ကမ္ဘာ့အတော်ဆုံး ရွှေတံဆိပ်ဆုရ မိုင်းရှာကြွက်ကလေး တာဝန်မှအနားယူ

ကမ္ဘာ့အတော်ဆုံးရွှေတံဆိပ်ဆုရ မိုင်းရှာကြွက်ကလေး တာဝန်မှအနားယူ

မိုင်းရှာဖွေရေးမှာ အသုံးပြုတဲ့ ကြွက်ကလေး Magawa ဟာ သူ့ရဲ့တာဝန် တွေကနေ အနားယူ သွားပြီဖြစ်ပါတယ်။ George Cross ဘွဲ့ရ ကြွက်ကလေးဟာ ကမ္ဘောဒီးယားမှာ ငါးနှစ်ကြာ တာဝန်ထမ်းဆောင် ခဲ့ပြီးနောက် အနားယူခဲ့တာဖြစ်ပြီး အနားယူချိန်မှာတော့ အသက် ၇ နှစ်သား အရွယ်ဖြစ်နေပြီလို့ Daily Mail က ဖော်ပြခဲ့ပါတယ်။

ဘယ်လ်ဂျီယံက မြေမြုပ်မိုင်းရှာဖွေရေးနဲ့ တီဘီရောဂါရှာဖွေရေးတွေအတွက် လေ့ကျင့် သင်ကြားပေးတဲ့ APOPO က သူ့ကို လေ့ကျင့်ပေးခဲ့ပြီး ကမ္ဘောဒီးယားမှာ မြေမြုပ်မိုင်း ၇၁ လုံးနဲ့ မပေါက် ကွဲသေးတဲ့ စစ်သုံးလက်နက် ၂၈ ခုအထိကို ရှာဖွေပေးနိုင်ခဲ့ပါတယ်။ သူ့ရဲ့ တာဝန်သက်တမ်းတလျှောက် စတုရန်းမီတာ ၁၄၁၀၀၀ အထိကို ရှင်းလင်းရေးပြုလုပ်ပေးနိုင်ခဲ့တယ်လို့လည်း သိရပါတယ်။ ၁၉၇၅ ကနေ ၁၉၉၈ ခုနှစ်အတွင်း ကမ္ဘောဒီးယားမှာ ခန့်မှန်းခြေအားဖြင့် မြေမြုပ်မိုင်းပေါင်း လေးသန်းကနေ ခြောက်သန်းကြားအထိ မြုပ်နှံခဲ့တယ်လို့ ယူဆရပြီး ၆၄၀၀၀ အထိ ထိခိုက်သေဆုံးမှု ဖြစ်ပွားပြီးဖြစ်ပါတယ်။

သူ့ရဲ့စွမ်းဆောင်ရည်တွေကြောင့် ပြီးခဲ့တဲ့နှစ်အတွင်းက PDSA ရွှေတံဆိပ်ဆုကိုရရှိခဲ့ပါတယ်။ ငါးနှစ်အကြာမှာတော့ သူဟာပထမဆုံး အကြိမ်အဖြစ် လယ်ကွင်းပြင်တစ်ခုကို သွားရောက်နိုင်ခဲ့ပြီး သူ့ကိုထိန်းကျောင်းပေးနေသူMalen က ကြွက်ကလေးဟာ နှေးကွေးစပြုလုပ်လာပြီဖြစ်ပြီး သူ့ရဲ့အားနည်းလိုအပ်ချက်တွေအပေါ်မှာ လေးစားဖို့အချိန်ကျရောက်လာပြီလို့ ပြောကြားခဲ့ကာအနားယူရတဲ့အကြောင်းရင်းကို ရှင်းပြခဲ့ပါတယ်။

Magawa ဟာ တန်ဇန်းနီးယားမှာ အခြေစိုက်ထားတဲ့ ပရဟိတဌာနမှာ ရက်အနည်းငယ် ဆက်လက်နေ ထိုင်ဦးမယ်လို့ သိရပါတယ်။ ကမ္ဘောဒီးယားသတ္ထုတွင်းလှုပ်ရှားမှုစင်တာက သိပ်မကြာခင်က နောက်ထပ် မိုင်းရှာဖွေရေးကြွက်ကလေးတွေကို အသုံးပြုဖို့ ရွေးချယ်ခဲ့ကြပြီး အဆိုပါကြွက်ကလေးတွေကို လမ်းညွှန်ပေးနိုင်ဖို့အတွက် Magawa ရဲ့ အကူအညီကို ရယူသွားဦးမှာလည်းဖြစ်ပါတယ်။ ကြွက်တွေအနေနဲ့ သူရဲကောင်းအဖြစ် မှတ်တမ်းဝင်ဖို့ဆိုရင် သတ်မှတ်မြေပြ င်အတွင်းမှာရှိတဲ့ မိုင်းအားလုံးကို တစ်ကြိမ်ထက်ပိုမမှားဘဲ ရှာတွေ့ မှသာ သတ်မှတ်ခံရတယ်လို့လည်း သိရပါတယ်။

“Magawa နဲ့အတူ တွဲဖက်လုပ်ကိုင်ခဲ့ရတာကို ဂုဏ်ယူပါတယ်၊ သူက သေးငယ်ပေမယ့်လည်း အသက်ပေါင်းများစွာကို ကယ်တင်ကူညီပေးနိုင်ဖို့အတွက် လုံခြုံစိတ်ချရတဲ့ မြေတွေကို ကုန်ကျစရိတ်သက်သာစွာနဲ့ မြန်နိုင်သမျှမြန်အောင် ပေးနိုင်ခဲ့ပါတယ်”လို့ Malen က ချီးကျူးခဲ့ပါတယ် Magawa ဟာ လေးလသားအရွယ်ကတည်းက တန်ဇန်းနီးယားက လေ့ကျင့်ရေးကျောင်းကို ရောက်ရှိခဲ့ပြီး သင်ကြားပေးမှုတွေကို စတင်ခဲ့ရတာဖြစ်ပါတယ်။

အသံ ၊ အနံ့တွေကို ခွဲခြားသိတတ်အောင် စတင်လေ့ကျင့် ပေးခဲ့တာဖြစ်ပြီး အဲဒီနောက်မှာ မြေပြင် ၊ လယ်ကွင်းထဲဆင်းကာ ထပ်မံသင်ကြား ခဲ့ရပါတယ် ။ Blind Test တစ်ခုကိုလည်း သူရင်ဆိုင်ခဲ့ရပြီး မြေမြုပ်မိုင်းတွေ ဝှက်ထားတဲ့ မီတာ ၄၀၀ ရှိတဲ့ ဧရိယာတစ်ခုကို ဖြတ်သန်းခဲ့ရတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလအတွင်းမှာတော့ သူ့ကို ရွှေတံဆိပ်ချီးမြှင့်ကာ ဂုဏ်ပြုခဲ့ပြီးAPOPO ရဲ့ ၇၇ နှစ်တာသမိုင်းမှာ ရွှေတံဆိပ်ရတဲ့ ပထမဆုံးကြွက်ကလေးဖြစ်ခဲ့ပါတယ်။

APOPO ပရဟိတအဖွဲ့ရဲ့ တွဲဖက်တည်ထောင်သူနဲ့ CEOChristope Cox က ” ဒီဆုတံဆိပ်ကို လက်ခံရရှိခဲ့တာက ကျွန်တော်တို့အတွက် တကယ်ကိုဂုဏ်ပြုမှုပါပဲ၊ APOPO နဲ့ ကျွန်တော်နှစ်ပေါင်း ၂၀ လက်တွဲခဲ့ပြီးပါပြီ၊ အထူးသဖြင့် ကျွန်တော်တို့ရဲ့ လေ့ကျင့်ပေးသူတွေက နေ့တိုင်းအစောကြီးထပြီး တိရိစ္ဆာန်တွေကို လေ့ကျင့်ပေးနေရပါတယ်၊ ကမ္ဘောဒီးယားပြည်သူတွေအတွက်တော့ တကယ်ကိုကြီးမားမှုပါ၊ ကမ္ဘာတဝှမ်းမှာ မြေမြုပ်မိုင်းတွေကြောင့် အတိဒုက္ခရောက်နေကြရပါတယ်၊ PDSA ရွှေတံဆိပ်က မြေမြုပ်မိုင်းပြသနာကို ကမ္ဘာကြီးတခုလုံးအာရုံစိုက်လာအောင် ပြုလုပ်ပေးခဲ့ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ crd

Add a Comment

Your email address will not be published. Required fields are marked *