Unicode … သရုပ်ဆောင် ခွန်းဆင့်နေခြည်ရဲ့ မိခင်ဖြစ်သူ ကွယ်လွန်
သရုပ်ဆောင် ခွန်းဆင့်နေခြည်ရဲ့ မိခင်ဖြစ်သူ ဒေါ်ဆွေဆွေသန်း (အသက်၆၈ နှစ်) ဟာ ဇွန်လ ၁ ရက်နေ့၊ ညနေ ၅ အချိန်ခန့်က ရန်ကုန်မြို့နေအိမ်မှာ နှလုံးရောဂါနဲ့ ကွယ်လွန် သွားခဲ့တယ်လို့ သိရပါတယ်။ ခွန်းဆင့်နေခြည်က မိ သားစုနဲ့အဝေး အမေရိကန်နိုင်ငံ ၊ နယူးယောက်မြို့မှာ ရောက်ရှိနေတာကြောင့် ပြန်လာလို့ မရတဲ့အတွက် ပူဆွေး ဝမ်းနည်းနေရတယ်လို့ ဆိုပါတယ်။
“ ပိုးမွေးသလိုမွေးပြီး လိုအပ်ချက် မရှိရ လေအောင် အကုန် လုပ်ပေးတယ် ။ မျက်ခြေမပြတ် စောင့်ကြည့်နေတဲ့ကြားမှာ အမေ ကျန်းမာနေပါတယ်။ ဒါပေမဲ့ နှလုံးဖောက်ပြီး ဇွန်လ ၁ ရက်နေ့ ညနေ ၅ ဝန်းကျင်က ရန်ကုန်မှာအမေဆုံးသွားပါပြီ ”
“ အဝေးရောက်နေတဲ့ သမီး ရင်တွေ ကွဲရပါပြီ ။ ပြန်လာလို့လည်း မရဘူး ။ နေမထိ ထိုင်မသာနဲ့ အသည်း အသန်တွေ ငိုကျွေးနေရပါတယ်”လို့ ခွန်းဆင့်နေခြည်က စိတ်မကောင်းစွာ ဆိုထားပါတယ်။ Source – Khunn Sint Nay Chi’s Facebook
Add a Comment
Your email address will not be published. Required fields are marked *