ထိုင်ဝမ်ကိုနိုင်ငံလို့ပြောဆိုခဲ့လို့ တရုတ်ကိုပြန်တောင်းပန်ခဲ့တဲ့ ဂျွန်ဆီနာကို တောင်းပန်ရကောင်းလားဆိုပြီး အမေရိကန်ကပါ ဒေါသထွက်အပြစ်တင်နေ

ထိုင်ဝမ်ကိုနိုင်ငံလို့ပြောဆိုခဲ့လို့ တရုတ်ကိုပြန်တောင်းပန်ခဲ့တဲ့ ဂျွန်ဆီနာကို တောင်းပန်ရကောင်းလားဆိုပြီး အမေရိကန်ကပါ ဒေါသထွက်အပြစ်တင်နေ

WWE ရဲ့ နာမည်ကျော် ကြယ်ပွင့်အဖြစ်နဲ့ရော ရုပ်ရှင်သရုပ်ဆောင် တစ်ဦးအဖြစ်နဲ့ပါ ကျော်ကြားနေတဲ့ ဂျွန်ဆီနာဟာ ထိုင်ဝမ်ကိုနိုင်ငံတစ်ခုအဖြစ် သုံးနှုန်း ပြောဆိုခဲ့မိလို့ ပြန်လည် တောင်းပန်မှုတွေ ပြုလုပ် ခဲ့ရကြောင်း အယ်လ်ဂျာဇီးယား သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ သူ့ရဲ့နောက်ဆုံးထွက် ရုပ်ရှင်မိတ်ဆက်မှုအတွင်းမှာ ဂျွန်ဆီနာက ပြောဆိုခဲ့တာဖြစ်ပြီး တရုတ်မှာဒီလိုပြောဆိုခဲ့မှု အတွက် ဂယက်ထခဲ့ပြီးနောက် ပြန်တောင်းပန်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အင်္ဂါနေ့က သူ့ရဲ့ Weibo လူမှုကွန်ရက် အကောင့်မှာ ဂျွန်ဆီနာက ပြန်တောင်းပန်တဲ့ Video clip ကို တင်ခဲ့ တာဖြစ်ပါတယ်။ ဒီလအစောပိုင်းက သူဟာ Fast & Furious 9 ရုပ်ရှင် ဇာတ်ကားအတွက် Promo ပြုလုပ်ခဲ့ရာမှာ ထိုင်ဝမ်ကို တိုင်းပြည်လို့ခေါ်ဝေါ်ခဲ့တာဖြစ်တယ်လို့ Global Times သတင်းစာက ဖော်ပြခဲ့ပါတယ်။

” ကျွန်တော် အမှားတခု လုပ်ခဲ့မိ ပါတယ်၊ အခုပြောရမယ်ဆိုရင်တော့ အရမ်းအရမ်း အရေးကြီးတာက တရုတ်နဲ့ တရုတ် လူမျိုးတွေကို ကျွန်တော်ချစ်မြတ်နိုးပြီး လေးစားမှု ရှိတယ်ဆိုတာပါပဲ ” လို့ ဂျွန်ဆီနာက အသေးစိတ်ရှင်းပြခြင်းမရှိဘဲ တရုတ်ဘာသာ စကားနဲ့ပြောဆို ခဲ့ပါတယ်။ ဒီလိုဝန်ချတောင်းပန်မှုဟာလည်း တရုတ်လူမှုမီဒီယာတွေပေါ်မှာ နောက်ထပ်ဒေါသ ထွက်မှုတွေကိုဖြစ်ပွားစေခဲ့ပြီး ထိုင်ဝမ်ကို တရုတ်ရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် မပြောဆိုခဲ့လို့ ဂျွန်ဆီနာကို နောက်တစ်ကြိမ် ပြစ်တင်ခဲ့ကြပါတယ်။

ဒါ့အပြင် အမေရိကန်မှာလည်း ရီပတ်ဘလစ်ကန်တွေနဲ့ ကွန်ဆာဗေးတစ်တွေက ဂျွန်ဆီနာဟာ တရုတ်ကို အလျှော့ပေး ဦးညွှတ်ပြီး တောင်းပန်ခဲ့တယ်ဆိုကာ ဒေါသထွက်ဆန့်ကျင်ခဲ့ကြပြီး အပြစ်တင်ခဲ့ကြပါတယ်။ ရီပတ်ဘလီကန်အထက်လွှတ်တော်အမတ် Tom Cotton က ဒီအပြုအမူကို ” ပျော့ညံ့နုံချာလိုက်တာ” လို့ သုံးနှုန်းခေါ်ဝေါ်ခဲ့ပါတယ်။

ဝီဂါလူနည်းစုအပေါ် တရုတ်အစိုးရက လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ပြုလုပ်ခဲ့လို့ ၀ိုင်းဝန်းဆန့်ကျင်ကာ ပြစ်တင်နေချိန်မှာ ဂျွန်ဆီနာက ဒီနိုင်ငံရေး အရှုပ်အထွေးထဲကို မတော်တဆဝ င်ရောက်လာခဲ့တဲ့ နောက်ဆုံးသော နာမည်ကြီး အနောက်နိုင်ငံသားလည်း ဖြစ်လာခဲ့ပါတယ်။

အမေရိကန်မှာ လူကြိုက်အများဆုံး ဖျော်ဖြေရေး အစီအစဉ်တစ်ခုဖြစ်တဲ့WWE မှာ ဂျွန်ဆီနာက ပရိသတ် အခိုင်အမာ ရရှိခဲ့သူ တစ်ဦးဖြစ်ပါတယ်။ လက်ရှိမှာတော့ WWE နဲ့ လမ်းခွဲခဲ့ပြီး ရုပ်ရှင်ဇာတ်လမ်းတွေ ရိုက်ကူးနေကာThe Marine ၊ 12 Rounds ၊ Lenendary အစရှိတဲ့ ဇာတ်ကား တွေအပါအဝင် ၁၉ ကားအထိ ရိုက်ကူးခဲ့ပြီး FF9 မှာပါ ပါဝင်လာခဲ့ခြင်းဖြစ်ပါတယ်။ အခုအခါမှာတော့ သူ့ရဲ့စကားအသုံးအနှုန်းကြောင့် ပြန်လည်တောင်းပန်မှုတွေပြုလုပ်ခဲ့ရကာ နှစ်ဖက်စလုံးရဲ့ ပြစ်တင်မှုတွေကို ခံနေရပြီဖြစ်ပါတယ်။ Source ; therivernews

Add a Comment

Your email address will not be published. Required fields are marked *