အဖိုးဖြစ်သူ ကွယ်လွန်သွားတာတောင် အိမ်မပြန်နိုင်လို့ ဝမ်းနည်းစိတ်မကောင်းဖြစ်နေရတဲ့ သားငယ်

အဖိုးဖြစ်သူ ကွယ်လွန်သွားတာတောင် အိမ်မပြန်နိုင်လို့ ဝမ်းနည်းစိတ်မကောင်းဖြစ်နေရတဲ့ သားငယ်

Myanmar Idol ပြိုင်ပွဲကြီး ကနေ ပရိသတ်တွေရဲ့ အသိ အမှတ်ပြုအား ပေး ချစ်ခင်မှုတွေကို အခိုင် အမာ ရရှိထားတဲ့ အဆိုတော် သားငယ်ကတော့ ပြည်သူတွေနဲ့ အတူ တစ်သားတည်း ရပ်တည်နေသူပဲ ဖြစ်ပါတယ် ။

ရခိုင် တိုင်းရင်းသား တစ်ယောက်ဖြစ်တဲ့ အဆိုတော် သားငယ်ကတော့ အဖိုးဖြစ်သူ ကွယ်လွန် ဆုံးပါးသွားတဲ့ အတွက် စိတ်မကောင်း ဝမ်းနည်းနေ ရပြီး အိမ် မပြန် နိုင်သေးတဲ့ အကြောင်းတွေကို ပြောပြ လာပါတယ် ။

အဖိုးဖြစ်သူ ကွယ်လွန် သွားတာတောင် လက်ရှိ အခြေအနေတွေကြောင့် အိမ်မပြန်နိုင်လို့ ကြေကွဲ ဝမ်းနည်းရပြီး အဝေးကနေ ကန်တော့ လိုက်ရတာတွေကိုလည်း သားငယ်က ပြောပြထားတာ ဖြစ်ပါတယ်..။

ကျန်းမာရေး မကောင်းတဲ့ အဖိုးဖြစ်သူအတွက် အခုလို အချိန် ကာလမှာ မဆုံးဖို့ ဆုတောင်း ပေးနေပေမယ့် ဆုတောင်းတွေ မပြည့်ခဲ့တဲ့ အကြောင်းတွေကို လည်း စိတ်မကောင်းစွာ ပြောပြထား ပါသေးတယ်..။

“ ဖိုးဖိုးဆုံးပြီ

ဒီကာလမှာ မဆုံးဖို့ ဆုတောင်းတာ မပြည့်လိုက်ဘူး

အိမ်ကိုလည်း မပြန်နိုင် အဝေးက ကန်တော့ လိုက်ပါတယ် 🙏🙏🙏.. ” ဆိုပြီး စိတ်မကောင်းစွာ ပြောပြထားတာ ဖြစ်ပါတယ်..။

အဖိုးကွယ်လွန် ဆုံးပါးသွားတဲ့အတွက် ဝမ်းနည်းနေတဲ့ သားငယ်ကို ပရိသတ် တွေက အားပေးစကားတွေ ပြောထားသလို ကွယ်လွန်သူအတွက် ကောင်းရာသုဂတိ လားစေဖို့ကိုလည်း ဆုတောင်းပေး ထားကြတာ တွေ့ရပါတယ်။crd

Add a Comment

Your email address will not be published. Required fields are marked *