Unicode … ဖလော်ရီဒါမှာရှိတဲ့ ချင်းလူမျိုးတွေက ဂုဏ်ပြုပွဲလေးလုပ်ပေးကာ အားပေးစကား တွေပြောကြတဲ့အတွက် ကျေးဇူးတင်ကြောင်းပြောလာတဲ့ သူဇာဝင့်လွင်
လတ်တလော မတည်ငြိမ်နေတဲ့ အခက် အခဲ အခြေအနေတွေ ကြားထဲကနေ မြန်မာနိုင်ငံ ကိုယ်စားပြု Miss Universe တစ်ယောက် အနေနဲ့ Miami မှာ သွားရောက် ယှဉ်ပြိုင်ခဲ့တဲ့ အလှမယ် သူဇာဝင့်လွင်ကို ပရိသတ်တွေလည်း သိကြမယ် ထင်ပါတယ် ။ သူဇာဝင့်လွင်ဟာ Miss Universe ပြိုင်ပွဲကြီးမှာ ချင်းရိုးရာ ဝတ်စုံလေး ဝတ်ဆင်ကာ National Costume အနေနဲ့ ဝင်ရောက်ယှဉ်ပြိုင် ခဲ့တာဖြစ်ပြီး ဆုရရှိခဲ့တာ လည်းဖြစ်ပါတယ်။
ဒါ့ပြင် သူဇာဝင့်လွင်ဟာ မြန်မာနိုင်ငံရဲ့ First placement အနေနဲ့ Top 21 အထိဝင်ခဲ့တာဖြစ်ပြီး အားပေးသူ ပရိသတ်တွေလည်း အများအပြား ရရှိခဲ့တာပါ။ သူဇာဝင့်လွင်က လက်ရှိမြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေ နဲ့ပက်သက်ပြီး Speak out လုပ်ခဲ့သူ တစ်ဦး လည်းဖြစ်ပြီး ” Queen of Democracy “လို့တောင် တင်စားခေါ်ဝေါ် ရတဲ့ အလှမယ်တစ်ဦး ဖြစ်ပါတယ်။
ပြိုင်ပွဲကြီးပြီးဆုံးသွားပြီးနောက် သူဇာဝင့်လွင်ဟာ သူမရဲ့ Facebook စာ မျက်နှာမှာ “Florida မှာရှိတဲ့ ချစ်ရတဲ့ ချင်းလူမျိုးတွေက သူဇာ့ကို ဂုဏ်ပြုပွဲလေး ပြုလုပ်ပေးပီး အားပေးစကားတွေရော လိုအပ်ရင် သုံးဖို့တွေရော ပေးတဲ့အတွက် အရမ်းဝမ်းသာပီး ကျေးဇူးလဲ အရမ်းတင်ပါတယ်..
ပွဲမှာလိုအပ်တဲ့ အရာတွေ အခက်အခဲတွေရော ပီးတော့ NC winnerရ တာလဲ ချင်းလူမျိုးတွေရဲ့ ကျေးဇူးတွေကြောင့်ပါပဲ ကျေးဇူးအများကြီးတင်ပါတယ်ရှင် …” ဆိုပြီး ရေးသားမျှဝေ လာခဲ့ပါတယ်။ ကဲ … ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြ ပေးလိုက်ပါတယ်နော်။ crd
Add a Comment
Your email address will not be published. Required fields are marked *