ကိုဗစ္စည္းကမ္းေတြနဲ႔လြတ္ေအာင္ ေလယာဥ္နဲ႔ေဝဟင္မွာ မဂၤလာေဆာင္ခဲ့ၾကတဲ့ အိႏၵိယစုံတြဲ အေရးယူခံရ

ကိုဗစ္စည္းကမ္းေတြနဲ႔လြတ္ေအာင္ ေလယာဥ္နဲ႔ေဝဟင္မွာ မဂၤလာေဆာင္ခဲ့ၾကတဲ့ အိႏၵိယစုံတြဲ အေရးယူခံရ

ကိုရိုနာဗိုင္းရပ္စ္ စည္းကမ္း ကန႔္သတ္ခ်က္ေတြကို ေရွာင္လႊဲနိုင္ဖို့အတြက္ အိ ႏၵိယစုံတြဲ တစ္တြဲဟာ ခရီးသည္တင္ ဂ်က္ေလယာဥ္ တစ္စီးကို စင္းလုံးငွားၿပီး ေမလ ၂၄ ရက္ေန႔က ေဝဟင္မွာ မဂၤလာေဆာင္ခဲ့ၾကတယ္လို့ ေအအက္ဖ္ပီ သတင္းအရ သိရပါတယ္။

ကိုဗစ္-၁၉ ေရာဂါ ပ်ံ႕ႏွံကူးစက္ေနတဲ့အတြက္ အိႏၵိယအစိုးရက မဂၤလာေဆာင္တစ္ခုကို ဧည့္သည္ ၅၀ ဦး အထိပဲ ကန႔္သတ္ခဲ့တာျဖစ္ၿပီး ေလယာဥ္ေပၚက ေဝဟင္မဂၤလာပြဲကို ဧည့္ပရိသတ္ ၁၆၀ ေက်ာ္ တက္ေရာက္ ခဲ့ၾကပါတယ္။

အိႏၵိယေလေၾကာင္း အာဏာပိုင္အဖြဲ႕က ဂ်က္ေလယာဥ္ရဲ့ ေလယာဥ္အမွုထမ္း ေတြကို စစ္ေဆးဖို့နဲ႔သူတို့ကို အလုပ္တာဝန္ ရပ္ဆိုင္းထားဖို့ အမိန႔္ ထုတ္ျပန္လိုက္တယ္လို့ သတင္းက ဆိုပါတယ္။

အဲဒီစုံတြဲႏွင့္ ဧည့္သည္ေတြကို အေရးယူဖို့ ေလေၾကာင္း အာဏာပိုင္အဖြဲ႕က စပီဂ်က္ေလေၾကာင္းကို ညႊန္ၾကားထားတယ္လို့ ညႊန္ခ်ဳပ္ကေျပာပါတယ္။ သူတို့အားလုံးဟာ ခရီးသည္တင္ ေလယဥ္ ေတြကို စီးနင္းခြင့္ပိတ္ပင္ ခံရနိုင္ပါတယ္လို့ ဆိုပါတယ္။ Ref ; AFP

Unicode … ကိုဗစ်စည်းကမ်းတွေနဲ့လွတ်အောင် လေယာဉ်နဲ့ဝေဟင်မှာ မင်္ဂလာဆောင်ခဲ့ကြတဲ့ အိန္ဒိယစုံတွဲ အရေးယူခံရ

ကိုရိုနာဗိုင်းရပ်စ် စည်းကမ်း ကန့်သတ်ချက်တွေကိုရှောင် လွှဲနိုင်ဖို့အတွက် အိ န္ဒိယစုံတွဲ တစ်တွဲဟာ ခရီးသည်တင် ဂျက်လေယာဉ် တစ်စီးကို စင်းလုံးငှားပြီး မေလ ၂၄ ရက်နေ့က ဝေဟင်မှာ မင်္ဂလာဆောင်ခဲ့ကြတယ်လို့ အေအက်ဖ်ပီ သတင်းအရ သိရပါတယ်။

ကိုဗစ်-၁၉ ရောဂါ ပျံ့နှံကူးစက်နေတဲ့အတွက် အိန္ဒိယအစိုးရကမင်္ဂလာ ဆောင်တစ်ခုကို ဧည့်သည် ၅၀ ဦး အထိပဲ ကန့်သတ်ခဲ့တာဖြစ်ပြီး လေယာ ဉ်ပေါ်က ဝေဟင်မင်္ဂလာပွဲကို ဧည့်ပရိသတ် ၁၆၀ ကျော် တက်ရောက် ခဲ့ကြပါတယ်။

အိန္ဒိယလေကြောင်း အာဏာပိုင်အဖွဲ့က ဂျက်လေယာဉ်ရဲ့ လေယာဉ္အမှုထမ်း တွေကို စစ်ဆေးဖို့နဲ့သူတို့ကို အလုပ်တာဝန် ရပ်ဆိုင်းထားဖို့အမိန့် ထုတ်ပြန်လိုက်တယ်လို့ သတင်းက ဆိုပါတယ်။ အဲဒီစုံတွဲနှင့် ဧည့်သည်တွေကို အရေးယူဖို့ လေကြောင်း အာဏာပိုင်အဖွဲ့က စပီဂျက်လေကြောင်းကို ညွှန်ကြားထားတယ်လို့ ညွှန်ချုပ်ကပြောပါတယ်။ သူတို့အားလုံးဟာ ခရီးသည်တင် လေယဉ် တွေကို စီးနင်းခွင့်ပိတ်ပင် ခံရနိုင်ပါတယ်လို့ ဆိုပါတယ်။ Ref ; AFP

Add a Comment

Your email address will not be published. Required fields are marked *