Unicode … ကျောပိုးအိတ်လေးထုတ်ပြီး သူ့ဆီလာချင်တဲ့သားလေးကို မခေါ်နိုင်သေးလို့ ခွင့်လွှတ်ဖို့ပြောတဲ့ မင်းမော်ကွန်း
သားဖြစ်သူက သူ့ဆီလာချင်လို့ ကျောပိုးအိတ်လေးထည့် နေတဲ့သားကို မင်းမော်ကွန်းက အခုလိုပြန်ပြောခဲ့တာက … ” အဖေဆီ သွားချင်လို့ သူ့ဟာသူ ပစ္စည်းတွေ ထည့် ထားတယ် တဲ့လေ ။ ခဏ စောင့်ပါဦး သားရယ် အဖေကိုယ်တိုင်တောင် အခုထိ ဟိုပြေး ဒီလွှားနဲ့ အတည်တကျ မရှိသေးတာ။
ကျောပိုးအိတ် တစ်လုံးနဲ့ ကျောတစ်ခင်းစာ နေရာကလွဲပြီး တနင့်တပိုးမျှော်လင့်ချက်တွေကလွဲပြီး တစ်စစီ လိုက်ပြန်ကောက်နေရတဲ့ ယုံကြည်ချက် တချို့တလေကလွဲပြီး အရင်းအ နှီးကြီးလွန်းတဲ့ လိပ်ပြာ သန့်သန့် တစ်စုံက လွဲပြီးချစ်ခြင်း မေတ္တာနဲ့ သတိရခြင်းတွေက လွဲပြီး အခုချိန်ထိ လမ်းပျောက်နေရုံကလွဲပြီး အဖေ့ဆီမှ ာဘာမှမရှိလို့ ငါ့သားအတွက် ဘာတစ်ခုမှ မတတ်နိုင်သေးတာ အဖေ့ကို ခွင့်လွှတ်ပါ ” လို့ ပဲဖြစ်ပါတယ်။
ဒီစာလေးကို ဖတ်ရတော့ ပြည်သူတွေ အနေနဲ့ သားအစ်ဖ နှစ်ယောက်ရဲ့ချစ်ခြင်း မေတ္တာအပေါ် စိတ်မ ကောင်းကြီးစွာ ဖြစ်ခဲ့ကြရပါတယ်။အရေးတော်ပုံ အောင်မြင်ပြီး မိသားစုတွေ အမြန်ဆုံး ပြန်လည် ဆုံစဉ်းနိုင်ပါစေ ။crd
Add a Comment
Your email address will not be published. Required fields are marked *