မရွိဆင္းရဲသူေတြ အလြယ္တကူယူစားလို႕ရေအာင္ အိမ္ေရွ႕မွာထမင္းထုပ္ ဟင္းထုပ္ေတြ ခ်ိတ္ထားေလ့ရွိတဲ့ ရွမ္းျပည္ရဲ႕ခ်စ္စရာဓေလ့

မရွိဆင္းရဲသူေတြ အလြယ္တကူ ယူစားလို႕ရေအာင္ အိမ္ေရွ႕မွာ ထမင္းထုပ္ဟင္းထုပ္ေတြ ခ်ိတ္ထားေလ့ရွိတဲ့ ရွမ္းျပည္ရဲ႕ ခ်စ္စရာဓေလ့

ယေန႔ ထမင္းက ၂ ထုပ္ ဟင္းက ၄ ထုပ္ အိမ္ေရွ႕ တ႐ုတ္စကားဝါပင္ေလးမွာ မရွိဆင္းရဲတဲ့သူ ဗိုက္ဆာတဲ့သူမ်ား အလြယ္တကူနဲ႔ ယူစားလို့ရေအာင္ခ်ိတ္ထားျဖစ္တယ္ဗ် ရွမ္းျပည္နယ္ေလးရဲ့ ခ်စ္စရာ့ ဓေလ့ ရိုးရာေလးဆိုလည္းမမွား ဘူးေပါ့ဗ်ာ ။

ကၽြန္ေတာ္က သူတို့လာယူစားတာေလးကို ၿမင္ခ်င္တယ္ ။ ၿပီးေတာ့ ပိုၿပီး ဝမ္းေျမႇာက္ ပီတိေလးျဖစ္ခ်င္လို့ ေစာင့္ၾကည့္ေနခဲ့တာ ခ်ိတ္ထားၿပီး သိပ္မၾကာခင္ေလးမွာပဲ လူတစ္ေယာက္ ေရာက္လာၿပီး ထမင္းထုပ္ ဟင္းထုပ္ေတြ လာယူတယ္ဗ် ။ အဲ့မွာ ကၽြန္ေတာ္က ထမင္းထုပ္ လာယူတဲ့ အစ္ကိုႀကီးကို လွမ္း ေျပာလိုက္တယ္ ။

အကုန္ ယူသြားပါလို့ ေျပာလည္းေျပာလိုက္ေရာ သူကကၽြန္ေတာ့္ကို ဘာျပန္ေျပာတယ္ထင္လဲ … ရပါတယ္ဗ်ာ … အစ္ကို တစ္ယာက္ စာေလးပဲ ယူသြားပါ့မယ္တဲ့ ။ အကုန္လုံး ယူမသြားခ်င္ပါဘူးတဲ့ ။

အေနာက္မွာ သူ႔လိုပဲ ဗိုက္ဆာတဲ့သူေတြ လာယူစားလို့ ရေအာင္လို့တဲ့ သူစားဖို့ ထမင္း တစ္ထုပ္နဲ႔ဟင္းတစ္ထုပ္ေလးပဲ ယူသြားေလရဲ့ဗ်ာ ။ ေကာင္းလိုက္တဲ့ စိတ္ဓာတ္ေလး မြန္ျမတ္လိုက္တဲ့ စိတ္ထား ေကာင္းလိုက္တဲ့ ကိုယ္ခ်င္းစာစိတ္ ၾကားရတာ ပီတိျဖစ္လိုက္တာဆိုတာ ေျပာမေနပါနဲ႔ေတာ့ …

အဲ့မွာကၽြန္ေတာ့္ အေတြးထဲ ေရာက္လာတာကေတာ့ ျမန္မာနိုင္ငံက လူႀကီးေတာ္ေတာ္ မ်ားမ်ားေပါ့ေလ … သူ႔လို ကိုယ္ခ်င္းစာ စိတ္ေလး ရွိၾကရင္ သိပ္ ေကာင္းမွာပဲလို့ … ရွမ္းျပည္မွာ အိမ္တိုင္း နည္းပါးပဲ ဒီအတိုင္းေလးေတြ ခ်ည္းပဲ … ကိုယ္စားလို့ မကုန္နိုင္မွန္းသိရင္ သီးသန္႔ခြဲထားၿပီး ကိုယ့္အိမ္ေရွ႕မွ ာ ႂကြပ္ႂကြပ္အိတ္ေလးေတြ ထဲထည့္ၿပီး ခ်ိတ္ဆြဲထား တတ္ၾကေလရဲ့ အဲ့ဒါေၾကာင့္ လူႀကီးတစ္ေယာက္ ကၽြန္ေတာ့္ကိုေျပာတာ ရွမ္းျပည္မွာေနရင္ ထမင္းဘယ္ေတာ့မွ မငတ္ဘူးတဲ့ေလ … ။ Crd ; HlaThanAung

Unicode … မရှိဆင်းရဲသူတွေ အလွယ်တကူ ယူစားလို့ရအောင် အိမ်ရှေ့မှာ ထမင်းထုပ်ဟင်းထုပ်တွေ ချိတ်ထားလေ့ရှိတဲ့ ရှမ်းပြည်ရဲ့ ချစ်စရာဓလေ့

ယနေ့ ထမင်းက ၂ ထုပ် ဟင်းက ၄ ထုပ် အိမ်ရှေ့ တရုတ်စကားဝါပင်လေးမှာ မရှိဆင်းရဲတဲ့သူ ဗိုက်ဆာတဲ့သူများ အလွယ်တကူနဲ့ ယူစားလို့ရအောင်ချိတ်ထားဖြစ်တယ်ဗျ ရှမ်းပြည်နယ်လေးရဲ့ ချစ်စရာ့ ဓလေ့ ရိုးရာလေးဆိုလည်းမမှား ဘူးပေါ့ဗျာ ။

ကျွန်တော်က သူတို့လာယူစားတာလေးကို မြင်ချင်တယ် ။ ပြီးတော့ ပိုပြီး ဝမ်းမြှောက် ပီတိလေးဖြစ်ချင်လို့ စောင့်ကြည့်နေခဲ့တာ ချိတ်ထားပြီး သိပ်မကြာခင်လေးမှာပဲ လူတစ်ယောက် ရောက်လာပြီး ထမင်းထုပ် ဟင်းထုပ်တွေ လာယူတယ်ဗျ ။ အဲ့မှာ ကျွန်တော်က ထမင်းထုပ် လာယူတဲ့ အစ်ကိုကြီးကို လှမ်း ပြောလိုက်တယ် ။

အကုန် ယူသွားပါလို့ ပြောလည်းပြောလိုက်ရော သူကကျွန်တော့်ကို ဘာပြန်ပြောတယ်ထင်လဲ … ရပါတယ်ဗျာ … အစ်ကို တစ်ယာက် စာလေးပဲ ယူသွားပါ့မယ်တဲ့ ။ အကုန်လုံး ယူမသွားချင်ပါဘူးတဲ့ ။

အနောက်မှာ သူ့လိုပဲ ဗိုက်ဆာတဲ့သူတွေ လာယူစားလို့ ရအောင်လို့တဲ့ သူစားဖို့ ထမင်း တစ်ထုပ်နဲ့ဟင်းတစ်ထုပ်လေးပဲ ယူသွားလေရဲ့ဗျာ ။ ကောင်းလိုက်တဲ့ စိတ်ဓာတ်လေး မွန်မြတ်လိုက်တဲ့ စိတ်ထား ကောင်းလိုက်တဲ့ ကိုယ်ချင်းစာစိတ် ကြားရတာ ပီတိဖြစ်လိုက်တာဆိုတာ ပြောမနေပါနဲ့တော့ …

အဲ့မှာကျွန်တော့် အတွေးထဲ ရောက်လာတာကတော့မြန်မာနိုင်ငံက လူကြီးတော်တော် များများပေါ့လေ … သူ့လို ကိုယ်ချင်းစာ စိတ်လေး ရှိကြရင် သိပ် ကောင်းမှာပဲလို့ … ရှမ်းပြည်မှာ အိမ်တိုင်း နည်းပါးပဲ ဒီအတိုင်းလေးတွေ ချည်းပဲ … ကိုယ်စားလို့ မကုန်နိုင်မှန်းသိရင် သီးသန့်ခွဲထားပြီး ကိုယ့်အိမ်ရှေ့မှ ာ ကြွပ်ကြွပ်အိတ်လေးတွေ ထဲထည့်ပြီး ချိတ်ဆွဲထား တတ်ကြလေရဲ့ အဲ့ဒါကြောင့် လူကြီးတစ်ယောက် ကျွန်တော့်ကိုပြောတာ ရှမ်းပြည်မှာနေရင် ထမင်းဘယ်တော့မှ မငတ်ဘူးတဲ့လေ … ။ Crd ; HlaThanAung

Add a Comment

Your email address will not be published. Required fields are marked *