Unicode … ခေါ်မကြားအော်မကြားဖြစ်နေတဲ့ စားပွဲထိုးများကိုအော်ခေါ်နိုင်ရန် မိုက်စ်နှင့်ဆောင်းဘောက်ကို စားသောက်ဆိုင်သို့ယူလာသည့် အမျိုးသမီး
ဖိလစ်ပိုင် နိုင်ငံမှ အမျိုးသမီး၏ စားသောက် ဆိုင် အတွင်းတွင် ပြုလုပ်သောအမူအရာ ဗီဒီယိုဖိုင်လေးဟာ လိုင်းပေါ်တွင်နာမည်ကြီးလာပြီး လူကြိုက်များလာခဲ့ပါတယ် ။ အမျိုးသမီး၏ ပြုလုပ်ပုံများဟာ စားသောက်ဆိုင် အတွင်း၌ရှိ သော စားသောက်သူ အကုန်လုံးကို ဘာမျှ မစားသောက် နိုင်တော့ဘဲ ရယ် မောနေစေ ခဲ့ပါတယ်။
ကောင်မလေးဟာ သူငယ်ချင်းများနှင့်အတူ စားသောက်ဆိုင်တွင် ထမင်းစားနေစဉ်တွင် လိုက်ပွဲတောင်းရန် စားပွဲထိုးများကို အော်ခေါ် နေပါတယ် ။ ကောင်မလေးဟာ အမြဲတမ်း ခေါ်မကြား အော်မကြား ဖြစ်နေရသည့် စားပွဲထိုများ ကို စိတ်မရှည်ဟန် ရှိနေခဲ့ပါတယ်။
ထို့ကြောင့် ကောင်မလေးကာ မိုက်တစ်လုံးနှင့် ဆောင်းဘောက် တစ်ခုကိုယူ ဆောင်လာပြီး အကုန်လုံးကြားအောင်စားသောက်ဆိုင် ထဲတွင် အော်ခေါ်နေခဲ့ပါတယ် ။ ကောင်မလေး၏ ပြုလုပ်ပုံဟာ လူအများကို ရယ်မောစေပြီး ဆိုင်ရှင် အတွက်တော့ အတော်လေး စိတ်လေသွားနိုင် ပါတယ်။ crd
Add a Comment
Your email address will not be published. Required fields are marked *