှာတော့ ဘာသာရေးဆိုင်ရာအရေးပါတဲ့အချိန်တွေအတွင်း မီးသဂြိုလ်မှုမရှိတာသာဖြစ်တယ်လို့ ဖြေရှင်းခဲ့ပါတယ်။

“ကျွန်တော်တို့ အလောင်း ၁၀ လောင်းကနေ ၂ဝ လောင်းအထိ မကြခဏ ဆိုသလို ရှာဖွေတွေ့ရှိ နေရပါတယ်” လို့ ရိုက်တာသတင်းဌာနကို သူက ပြောဆိုခဲပါတယ်။”ဘာသာရေး အလေ့အထတွေကို ရပ်တန့်ထားဖို့အတွက် ဒေ သအာဏာပိုင်တွေနဲ့ ဆက်သွယ်ဆောင်ရွက်နေပါတယ်” လို့လည်း သူက ထပ်ပြောခဲ့ပါတယ်။ အိန္ဒိယအစိုးရကတော့ ကာကွယ်ဆေး တစ်ကြိမ်နဲ့ တစ်ကြိမ်ကြား ထိုးနှံရမယ့် အချိန်ကာလကို ၁၂ ပတ်ကနေ ၁၆ ပတ်အထိ တိုးမြှင့်ဖို့ သိပ္ပံပညာရှင်တွေရဲ့ အကြံပေးမှုကို လက်ခံခဲ့ပါတယ်။

ပြည်နယ်အများစုဟာ ကာကွယ်ဆေးထိုးနှံမှုအချိန်ကွာဟချက် နည်းပါးတဲ့အပေါ်မှာ စောဒကတက်ခဲ့ကြပြီး အဆိုပါကာလက အစိုးရအကြံပေးဖြစ်ခဲ့တဲ့ V K Paul ကတော့ သိပ္ပံနည်းကျဆုံးဖြတ်ချက်သာဖြစ်ပြီး အကျိုးမရှိဘူးလို့ ပြောဆိုခဲ့ဖူးပါတယ်။ Source ; therivernews

Tags:

Add a Comment

Your email address will not be published. Required fields are marked *