အိန္ဒိယမှာ ကိုဗစ်ကြောင့် တစ်ရက်တည်းသေဆုံးသူ ၄၅၂၉ ဦးဖြင့် စံချိန်တင်

အိန္ဒိယမှာကိုဗစ်ကြောင့် တစ်ရက်တည်း သေဆုံးသူ ၄၅၂၉ ဦးဖြင့် စံချိန်တင်

အိန္ဒိယနိုင်ငံမှာ ကိုဗစ်-၁၉ ကြောင့် တစ်ရက်တည်း သေဆုံးသူ ၄၅၂၉ ဦးနဲ့ စံချိန်တင်ခဲ့ကြောင်း ဗုဒ္ဓဟူးနေ့ ( မေ ၁၉) မှာ သတင်းထုတ်ပြန် ပါတယ် ။ နိုင်ငံမှာ အကြီးအကျယ် ထိခိုက် ဆုံးရှုံးမှုတွေ ရှိနေတဲ့ ကိုဗစ်လှိုင်းသစ် ရိုက်ခတ်မှုအတွင်း ပိုးတွေသူ အရေအတွက် ကျသွားခဲ့တာတောင် သေဆုံးဦးရေကတော့ မြင့်တက်ဆဲ ဖြစ်နေတာပါ။

ကျန်းမာရေး ဝန်ဆောင်မှုစနစ် အားနည်းတဲ့ ကျေးလက် ခရိုင်ဒေသတွေအထိ ပိုးကူးစက် ပျံ့နှံ့နေမှုကြောင့် နေ့အလိုက် သေဆုံးဦးရေ ထပ်တိုးမှု ဟာ ပြီးခဲ့တဲ့ ရက်တွေအတွင်း တောက်လျှောက် မြင့်တက်နေခဲ့ပါတယ်။ ယခု ထပ်တိုး သေဆုံးဦးရေနဲ့ ပါဆိုရင် အိန္ဒိယမှာ တရားဝင် စာရင်းအရ ကိုဗစ်ကြောင့် သေဆုံးရသူ စုစုပေါင်း ၂၈၃၂၄၈ ဦးရှိ လာခဲ့ပြီး သေဆုံးဦးရေ ၆၀၀၀၀၀ ကျော် အမေရိကန်နဲ့ သေဆုံးဦးရေ ၄၄၀၀၀၀ ခန့်ရှိ ဘရာဇီးတို့ပြီးရင် အများဆုံး ဖြစ်ပါတယ်။

သို့ပေမယ့် အိန္ဒိယရဲ့ အမှန်တစ်ကယ် သေဆုံးသူ ဦးရေဟာ စာရင်းရှိထက်များစွာ ပိုနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ပြောဆိုနေပါတယ်။ ထပ်တိုး ပိုးကူးစက်သူမှာတော့ ၂၆၇၀၀၀ ကျော်ရှိခဲ့ပြီး စုစုပေါင်း ပိုးတွေ့လူနာ ၂၅.၅ သန်းခန့်ရှိလာကာ အမေရိကန်ပြီးရင် ဒုတိယအများဆုံး ပိုးတွေ့လူနာဦးရေ ဖြစ်ပါတယ်။ လက်ရှိ ပုံစံအတိုင်းသာ ဆက်သွားနေမယ်ဆိုရင် အိန္ဒိယဟာ ဇွန်လလောက်မှာ အမေရိကန်ကို ကျော်တက်ပြီး ပိုးတွေ့ဦးရေ အများဆုံး နိုင်ငံဖြစ်သွားနိုင်ပါတယ်။

ယခုနောက်ဆုံး ဖြစ်ပေါ်နေတဲ့ ကူးစက်မှု လှိုင်းလုံး ခြောက်ပတ် တာ အတွင်းမှာ အိန္ဒိယဟာ ဆေးရုံ ကုတင်၊ အောက်ဆီဂျင်နဲ့ အရေးတကြီး ဆေးဝါးတွေ ပြတ်လပ်ကုန်အောင် ဖြစ်ခဲ့ပါတယ်။ ဧပြီလ မှစကာ ပိုးတွေ့လူနာ အရေအတွက်ဟာ နှစ်ဆမြင့်တက်လာခဲ့ပြီး သေဆုံးသူ ၁ သိန်းအထိ ရှိခဲ့ပါတယ် ။ ထပ်တိုး ပိုးတွေ့ဦးရေဟာ သုံးရက်ဆက်တိုက် ၃ သိန်းအောက်ရှိနေခဲ့တာမို့ ကူးစက်မှုလှိုင်း ကျဆင်းလာတဲ့ လက္ခဏာဖြစ်တယ်လို့ အိန္ဒိယ အာဏာပိုင်တွေက ဆိုခဲ့ပါတယ်။ Ref ; CNA

Add a Comment

Your email address will not be published. Required fields are marked *