ဂ်ပန္ငါးဖမ္းသမားတစ္ဦး ဖူကူရွီးမား န်ဴကလီးယားစက္႐ုံအနီးရွိ ပင္လယ္ျပင္မွ ဧရာမငါးႀကီး တစ္ေကာင္ဖမ္းမိ

ဂ်ပန္ငါးဖမ္းသမား တစ္ဦး ဖူကူရွီးမား န်ဴကလီးယားစက္႐ုံအနီးရွိ ပင္လယ္ျပင္မွ ဧရာမငါးႀကီး တစ္ေကာင္ဖမ္းမိ

ဂ်ပန္ငါးဖမ္းသမား တစ္ဦးသည္ ဖူကူရွီးမား န်ဴကလီးယား စက္႐ုံ အနီးရွိ ပင္လယ္ျပင္မွ ဧရာမငါးႀကီး တစ္ေကာင္ကို ဖမ္းမိခဲ့ေၾကာင္း Mail Onli ne သတင္းဌာနက ေဖာ္ျပ ထားသည္။

အဆိုပါ ငါးႀကီး၏ ပါးစပ္သည္ ကေလးငယ္ တစ္ဦးကိုပင္ ၿမိဳခ်နိုင္ ေလာက္ ေအာင္ ႀကီးမားၿပီး ဝံပုေလြငါးမ်ိဳး ျဖစ္ေၾကာင္း သိရသည္။ ထို့ျပင္အဆိုပါ ငါးမ်ိဳးသည္ ပစိဖိတ္ႏွင့္ အတၱလႏၲိတ္ သမုဒၵရာ အတြင္းရွိ အလြန္နက္ရွိုင္းေသာ ေနရာမ်ားတြင္သာ ေနထိုင္ေလ့ရွိၿပီး သမုဒၵရာ ၾကမ္းျပင္ တစ္ေလၽွာက္ရွိ သက္ရွိ သတၱဝါငယ္ မ်ားကိုသာ စားေသာက္ေလ့ ရွိသည္။

ပုံမွန္အားျဖင့္ ယင္းငါးႀကီး မ်ားသည္ အရွည္ ၁ ဒသမ ၂မီတာခန႔္ ရွိေသာ္ လည္း ယခုဖမ္းဆီး ရမိသည့္ ငါးႀကီးမွာ အရွည္ ၂ မီတာ နီးပါး ရွိသည့္အတြက္ ဖူကူရွီးမား န်ဴကလီးယား စက္႐ုံမွ ထြက္ရွိလာေသာ ေရဒီယိုသတၱိႂကြ အရည္မ်ားသည္ ေရေန သတၱဝါမ်ား အေပၚ ဆိုးက်ိဳးရွိနိုင္သည္ဟု သိပၸံပညာရွင္မ်ားက သုံးသပ္သည္။

၂ဝ၁၁ ခုႏွစ္က ၈ ဒသမ ၉ ရစ္ခ်္တာ စေကး ရွိ ငလ်င္လွုပ္ခတ္ မွုေၾကာင့္ ဖူကူရွီးမား န်ဴကလီးယား စက္႐ုံမွ အေအးေပးစနစ္ ခၽြတ္ယြင္း ခဲ့သည့္အတြက္ ဓာတ္ေပါင္းဖို သုံးလုံးမွာ လည္ပတ္မွု ရပ္ဆိုင္းကာ ေရဒီယို သတၱိႂကြ အရည္ မ်ားသည္ ပင္လယ္အတြင္းသို့ စိမ့္ဝင္ခဲ့ေၾကာင္း သိရသည္။ ထို့ေၾကာင့္ ဖူကူရွီးမား န်ဴကလီးယား စက္႐ုံမွေရမ်ားကို ပင္လယ္ထဲ စြန႔္ထုတ္ရင္ ျမန္မာေရေနသတၱဝါမ်ားအေပၚ အက်ိဳးသက္ေရာက္နိုင္ဖြယ္ရွိသည္။ crd

Unicode … ဂျပန်ငါးဖမ်းသမား တစ်ဦး ဖူကူရှီးမား နျူကလီးယားစက်ရုံအနီးရှိ ပင်လယ်ပြင်မှ ဧရာမငါးကြီး တစ်ကောင်ဖမ်းမိ

ဂျပန်ငါးဖမ်းသမား တစ်ဦးသည် ဖူကူရှီးမား နျူကလီးယား စက်ရုံ အနီးရှိ ပင်လယ်ပြင်မှ ဧရာမငါးကြီး တစ်ကောင်ကို ဖမ်းမိခဲ့ကြောင်း Mail Onli ne သတင်းဌာနက ဖော်ပြ ထားသည်။

အဆိုပါ ငါးကြီး၏ ပါးစပ်သည် ကလေးငယ် တစ်ဦးကိုပင် မြိုချနိုင် လောက် အောင် ကြီးမားပြီး ဝံပုလွေငါးမျိုး ဖြစ်ကြောင်း သိရသည်။ ထို့ပြင်အဆိုပါ ငါးမျိုးသည် ပစိဖိတ်နှင့် အတ္တလန္တိတ် သမုဒ္ဒရာ အတွင်းရှိ အလွန်နက်ရှိုင်းသော နေရာများတွင်သာ နေထိုင်လေ့ရှိပြီး သမုဒ္ဒရာ ကြမ်းပြင် တစ်လျှောက်ရှိ သက်ရှိ သတ္တဝါငယ် များကိုသာ စားသောက်လေ့ ရှိသည်။

ပုံမှန်အားဖြင့် ယင်းငါးကြီး များသည် အရှည် ၁ ဒသမ ၂မီတာခန့် ရှိသော် လည်း ယခုဖမ်းဆီး ရမိသည့် ငါးကြီးမှာ အရှည် ၂ မီတာ နီးပါး ရှိသည့်အတွက် ဖူကူရှီးမား နျူကလီးယား စက်ရုံမှ ထွက်ရှိလာသော ရေဒီယိုသတ္တိကြွ အရည်များသည် ရေနေ သတ္တဝါများ အပေါ် ဆိုးကျိုးရှိနိုင်သည်ဟု သိပ္ပံပညာရှင်များက သုံးသပ်သည်။

၂ဝ၁၁ ခုနှစ်က ၈ ဒသမ ၉ ရစ်ချ်တာ စကေး ရှိ ငလျင်လှုပ်ခတ် မှုကြောင့် ဖူကူရှီးမား နျူကလီးယား စက်ရုံမှ အအေးပေးစနစ် ချွတ်ယွင်း ခဲ့သည့်အတွက် ဓာတ်ပေါင်းဖို သုံးလုံးမှာ လည်ပတ်မှု ရပ်ဆိုင်းကာ ရေဒီယို သတ္တိကြွ အရည် များသည် ပင်လယ်အတွင်းသို့ စိမ့်ဝင်ခဲ့ကြောင်း သိရသည်။ ထို့ကြောင့် ဖူကူရှီးမား နျူကလီးယား စက်ရုံမှရေများကို ပင်လယ်ထဲ စွန့်ထုတ်ရင် မြန်မာရေနေသတ္တဝါများအပေါ် အကျိုးသက်ရောက်နိုင်ဖွယ်ရှိသည်။ crd

Tags:

Add a Comment

Your email address will not be published. Required fields are marked *