UFCဟဲဗီးဝိတ်ဖိုက်တာရဲ့ ကားကိုမှသွားခိုးမိလို့ အမှောက်သိပ်ခံလိုက်ရတဲ့ သူခိုးရဲ့အဖြစ်

UFCဟဲဗီးဝိတ်ဖိုက်တာရဲ့ ကားကိုမှသွားခိုးမိလို့ အမှောက်သိပ်ခံလိုက်ရတဲ့ သူခိုးရဲ့အဖြစ်

ဟူစတန်က ကားသူခိုးတစ်ယောက်ကတော့ UFC ဟဲဗီးဝိတ် ဖိုက်တာဖြစ်တဲ့ Derrick Lewis ရဲ့ ကားကိုမှခိုးဖို့ ရွေးချယ်ခဲ့မိလို့ ကံအဆိုးဆုံးသူခိုးတစ်ဦးဖြစ်ခဲ့ရပြီလို့ ဆိုရတော့မှာပါ။ Derrick Lewisဟာ ဟဲဗီးဝိတ်ခါးပတ်ပွဲအဖြစ် နာမည်ကျော်ဖိုက်တာ Francis Ngannou နဲ့ ထိုးသတ်ဖို့ စီစဉ်ထားသူဖြစ်ပြီး သူ့ရဲ့ကားကို ခိုးဖို့ကြိုးစားခဲ့တဲ့ သူခိုးကို ထိုးကြိတ်ပြီး ဆုံးမပစ်ခဲ့တယ်လို့ သိရပါတယ်။

ပြိုင်ဘက်တွေကို သူ့ရဲ့နောက်ကောက်ချထိုးပစ်နိုင်တဲ့ လက်သီးခပ်ပြင်းပြင်းတွေ ကြောင့် လူသိများတဲ့ Lewisနဲ့ တွေ့ခဲ့ရတာက ပြိုင်ဘက်မဟုတ်ဘဲ သူခိုးဖြစ်နေခဲ့တာကတော့ တော်တော်လေးကို ကံဆိုးခဲ့တာပဲ ဖြစ်ပါတယ်။ ဒီအကြောင်းကို Lewisက သူ့ရဲ့အင်စတာဂရမ်ကတဆင့် အသိပေးမှုတွေလည်း ပြုလုပ်ခဲ့ပါသေးတယ်။

အသက် ၃၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ Lewis က သူခိုးတွေ ရဲတွေ လာရောက်ခေါ်ဆောင်တဲ့အဖြစ်အပျက်နဲ့ သူ့ရဲ့ကားပျက်စီးမှုကို ဗီဒီိယိုရိုက်ကာပြသခဲ့ပြီးကားတံခါးကတော့ တော်တော်လေးနက်တဲ့ အစင်းရာတွေဖြစ်ခဲ့တာကို တွေ့ ရပါတယ်။ ဒီလိုရိုက်ပြနေရင်းနဲ့လည်း Lewisက “မအေ-ိုး” လို့လည်း သူခိုးကို ဆဲဆိုနေခဲ့ပြီး ဗီဒီယိုအတွက် Caption ရေးသားခဲ့ရာမှာလည်း “မအေး _ သူခိုးက ကားမှားရွေးမိတာပဲ၊ သူ အဆင်ပြေပါတယ်” လို့ ရေးသားခဲ့ပါတယ်။

Lewis ဟာ သူ့ရဲ့ လူမှုကွန်ရက်တွေမှာ မတော်တဆမှု ဒါမှမဟုတ် တိရိစ္ဆာန်တွေရဲ့တိုက်ခိုက်တဲ့ ဗီဒီယိုတွေကို တင်လေ့ရှိပြီး ဒီလိုတင်တိုင်းမှာ “သူ အဆင်ပြေပါတယ်” ဆိုတဲ့ Caption ကို ရေးသားလေ့ရှိပါတယ်။ သူခိုးကို ထိုးကြိတ်ခဲ့ပြီးနောက်မှာလည်း သူ့ရဲ့လက်သီးကို ဓာတ်ပုံရိုက်ကာ ဖော်ပြခဲ့ပြီး ကျေနပ်တယ်လို့လည်း ရေးသားခဲ့ပါသေးတယ်။ သူ့ရဲ့ ဗီဒီယိုအောက်မှာတော့ UFC ဥက္ကဌ Dana White က “ငါတော့ ခေါင်းယမ်းမိတာပဲ၊ အနည်းဆုံးတော့ သူ အဆင်ပြေမှာပါ” လို့ ကွန်မန့်ဝင်ရေးခဲ့ပါတယ်။

ESPN သတင်းထောက်တစ်ဦးဖြစ်တဲ့ Ariel Helwani က “ဒီမနက်ပိုင်းက သူ့ကားကို ဖျက်စီးပြီး ဝင်ခိုးဖို့ကြံခဲ့တဲ့ လူတစ်ယောက်ရှိခဲ့တယ်လို့ Lewis က ကျွန်တော့်ကို ပြောခဲ့ပါတယ်၊ အဲဒီလူကို သူ အမှောက်သိပ်လိုက်တော့တာပဲ၊ အဲဒီနောက် သူခိုးကို ရဲဖမ်းသွားပါပြီ” လို့ ပြောခဲံပါတယ်။

Lewis ကတော့ သူ့ရဲ့ UFC ဟဲဗီးဝိတ်တန်း နောက်ဆုံးလေးပွဲစလုံးကိုအနိုင်ရရှိထားပြီး ခါးပတ်လုပွဲအတွက် Ngannou နဲ့ မကျေပွဲပြန်လည်ထိုးသတ်ဖို့ ပြင်ဆင်နေသူဖြစ်ပါတယ်။ တကယ်လို့ Ngannou ကိုသာ သူခိုးကိုအလဲထိုးသလိုမျိုး ထိုးနိုင်ခဲ့မယ်ဆိုရင်တော့ သူဟာ UFC သမိုင်းမှာ အ လဲထိုးပွဲ ၁၃ပွဲနဲ့ စံချိန်သစ်တင်နိုင်မှာဖြစ်ပါတယ်။ Source ; therivernews

Add a Comment

Your email address will not be published. Required fields are marked *