ဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်နေသည့် အိန္ဒိယတွင်သင်္ဘောတစ်စင်း နစ်မြုပ်သွားခဲ့ပြီး လူ၁၂၇ဦးပျောက်ဆုံးနေ

ဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်နေသည့် အိန္ဒိယတွင် သင်္ဘောတစ်စင်း နစ်မြုပ်သွားခဲ့ပြီး လူ၁၂၇ဦး ပျောက်ဆုံးနေ

ဆိုင်ကလုန်းမုန်တိုင်း Tauktae ဝင်ရောက် တိုက်ခတ်နေတဲ့ အိန္ဒိယနိုင်ငံမှာ အင်္ဂါနေ့က မွမ်ဘိုင်း ကမ်းလွန်မှာ မျောပါနေတဲ့ သင်္ဘောတစ်စီး နစ်မြုပ်သွားခဲ့တာကြောင့် လူ ၁၂၇ ဦး ပျောက်ဆုံးနေကြောင်း အိန္ဒိယရေတပ်က ပြောဆိုပြီး သင်္ဘောနှစ်စီးနဲ့ ရဟတ်ယာဉ်တွေ သုံးကာ ပျောက်ဆုံးနေသူတွေကို ရှာဖွေနေတယ်လို့ ဆိုခဲ့ပါတယ်။

အဆိုပါ သင်္ဘောပေါ်မှာ လူ ၂၇၃ ဦး လိုက်ပါခဲ့တာဖြစ်ပြီး အိန္ဒိယအနောက်ဖက် ကမ်းရိုးတန်းမှာ လေပြင်းတွေဝင်ရောက် တိုက်ခတ်ချိန်ကစလို့ သင်္ဘော မျောပါ သွားခဲ့တာဖြစ်ပါတယ်။ လေပြင်းတိုက် ခတ်မှုတွေကြောင့် ကမ်းရိုးတန်းကို လှိုင်းလုံးကြီးတွေ ရိုက်ခတ်ခဲ့ပြီး ကမ်းပေါ်က လမ်းတွေဟာ မြစ်ပြင်သဖွယ် ဖြစ်သွားခဲ့ပါတယ်။

နိုင်ငံပိုင် ရေနံကုမ္ပဏီက ပိုင်ဆိုင်တဲ့ ယင်း သင်္ဘောပေါ်ကနေ လူ ၁၄၆ ဦးကို ကယ် ဆယ် ထားနိုင်ကြောင်း ကာကွယ်ရေး ဝန်ကြီးဌာနက ပြောဆိုခဲ့ပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ တစ်နေ့လုံးဆက်လုပ်ရဖို့ရှိကာ ပင်လယ်ပြင်ရာသီဥတု အခြေအနေက ယင်းအတွက် စိန်ခေါ်မှုဖြစ်နေတယ်လို့ ဆိုပါတယ်။ အိန္ဒိယ နေ့စဉ်သတင်းစာ Tribune ရဲ့ ဖော်ပြချက် အရ သင်္ဘောဟာ အင်ဂျင်နီယာလု ပ်ငန်းတွေနဲ့ ကုန်ပစ္စည်းတင်ဆောင်မှုတွေ လုပ်တဲ့ ရေယာဉ်အဖြစ် အသုံးပြုနေတာလို့ ဆိုပါတယ်။

ဆယ်စုနှစ်များစွာအတွင်း ဒေသတွင်းကို တိုက်ခတ်ခဲ့သမျှမှာ အပြင်းဆုံးဖြစ်တဲ့ ဧရာမ ဆိုင်ကလုန်း မုန်တိုင်းကြောင့် ကီရာလာ၊ ဂိုအာ၊ မဟာရပ်ရှ်ထရာနဲ့ ဂူဂျာရတ်ပြည်နယ်တို့မှာ လေပြင်းတွေကျရောက်ခဲ့ပြီး နေအိမ် ကျိုးပဲ့စုတ်ပြတ်ကုန်ခြင်း၊ သစ်ပင်တွေနဲ့ ဓါတ်တိုင်တွေ ပြိုလဲခြင်းတွေဖြစ်ခဲ့ကာ လူသေဆုံးမှုများစွာ ပေါ်ပေါက်ခဲ့ပါတယ်။

မွမ်ဘိုင်းမြို့မှာ ယာယီဆေးရုံတွေက ကိုဗစ်လူနာ ၆၀၀ လောက်ကို အာဏာပိုင်တွေက ဘေးလွတ်ရာနေရာတွေ ရွှေ့ပြောင်းပေးခဲ့ရပြီး လူဦးရေ သိန်းချီဟာလည်း နေအိမ်တွေကနေ ရွှေ့ပြောင်းခိုလှုံခဲ့ရကြောင်း သိရပါတယ်။Ref ; CNA

Tags:

Add a Comment

Your email address will not be published. Required fields are marked *