အိန္ဒိယရဲ့တစ်နေ့တာ ကိုဗစ်ကူးစက်ဦးရေ တစ်လကျော်အတွင်း အနိမ့်ဆုံး အရေအတွက်ဖြစ်လာ

အိန္ဒိယရဲ့တစ်နေ့တာ ကိုဗစ်ကူးစက်ဦးရေ တစ်လကျော်အတွင်း အနိမ့်ဆုံးအရေအတွက် ဖြစ်လာ

အိန္ဒိယနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ထပ်တိုး ပိုးတွေ့သူဦး ရေ ၁၈၆၃၆၄ ဦးရှိခဲ့ကြောင်း သောကြာနေ့ ( မေ ၂၈) မှာ ထုတ်ပြန်ခဲ့ပြီး ဒီအရေ အတွက်ဟာ ဧပြီ ၁၄ ရက်နောက်ပိုင်း အနိမ့်ဆုံး တစ်နေ့တာ ကိုဗစ်ပိုးတွေ့ အရေအတွက် ဖြစ်ကြောင်း သိရပါတယ်။

တဖန် ကိုဗစ်ကြောင့် ထပ်မံသေဆုံးသူ ဦးရေကတော့ ၃၆၆၀ဦးရှိ ခဲ့ပါတယ် ။ ယခုအခါ တောင်အာ ရှနိုင်ငံရဲ့ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ဦးရေ စုစုပေါင်း ၂၇.၅၆ သန်းနဲ့ သေဆုံးဦးရေ စုစုပေါင်း ၃၁၈၈၉၅ ဦး ရှိနေပြီလို့ ကျန်းမာ ရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ အချက်အလက်တွေ အရ သိရပါတယ်။

အိန္ဒိယနိုင်ငံရဲ့ တရားဝင် နေ့အလိုက် ကိုဗစ် ကူးစက်ဦးရေဟာ ပြီးခဲ့တဲ့ ရက်အနည်းငယ်ကစကာ ကျဆင်းလာခဲ့ပြီး နိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ဗိုင်းရပ်စ် ဒုတိယလှိုင်း ဆုတ်ယုတ်စ ပြုလာပြီဆိုတဲ့ မျှော်လင့်ချက်တွေ ထွက်ပေါ်စေခဲ့ပါတယ်။ သို့ပေမယ့် ကျေးလက်ဒေသတွေမှာ စမ်းသပ်စစ်ဆေးနိုင်မှု နည်းပါးနေခြင်းကြောင့် ရောဂါကူးစက်မှုအသစ်တွေ စာရင်းမဝင်မှုရှိနေတဲ့အပေါ် အလေးအနက် စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။

တရားဝင် စာရင်းဇယားတွေကို ရိုက်တာက တွက်ချက် ဖော်ပြမှုအရ တောင်အာရှဒေသမှာ ကိုဗစ်ကူးစက်ဦးရေ စုစုပေါင်းဟာ သောကြာနေ့ အရောက်မှာ သန်း ၃၀ ကျော် သွားခဲ့ပြီလို့ သိရပါတယ်။ Ref ; CNA

Add a Comment

Your email address will not be published. Required fields are marked *