၁၈နှစ်ပြည့်မွေးနေ့မှာ ၁၈ ပြည့် ကဗျာဆိုပြီး ကဗျာလေးတစ်ပုဒ်နဲ့ ရင်ဖွင့်လာတဲ့ အဆိုတော် မေလသံစဉ်

၁၈နှစ်ပြည့်မွေးနေ့မှာ “၁၈ ပြည့် ကဗျာ” ဆိုပြီး ကဗျာလေးတစ်ပုဒ်နဲ့ ရင်ဖွင့်လာတဲ့ အဆိုတော် မေလသံစဉ်

ယနေ့ကတော့ အဆိုတော် ဆမလသံစဉ်ရဲ့ မွေးနေ့ရက်မြတ် ပဲဖြစ်ပါတယ်။သူ က ဒီနှစ် ၁၈ နှစ်ပြည့်မှာတော့ ” ၁၈ ပြည့် ကဗျာ ” ဆိုပြီး ကဗျာလေးတစ်ပုဒ် ရေးခဲ့ပါတယ်။ ဒီကဗျာ ကတော့….

“၁၈ ပြည့်ကဗျာ ”

ငယ်ငယ်ထဲက တွေးထားတယ် ။

ဒီနေ့မှာ ကမ္ဗည်းထိုးပြီး လှူနိုင်လိမ့်မယ်လို့

တစ်နှစ်က ပျော်ပြီးရေးထားတဲ့

Happy Birthday သီချင်းလေး ဆိုဖြစ်မှာပဲလို့

တစ်ခါမှ မလုပ်ဖူးသေးတဲ့ မွေးနေ့ပွဲလေး

သူငယ်ချင်းတွေနဲ့ လုပ်ဖြစ်မှာပဲလို့

တစ်ခါမှ မဆုံဖူးသေးတဲ့

ချစ် Fan သံမဏိလေးတွေနဲ့ ဆုံရမှာပဲလို့

ဒီနေ့လေးအတွက် … ကြိုတွေးပြီး မျှော်လင့်ခဲ့ဖူးတယ်

အခုတော့ …. သစ်ပင်အိုနဲ့တူတဲ့ ပတ်ဝန်းကျင်ကြီးမှာ

ရွက်ဟောင်းကြွေ အခက်တွေ လေမှာ လွန့်လူး

အပွင့်တွေ ရွက်နုတွေ တဖြုတ်ဖြုတ်ကြွေ

တစ်ပွင့်တစ်လေ ကိုယ်လိုအပွင့်က

ခေါင်းမော့ကာ ဟန်မလုပ် နိုင်ဘူး

အပင်သန်မှ အပွင့် လန်းမယ်….

ရေးလက်စ ကဗျာရပ်

ဘာလိုလိုနဲ့ ဒီနေ့ဟာ ဘာတခုမှ အထ မမြောက်တဲ့

ငါ့မွေးနေ့ပါပဲလား ” ဆိုပြီး

သူ့မရဲ့ မကျင်းပဖြစ်တဲ့ မွေးနေ့ပွဲလေး အကြောင်းကို ကဗျာလေးနဲ့ ရင်ဖွင်ထားတာလေးကို ပရိတ် သတ်တွေကို ပြန်လည်မျှဝေ ပေးလိုက် ပါတယ်နော် ။ အချိန်ပေး ဖတ်ရှုပေးကျတဲ့ ပရိတ်သတ်ကြီးကိုလည်း အထူးကျေးဇူးတင်ပါတယ်နော် ။ ညီမလေး မေလသံစဉ်အတွက်လည်း မွေးနေ့ဆုတောင်း ပေးခဲ့ကြပါဦးနော် ။ Source ; 36 Myanmar

Add a Comment

Your email address will not be published. Required fields are marked *