အမှိုက်ပုံးကြီးဆွဲပြီး တစ်လမ်းဝင်တစ်လမ်းထွက်နဲ့ အမှိုက်တွေ ကျုံးလိုက်ပစ်လိုက်နဲ့ လုပ်ပေးနေရှာတဲ့အဘ

အမှိုက်ပုံးကြီးဆွဲပြီး တစ်လမ်းဝင် တစ်လမ်းထွက်နဲ့ အမှိုက်တွေ ကျုံးလိုက် ပစ်လိုက်နဲ့ လုပ်ပေးနေရှာတဲ့အဘ

ဘဘဦးကြည်ဝင်း တစ်ယောက် ဒီနှစ်ဆိုရင် အသက် ၈၀ နားနီးနေပြီ ။ သူခဗျာ ခါးလေးကကိုင်း လက်ကလေးတွေက တုန်တုန်ရီရီနဲ့ စကားတောင်အသံ ပီပီိသသ မပြောနိုင်တော့ပေမယ့် စစ်ကိုင်းမြို့ကြီး သန့်ရှင်းလှပဖို့ တက်နိုင်တဲ့အားလေးနဲ့ နေ့စဉ် အချိန်မှန်မှန် သူ့ခန္ဓာဝန်နဲ့ မလိုက်တဲ့ အမှိုက်ပုံးကြီး ဆွဲပြီး တစ်လမ်းဝင် တစ်လမ်းထွက်နဲ့ အမှိုက်တွေ ကျုံးလိုက် ပစ်လိုက်နဲ့ လုပ်ပေးနေရှာတယ်။

ဘဘက လူပျိုကြီးပါ ။ သူ့ညီမဖြစ်သူ ပင်စင်စားအန်တီကြီးနဲ့ မောင်နှမလေး နှစ်ယောက် အေးအေး ချမ်းချမ်း နေရှာပါတယ် ။ ထောက်ပံ့မယ့်လှူ , ကြည့်မယ့် လူမရှိလို့ မောင်နှမနှစ်ယောက်လေး ဒီလိုလေးဘဲ ရှိ တစ်လှည့် မရှိတစ်လှည့်နဲ့ ချွေတာစားသောက်နေရတယ် ပြောပါတယ် ။ ဘဘညီမ ကြီးကြီးက ဒိုဘီ ပင်မင်းလေး လုပ်ပုံရပါတယ် ။ ဘဘက အစက စည်ပင်လုပ်သား တစ်ဦးပါတဲ့။

အသက် (၆၀) ပင်စင်နား လိုက်ရပေမယ့် ဘဘတို့လက်ထက်က အထက်လူကြီးက ရိုးသားကြိုးစားတဲ့ ဘဘကို တော်တော် ချစ်ရှာတယ်တဲ့ ။ အခုဆိုဘဘကအသက် (၈၀) နား နီးနေရှာပြီ ။ ခါးကလည်းကိုင်း လူကလည်းတုန်ချိနေပေမယ့် သူ့အလူပ်လေး မစွန့်လွှတ် နိုင်ရှာဘူး ။

မနက် ၈:၀၀ လောက်ဆို စစ်ကိုင်းဈေးမီးပွိုင့် နားရောက်နေပြီ ။ ပြီးရင် ပိုးတန်း ရပ်ကွက်တစ်လျှောက်, ကန်းနားလမ်းဘက်ပက်လည် နန္ဒာဝန်ဘက်က အိမ်လေးတွေရဲ့ အမှိုက်တွေကို ကျုံးပေး ပစ်ပေးနဲ့ ဘဘကို သနားလို့ ဆိုပြီး မုန့်ဖိုး ၃၀၀,၄၀၀ ပေးကြတယ်လို့ သိရပါတယ်။

ဘဘဆီ ကိုယ်တိုင်ကိုယ်ကျ သွားရောက် ကုသိုလ်ပြုချင်တယ်ဆိုရင် စစ်ကိုင်းမြို့မဈေးမီးပွိုင့်ကနေ အနောက်ဘက် တည့်တည့် ချင်းစု မီးပွိုင့်ရောက်ရင်တောင်ဘက် ချိုးလိုက်ပါ ။ ဒုတိယမြောက် ဂုံးဆင်းလမ်းချိုးအတိုင်း အနောက်ဆင်းလိုက်တာနဲ့ ၃,၄ အိမ်ကျော် ခြံသေးသေးလေးနဲ့ ရွှေသိဂ်ီ (ဒိုဘီ) ဆိုပြီး ဆိုင်းပုတ်နဲ့ အိမ်လေးရောက်ရင် ရောက်ပါပြီ။ Source – CJ

Add a Comment

Your email address will not be published. Required fields are marked *