ရန္ကုန္အိမ္ျခံေျမေစ်းကြက္မွာ အိမ္ၿခံေျမဝယ္ယူရာတြင္ ဘဏ္စနစ္ျဖင့္ေပးေခ်ပါက မူလတန္ဖိုးထက္ ၁၀ ရာခိုင္ႏွုန္းအထိ ပိုေပးေနရ

ရန္ကုန္အိမ္ျခံေျမေစ်းကြက္မွာ အိမ္ၿခံေျမဝယ္ယူရာတြင္ ဘဏ္စနစ္ျဖင့္ ေပးေခ်ပါက မူလတန္ဖိုးထက္ ၁၀ ရာခိုင္ႏွုန္းအထိ ပိုေပးေနရ

ရန္ကုန္အိမ္ၿခံေျမ ေဈးကြက္အတြင္း အေရာင္း အဝယ္ ျပဳလုပ္ရာတြင္ ဘဏ္စနစ္ျဖင့္ အေရာင္း အဝယ္ ျပဳလုပ္ပါက ေငြသားျဖင့္ ဝယ္ယူေသာ ေဈးႏွုန္းထက္ တန္ဖိုး ၅ ရာခိုင္ႏွုန္းမွ ၁၀ ရာခိုင္ႏွုန္းအထိ ပိုမိုေပးေခ်ရေၾကာင္း အိမ္ၿခံေျမ ေရာင္းဝယ္သူ တဦးက ေျပာသည္။

“ တိုက္ခန္းဝယ္ဖို႔ ၾကည့္ထားတာ အခန္းပိုင္ရွင္က ေငြသားပဲ လိုခ်င္တယ္ေျပာတယ္ ဘဏ္နဲ႔မိုလ္ဘိုင္းဘန္းကင္းနဲ႔ ေခ်ရင္ တန္ဖိုးရဲ့ ၈ ရာခိုင္ႏူန္းပိုေပးရမယ္ ေျပာတယ္။ ဘဏ္ကေနအ လႊဲအေျပာင္း လုပ္ေပးမယ္ ဆို တာေတာင္ မရဘူး ” ဟု ရန္ကင္းၿမိဳ့တြင္ ေနထိုင္သူ တဦးက BAP သို့ ေျပာသည္။

လတ္တေလာ ဘဏ္မ်ားတြင္ ေငြသား ထုတ္ယူရန္ အခက္အခဲတခ်ိဳ့ႏွင့္ ရင္ဆိုင္ ေနရေသာေၾကာင့္ အိမ္ၿခံေျမ ေဈးအေနျဖင့္ ေငြသားတန္ဖိုးႏွင့္ ဘဏ္ေပးေခ်မွုတန္ဖိုးစသည့္ တန္ဖိုး ၂ မ်ိဳးျဖင့္ ေျပာင္းလဲ ေပးေခ်ေနရျခင္း ျဖစ္သည္။

ထို့ျပင္ဘဏ္စနစ္ကို မယုံၾကည္သူမ်ား လာျခင္းေၾကာင့္လည္း ေဒၚလာႏွင့္ ေရႊကို အလုအယက္ ဝယ္ယူေနၾကသလို တခ်ိဳ့သူမ်ားက တိုက္ခန္းမ်ား ဘက္သို့ ဦးလွည့္လာျခင္းလည္း ျဖစ္ေၾကာင္း အိမ္ၿခံေျမ ေရာင္းဝယ္သူမ်ားက ခန္႔မွန္းၾကသည္။

ၿပီးခဲ့သည့္ ဧၿပီလ အထိ ဘဏ္အလႊဲအေျပာင္းႏွင့္ေပးေခ်ပါက ပမာဏအမ်ား ဆုံးအျဖစ္ ၂ ရာခိုင္ႏွုန္းသာ ေပးေခ်ခဲ့ ရေသာ္လည္း ေမလအတြင္း၌ သိသိသာသာ ရာခိုင္ႏွုန္းမ်ားလာျခင္း ျဖစ္ေၾကာင္း တိုက္ခန္းဝယ္ယူသူမ်ားထံမွ သိရသည္။ crd

Unicode … ရန်ကုန်အိမ်ခြံမြေဈေးကွက်မှာ အိမ်ခြံမြေဝယ်ယူရာတွင် ဘဏ်စနစ်ဖြင့် ပေးချေပါက မူလတန်ဖိုးထက် ၁၀ ရာခိုင်နှုန်းအထိ ပိုပေးနေရ

ရန်ကုန်အိမ်ခြံမြေ ဈေးကွက်အတွင်း အရောင်း အဝယ် ပြုလုပ်ရာတွင် ဘဏ်စနစ်ဖြင့် အရောင်း အဝယ် ပြုလုပ်ပါက ငွေသားဖြင့် ဝယ်ယူသော ဈေးနှုန်းထက် တန်ဖိုး ၅ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းအထိ ပိုမိုပေးချေရကြောင်း အိမ်ခြံမြေ ရောင်းဝယ်သူ တဦးက ပြောသည်။

“ တိုက်ခန်းဝယ်ဖို့ ကြည့်ထားတာ အခန်းပိုင်ရှင်က ငွေသားပဲ လိုချင်တယ်ပြောတယ် ဘဏ်နဲ့မိုလ်ဘိုင်းဘန်းကင်းနဲ့ ချေရင် တန်ဖိုးရဲ့ ၈ ရာခိုင်နူန်းပိုပေးရမယ် ပြောတယ်။ ဘဏ်ကနေအ လွှဲအပြောင်း လုပ်ပေးမယ် ဆို တာတောင် မရဘူး ” ဟု ရန်ကင်းမြို့တွင် နေထိုင်သူ တဦးက BAP သို့ ပြောသည်။

လတ်တလော ဘဏ်များတွင် ငွေသား ထုတ်ယူရန် အခက်အခဲတချို့နှင့် ရင်ဆိုင် နေရသောကြောင့် အိမ်ခြံမြေ ဈေးအနေဖြင့် ငွေသားတန်ဖိုးနှင့် ဘဏ်ပေးချေမှုတန်ဖိုးစသည့် တန်ဖိုး ၂ မျိုးဖြင့် ပြောင်းလဲ ပေးချေနေရခြင်း ဖြစ်သည်။

ထို့ပြင်ဘဏ်စနစ်ကို မယုံကြည်သူများ လာခြင်းကြောင့်လည်း ဒေါ်လာနှင့် ရွှေကို အလုအယက် ဝယ်ယူနေကြသလို တချို့သူများက တိုက်ခန်းများ ဘက်သို့ ဦးလှည့်လာခြင်းလည်း ဖြစ်ကြောင်း အိမ်ခြံမြေ ရောင်းဝယ်သူများက ခန့်မှန်းကြသည်။

ပြီးခဲ့သည့် ဧပြီလ အထိ ဘဏ်အလွှဲအပြောင်းနှင့်ပေးချေပါက ပမာဏအများ ဆုံးအဖြစ် ၂ ရာခိုင်နှုန်းသာ ပေးချေခဲ့ ရသော်လည်း မေလအတွင်း၌ သိသိသာသာ ရာခိုင်နှုန်းများလာခြင်း ဖြစ်ကြောင်း တိုက်ခန်းဝယ်ယူသူများထံမှ သိရသည်။ crd

Add a Comment

Your email address will not be published. Required fields are marked *