တမူးမြို့နယ်တွင် ကိုဗစ်အတည်ပြုလူနာ ၁၀၀ကျော်အထိ တွေ့ရှိထား

တမူးမြို့နယ်တွင် ကိုဗစ်အတည်ပြုလူနာ ၁၀၀ ကျော်အထိ တွေ့ရှိထား

စစ်ကိုင်းတိုင်း ဒေသကြီး တမူးမြို့နယ်တွင် ကိုဗစ် ၁၉ အတည်ပြုလူနာ ၁၀၀ ကျော်အထိ တွေ့ရှိထားကြောင်း တမူးမြို့နယ် ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော် ကျော်လင်းက ပြောသည်။

တမူးမြို့နယ်တွင် ၂၀၂၁ ခုနှစ် မေလ ၂၆ ရက်နေ့မှ စ၍ RDT Test Kit ဖြင့် ကိုဗစ်-၁၉ ရောဂါ ရှိ/ မရှိ စစ်ဆေးခဲ့ရာ ယနေ့ အချိန်အထိ ကိုဗစ် ၁၉ အတည်ပြုလူနာ ၁၀၀ ကျော်အထိ ရှိနေခြင်း ဖြစ်သည်။

” မနေ့ကတော့ တမူးမြို့နယ်မှာ ၂၁ ယောက်ကို Test kit စစ်လိုက် တော့ ၁၂ ယောက်ပိုးတွေ့တယ်။ တမူးမြို့နယ်အနေနဲ့ ကိုဗစ်အတည်ပြုလူနာစာရင်းမှာ မေလ ၂၆ ရက်နေ့ကစပြီး မေလ ၃၁ ရက်နေ့အထိ ၁၀၉ ဦးအထိရှိတယ်။ ဒီနေ့ ၁၃ ယောက်ထပ်တွေ့တယ်။

အားလုံးစုစုပေါင်း ပိုးဆွေ့လူနာ ၁၀၀ ကျော်အထိရှိသွားပြီ။ စပြီး ပိုးတွေ့တာ က အကျဉ်းသားတွေ ဆီကနေတွေ့တာ ။ မသင်္ကာလို့ အနံပျောက်လို့ စစ်ဆေးရာကနေ တွေ့တာ။ ပိုးတွေ့လူနာတွေရဲ့ ကျန်းမာရေး အခြေ အနေကကောင်းပါတယ်။ သေဆုံးလူနာ မရှိပါဘူး”ဟု ၎င်းက ပြောသည်။အဆိုပါ ကိုဗစ် ၁၉ အတည်ပြု လူနာများကိုတော့ သက်ဆိုင်ရာဆေးရုံများ၌ ထားရှိ၍ ဆေးကုသမှုပေးလျက်ရှိကြောင်း သိရသည်။

” ပိုးတွေ့လူနာတွေရဲ့ ထိစပ်တွေကိုတော့ တမူးမြို့ BRTS ကွာရတင်း စင်တာမှာ ထားပါတယ်။ ကျန်တဲ့ Contact တွေကို လိုက်နေတုန်းပါပဲ။ လောလောဆယ် Contactက ၃၀ ကျော်လောက်ပဲရှိသေးတာ။ လူနာတွေရဲ့ ကျန်းမာရေး စောင့်ရှောက်မှုက အဆင်ပြေပါတယ်” ဟု ၎င်းကပြောသည် ။

တမူးမြို့နယ်တွင် ကိုဗစ် ၁၉ ရောဂါပိုးတွေ့ရှိမှု များလာခြင်းကြောင့် ကျန်းမာ ရေးနှင့် အားကစားဝန်ကြီး ဌာနမှ မေလ ၂၉ ရက်နေ့မှ စ၍ Stay at home ဒေသအဖြစ် သတ်မှတ်ထားကြောင်း သိရသည်။ ကိုဗစ် ၁၉ ရောဂါပိုးအား ဆက်လက်၍ ကူးစက်ပြန့်ပွားမှုမရှိအောင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ လမ်းညွှန်ထားသည့်အချက်များကို လိုက်နာရန် လိုအပ်သည်။ Source ; People Media

Tags:

Add a Comment

Your email address will not be published. Required fields are marked *