ဝူဟန် နဲ့  ရှန်ဇီမှာ လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် လူ ၁၂ ဦးသေဆုံးပြီး ရာနဲ့ချီကာဒဏ်ရာရ

ဝူဟန်နဲ့ရှန်ဇီမှာ လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် လူ ၁၂ ဦးသေဆုံးပြီး ရာနဲ့ချီကာဒဏ်ရာရ

အနည်းဆုံး လူ ၁၂ ဦးသေဆုံးပြီး ၃၀၀ အထိ ထိခိုက် ဒဏ်ရာရရှိစေခဲ့တဲ့ လေဆင်နှာမောင်း တိုက်ခတ်မှုနှစ်ကြိမ်ဟာ တရုတ်တောင်ပိုင်းနဲ့ အရှေ့ပိုင်းတွေမှာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ဒေသခံ အစိုးရ တာဝန်ရှိသူတွေရဲ့ ပြောဆိုချက်အရ ဝူဟန်မြို့မှာ လူ ၈ ဦးအထိ သေဆုံးခဲ့ရတယ်လို့လည်း ဆိုပါတယ်။

ကိုဗစ်ကပ်ရောဂါ စတင်ဖြစ်ပွားရာမြို့လို့ လူသိများထင်ရှားတဲ့ ဝူဟန်ဟာ လေဆင်နှာမောင်း တိုက်ခိုက်မှုကြောင့် ပြင်းထန်တဲ့ ထိခိုက်မှုတွေကို ကြုံတွေ့ခဲ့ရပါတယ် ။ ဝူဟန်မှာ နေထိုင်သူတစ်ဦးက Weibo မှာ “ဝူဟန်မှာ ငါ ကြီးပြင်း လာခဲ့တာပါ၊ ဒီလောက်ထိ ကြောက်စရာ ဖြစ်ရပ်မျိုးကို တစ်ခါမှမမြင်ဖူးခဲ့ဘူး၊ ရာသီဥတုက ချက်ချင်းကို ဆိုးရွားပြီး ပြင်းထန်သွားတာပဲ” လို့ ပြောဆိုခဲ့ကြောင်း တရုတ်မီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။

အိမ်ပေါင်း ၂၈ လုံးအထိ ပြိုလဲခဲ့ကာ ၁၃၀ အထိ ထိခိုက်မှုတွေလည်း ဝူဟန်မှာ ရှိခဲ့ပါတယ်။ မုန်တိုင်းကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ အသက် ၅၆ နှစ်အရွယ် ဆောက်လုပ်ရေးလုပ်သား Li Shengchunက အလုပ်သမား၆၀ လောက်ဟာ မုန်တိုင်းကြောင့်ပြိုကျခဲ့တဲ့ အိမ်သုံးလုံးအတွင်းမှာ ရှိနေခဲ့တယ်လို့ ဆင်ဟွာ သတင်းဌာနကို ပြောဆိုခဲ့ပြီး “ချက်ချင်းဆိုသလိုပဲ မဲမှောင်သွားပြီးတော့ မုန်တိုင်းကျလာတော့တာပါပဲ၊ အိမ်တွေဆိုတာ တစ်စက္ကန့်၊နှစ်စက္ကန့်လောက်အတွင်းမှာပဲ မြေကြီးပေါ် ပြိုကျသွားတော့တာ” လို့ သူက ပြောပါတယ်။

Shengze မြိ့မှာတော့ လေးဦးအထိ သေဆုံးခဲ့ကာ အဆိုပါမြို့က ရှန်ဟိုင်းနဲ့ ၆၂ မိုင်သာ ကွာဝေးပါတယ်။ အိမ်ပေါင်း အနည်းဆုံး ၈၄ လုံး နဲ့ စီးပွားရေး ဆောက်အအုံ ၁၇လုံးအထိ ထိခိုက်ခဲ့ပြီး ကယ်ဆယ်ရေးအဖွဲ့ဝင်၁၇၀ ဦးနဲ့ ရှာဖွေရေးခွေးတွေဟာ အပျက်အစိးတွေကြား ပိတ်မိနေသူတွေကို ကယ်ဆယ်ပေးနေတယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ လတွေအတွင်းကလည်း တရုတ်မှာသဲမုန်တိုင်း တိုက်ခိုက်မှုကြောင့် တော်တော်လေး အခက်တွေ့မှုတွေ ဖြစ်ပွားခဲ့ပါသေးတယ်။ လေထု အရည်အသွေးနိမ့်ကျသွားခဲ့ကာ မိုင်အနည်းငယ်ထိကိုသာ မြင်တွေ့နိုင်တဲ့အထိ အဝါရောင် သဲမှုန်တွေက ဖုံးလွှမ်းနေခဲ့ပြီး ပျောက်ဆုံးသူတွေလည်း ရှိခဲ့ပါတယ်။ အခုတိုက်ခိုက်တဲ့ လေဆင်နှာမောင်းကလည်း ရုတ်တရက်ဆိုသလို ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့တာကြောင့် ကြိုတင်ပြင်ဆင်ချိ န်မရခဲ့ဘူးလို့လည်း သိရပါတယ်။ Source ; therivernews

Add a Comment

Your email address will not be published. Required fields are marked *