ကိုဗစ်ကာကွယ်ဆေးထိုးပြီး ဆုကြေးဒေါ်လာ တစ်သန်းရသွားတဲ့ အိုဟိုင်းယိုးပြည်နယ်က အင်ဂျင်နီယာမလေး

ကိုဗစ်ကာကွယ်ဆေးထိုးပြီး ဆုကြေးဒေါ်လာ တစ်သန်းရသွားတဲ့ အိုဟိုင်းယိုးပြည်နယ်က အင်ဂျင်နီယာမလေး

ကိုဗစ်ကာကွယ်ဆေးထိုးနှံပါက ဆုကြေးဒေါ်လာ တစ်သန်းအထိ ရရှိမယ်ဆိုတဲ့ မက်လုံးပေးကာ ကာကွယ်ဆေးထိုးဖို လှုဆော်မှုတွေ ပြုလုပ်ခဲ့တဲ့ အိုဟိုင်းယိုးပြည်နယ်မှာတော့ တက္ကသိုလ် ဘွဲရလူငယ် အမျိုးသမီးတစ်ဦးက ဆုကြေးဒေါ်လာ တစ်သန်းကို ဆွတ်ခူးသွားခဲ့ပြီ ဖြစ်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဆုကြေးအတွက် ကျပန်းရွေးချယ်မှု ပြုလုပ်ခဲ့ပြီးနောက် ညနေပိုင်းမှာ ဆုရရှိသူကို ကြေ ညာ ခဲ့တာလည်း ဖြစ်ပါတယ်။

အိုဟိုင်းယိုး ပြည်နယ်သား ၂.၇ သန်းအထိ အမည် စာရင်း ပါဝင်ခဲ့ကြပြီး Abbigail Bugenske ဆိုတဲ့ မိန်းကလေးငယ်တစ်ဦးက ဆုပိုင်ရှင်အဖြစ် တရားဝင်ထွက်ပေါ် လာခဲ့တာလည်း ဖြစ်ပါတယ်။ နောက်ထပ်ဆုပိုင်ရှင် လေးဦးအထိကို ရွေးချယ်ဦးမှာဖြစ်ပြီး လာမယ့်ဗုဒ္ဓဟူးနေ့ ညနေပိုင်းမှာ နောက်ထပ်တစ်ဦး ထပ်မံထွက်ပေါ်လာဦးမှာဖြစ်ကာ ဘယ်သူဖြစ်မလဲဆိုတာကိုတော့ အိုဟိုင်းယိုးပြည်နယ်သားတွေ ရင်ခုန်ရဦးမှာလည်း ဖြစ်ပါတယ်။

Abbigail ရဲ့ အဖွားဖြစ်သူက ဒီသတင်းကြားပြီးပြီးချင်းမှာ မယုံကြည်ခဲ့မိဘူးလို The Washington Post သတင်းစာကို ဖွင့်ဟ ခဲ့ပါတယ်။ ” တော်စမ်း၊ မပြောနဲ့တော့၊ အဲဒါရိုက်စား လုပ်နေကြတာ၊ ဒေါ်လာတစ်သန်းဟုတ်လား၊ တစ်သန်းတော့ မဖြစ်နိုင်ဘူး၊ တစ်ထောင်လောက်ပဲ နေမှာပါလို ကျွန်မပြောခဲ့ပါတယ် ” လို သူမက ဆိုပါတယ်။

ဆုကြေးဆွတ်ခူးခဲ့တဲ့ Abbigail ဟာ အင်ဂျင်နီယာ တစ်ဦးအဖြစ် လုပ်ကိုင်နေသူဖြစ်ပြီး ပြည်နယ်တက္ကသိုလ်က ကျောင်းသူတစ်ဦးဖြစ်တယ်လို သူမရဲ့ Facebook Profile မှာ ဖော်ပြထားပါတယ်။ စက်မှုအင်ဂျင်နီယာဘွဲကြိုဘွဲကို မီချီဂန်ပြည်နယ်ကနေ ပြီးခဲ့တဲ့နှစ်က ရရှိခဲ့ပြီး ကာကွယ်ဆေးထိုးနှံဖို တက်ကြွသူတစ်ဦးဖြစ်ကာ သူမရဲ့အဖွားကိုလည်း ကာကွယ်ဆေးထိုးဖို တိုက်တွန်းခဲ့ကြောင်းလည်း သိရပါတယ်။

“သူက ကျွန်မကို အချိန်တိုင်းပဲ ကာကွယ်ဆေးထိုးဖို အားပေးနေခဲ့တာ” လို အဖွားဖြစ်သူက ပြောဆိုခဲ့ပါတယ်။ အခု အခါမှာတော့ အဖွားဖြစ်သူဟာ Moderna ကာကွယ်ဆေးကို နှစ်ကြိမ်စလုံးထိုးနှံခဲ့ပြီးပြီလိုလည်း သိရပါတယ်။

အိုဟိုင်းယိုးပြည်နယ်အစိုးရက ဆုကြေးဒေါ်လာတစ်သန်းချီးမြှင့်မှုကို နောက်ထပ် လေးကြိမ်တိတိ ပြုလုပ်သွားမှာဖြစ်ပြီး အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်းမှာ ရွေးချယ် သွားမှာဖြစ်ပါတယ်။ ဒါ့အပြင် အသက် ၁၈ နှစ်အောက် လူငယ်တွေအတွက်လည်း ဒေါ်လာတစ်သန်းတန် ပညာသင်စရိတ် ထောက်ပံ့မှုချီးမြှင့်မှုတွေကိုလည်း ပြုလုပ်နေတာဖြစ်ပါတယ်။

ပညာသင် စရိတ်အတွက် ပထမဆုံး ကံထူးရှင်ကတော့ Joseph Costello ဆိုသူဖြစ်ပြီး ကာယကံရှင် ကတော့ ဒီဆုရရှိခဲ့တဲ့အတွက် တော်တော်လေး စိတ်လှုပ်ရှားမိကာ ကျေနပ်ပျော်ရွှင် မိတယ်လို ပြောကြားခဲ့ပါတယ်။ ဆုကြေးနဲ့မက်လုံးပေး ဆွဲဆောင်ခဲ့ပြီးနောက် ပြည်နယ်တွင်းမှာ ကာကွယ်ဆေး ထိုးနှံသူ ဦးရေဟာ ၃၃% အထိ မြင့်တက် လာခဲ့တယ် လိုလည်း သိရပါတယ်။ Source ; therivernews

Add a Comment

Your email address will not be published. Required fields are marked *