မိုးသည္းထန္စြာရြာသြန္းသျဖင့္ ရန္ကုန္ ၿမိဳ့နယ္တခ်ိဳ့ေရႀကီးေရလၽွံမွု ျဖစ္ပြား

မိုးသည္းထန္စြာရြာသြန္းသျဖင့္ ရန္ကုန္ ၿမိဳ့နယ္တခ်ိဳ့ေရႀကီးေရလၽွံမွု ျဖစ္ပြား

ရန္ကုန္ၿမိဳ့တြင္ ယေန႔ ဇြန္လ ၇ ရက္က မိုးသည္း ထန္စြာ ရြာသြန္းမွုေၾကာင့္ ၿမိဳ့နယ္တခ်ိဳ့၌ ေရႀကီးေရလၽွံမွုမ်ား ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။ ေရႀကီးေရလၽွံမွု ျဖစ္ပြားခဲ့ေသာ ၿမိဳ့နယ္မ်ားမွာ မရမ္းကုန္းၿမိဳ့နယ္၊ မဂၤလာဒုံ ၊ တာေမြ ၊ အင္းစိန္၊ လွိုင္ အစရွိသည့္ ၿမိဳ့နယ္မ်ားတြင္ ေရႀကီးေရလၽွံမွုမ်ား ျဖစ္ေပၚခဲ့သည္။

ထိုသို့ လမ္းမ်ားေပၚ ေရႀကီးေရလၽွံေနသျဖင့္ ယေန႔ညေနပိုင္းတြင္ ယာဥ္ေၾကာပိတ္ဆို့ျခင္းမ်ားလည္း ျဖစ္ပြားခဲ့ကာ၊ ၿမိဳ့နယ္ တခ်ိဳ့တြင္ ေနအိမ္မ်ားအတြင္းသို့ ေရမ်ား ဝင္ေရာက္မွု ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

ျမန္မာနိုင္ငံတြင္ မုတ္သုံေလ အားေကာင္းေနၿပီး ျပည္ နယ္ႏွင့္ တိုင္းတခ်ိဳ့တြင္ ေနာက္ရက္မ်ားအတြက္ ခန႔္မွန္းခ်က္မွာ ရန္ကုန္တိုင္း၊ ပဲခူးတိုင္း၊ ဧရာဝတီတိုင္း၊ တနသၤာ ရီတိုင္း၊ ရခိုင္၊ ကရင္၊ မြန္ျပည္နယ္တို့တြင္ မိုးဆက္လက္ပိုေနမည္ျဖစ္ကာ မႏၲေလးႏွင့္ အနီးတဝိုက္တြင္လည္း ေနရာကြက္က်ား မိုးထစ္ခ်ဴန္းရြာမည္ျဖစ္ေၾကာင္း မိုး ေလဝသႏွင့္ ဇလေဗဒ ညႊန္ၾကားမွု ဦးစီးဌာနက ေၾကညာထားသည္။ source ; ဧရာဝတီ

Unicode … မိုးသည်းထန်စွာရွာသွန်းသဖြင့် ရန်ကုန် မြို့နယ်တချို့ရေကြီးရေလျှံမှု ဖြစ်ပွား

ရန်ကုန်မြို့တွင် ယနေ့ ဇွန်လ ၇ ရက်က မိုးသည်း ထန်စွာ ရွာသွန်းမှုကြောင့် မြို့နယ်တချို့၌ ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့သော မြို့နယ်များမှာ မရမ်းကုန်းမြို့နယ်၊ မင်္ဂလာဒုံ ၊ တာမွေ ၊ အင်းစိန်၊ လှိုင် အစရှိသည့် မြို့နယ်များတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သည်။

ထိုသို့ လမ်းများပေါ် ရေကြီးရေလျှံနေသဖြင့် ယနေ့ညနေပိုင်းတွင် ယာဉ်ကြောပိတ်ဆို့ခြင်းများလည်း ဖြစ်ပွားခဲ့ကာ၊ မြို့နယ် တချို့တွင် နေအိမ်များအတွင်းသို့ ရေများ ဝင်ရောက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် မုတ်သုံလေ အားကောင်းနေပြီး ပြည် နယ်နှင့် တိုင်းတချို့တွင် နောက်ရက်များအတွက် ခန့်မှန်းချက်မှာ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာ ရီတိုင်း၊ ရခိုင်၊ ကရင်၊ မွန်ပြည်နယ်တို့တွင် မိုးဆက်လက်ပိုနေမည်ဖြစ်ကာ မန္တလေးနှင့် အနီးတဝိုက်တွင်လည်း နေရာကွက်ကျား မိုးထစ်ချူန်းရွာမည်ဖြစ်ကြောင်း မိုး လေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ကြေညာထားသည်။ source ; ဧရာဝတီ

Tags:

Add a Comment

Your email address will not be published. Required fields are marked *