ကိုဗစ်ကာကွယ်ဆေးထိုးပါက ဘတ်တသောင်းတန် နွားမဲဖောက်ပေးမည်ဟု ထိုင်းမှာမက်လုံးပေးစည်းရုံးနေ

ကိုဗစ်ကာကွယ်ဆေးထိုးပါက ဘတ်တသောင်းတန် နွားမဲဖောက်ပေးမည်ဟု ထိုင်းမှာ မက်လုံးပေးစည်းရုံးနေ

ထိုင်းနိုင်ငံမြောက်ပိုင်း ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးရန် မက်လုံးပေး မဲဆွယ် သည့် အနေဖြင့် ကာကွယ်ဆေး ထိုးသူများအား တပတ်လျှင် တကြိမ်ကျ ဘတ် ၁၀,၀၀၀ (၃၁၈ ဒေါ်လာ) တန်ကြေးရှိ နွားတကောင် မဲဖောက်ပေးမည်ဖြစ်ပြီး ယင်းမဲစနစ်မှာ သီတင်းပတ်၂၄ ပတ်ကြာတည် သွားမည်ဖြစ်ကြောင်း ထုတ်ပြန်သည်။

နောက်လမှ စတင်ပြီး ချင်းမိုင်ပြည်နယ်၊ မဲချွိုင်ဒိစတြိတ်ရှိ ကာကွယ်ဆေးထိုးပြီးရွာသားများကို တပတ်လျှင်တကြိမ် မဲဖောက်ပေးမည် ဖြစ်သည်။ “ရွာသား တွေက နွားကို မြတ်နိုင်းတယ်။ နွားကို ငွေသားပြန်ဖော် လို့လည်း ရတယ်လေ” ဟု ဒိစတြိတ်မှူးBoonlue Thamtharanurak က ရိုက်တာ သတင်းဌာနသို့ ပြောသည်။

“(ခုလိုထုတ်ပြန် လိုက်တော့) ရက်အနည်းငယ် အတွင်းမှာတင် ကာကွယ်ဆေးထိုးလိုကြောင်း စာရင်းပေးတဲ့ သူတွေ ရာဂဏန်းကနေ ထောင် ဂဏန်းထိ ထိုးတက် လာတယ်” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

မဲချွိုင်မြို့အတွင်း ကာကွယ်ဆေး ထိုးလိုသူမှာ ၄၃,၀၀၀ အထိရှိလာပြီး အသက် ၆၀အထက်နှင့် ရောဂါအခံရှိသူ စသည့် ဦးစားပေးစာရင်းတွင် လူ၎,၀၀၀ ကျော် ပါဝင်လာသည်။ ထိုင်းတွင် ကာကွယ်ဆေးထိုးရန်အတွက် အစိုးရထုတ်ပြန်ရက်မှာ ဂျွန် ၇ ရက်ဖြစ်သည်။

ကာကွယ်ဆေး ထိုးလိုသူများ တိုးလာရန်အတွက် ထိုင်းတွင် တီထွင်ဆန်းသစ်သော နည်းလမ်းစုံကို အသုံးပြုလျှက်ရှိနေသည်။ ရွှေဆွဲကြိုး မဲဖောက်ပေးခြင်း၊ ကုန်စုံဆိုင်များအတွက် လျှော့ဈေးကူပွန်များ ပေးခြင်းနှင့် ငွေသားလက်ဆောင်ပေးခြင်း စသည့် နည်းစနစ်များဖြင့် ပြည်သူအများ ကာကွယ်ဆေး ထိုးရန် လှုံဆော်နေသည်။

ထိုင်းတွင်လူဦးရေ ၆၆ သန်းနေထိုင်ပြီး ပြည်သူ ၁.၆၄ သန်းကျော်မှာ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးဖြစ်သည်။ လူဦးရေ ၇ သန်းကျော်မှာကာ ကွယ်ဆေး ထိုးနှံရန်အတွက် ဆန္ဒပြုပြီး ဖြစ်သည်။ ထိုင်းတွင် ကိုရိုနာဗိုင်းရပ်ပိုး ပျံ့ပွားမှု ဒဏ်ကိုလည်း ကြီးစွာခံခဲ့ရပြီး ပြီးခဲ့သော နှစ်လအတွင်း ကူးစက်လူနာသစ် ၁၁၉,၅၈၅ ဦးနှင့် သေဆုံးလူနာ ၇၀၃ ဦး ရှိကြောင်း သိရသည်။ Source ; CNN

Tags:

Add a Comment

Your email address will not be published. Required fields are marked *