စာတိုက်ကနေ စာပို့ရာမှာ စာရွက်ကိုမသုံးဘဲ သစ်ရွက်ကို သုံးတဲ့နည်းကို တီထွင်ခဲ့တဲ့ဂျပန်ကျောင်းသားများ

စာတိုက်ကနေစာပို့ရာမှာ စာရွက်ကိုမသုံးဘဲ သစ်ရွက်ကိုသုံးတဲ့နည်းကို တီထွင်ခဲ့တဲ့ ဂျပန်ကျောင်းသားများ

တိုကျိုမြို့ရဲ့ တက္ကသိုလ် တစ်ခုက ကျောင်းသားတစ်စုဟာ သစ်ရွက်တွေပေါ်မှာ အက္ခရာ စာလုံးတွေရေးသားခဲ့ပြီး ဂျပန်ရဲ့ကျော်ကြားတဲ့ စာတိုက်ကတဆင့် တံဆိပ်ခေါင်းတစ်ခုထက် မပိုတဲ့ စာပေးပို့မှုတွေကို ပြုလုပ်ခဲ့ကြပါတယ်။ Keio တက္ကသိုလ်က ကျောင်းသားတွေ ဖြစ်ပြီး Ilex latifolia လို့ခေါ်တဲ့ သစ်ရွက်ပေါ်မှာ ရေးသားခဲ့ကြတာ ဖြစ်ပါတယ်။

အဆိုပါ သစ်ပင်တွေကတော့ တရုတ် နဲ့ ဂျပန်တို့မှာ ပေါက်ဖွားပြီးHolly အမျိုးအစား ဖြစ်တယ်လို့လည်း ဆိုပါတယ်။ ဧပြီလကစတင်ခဲ့တဲ့ သိပ္ပံနဲ့ သမိုင်းကာလ ပရော့ဂျက်တစ်ခုကို ပြုလုပ်ခဲ့ကြ တာလည်းဖြစ်ပါတယ်။ ဒီကျောင်းသားအုပ်စုမှာပါဝင်တဲ့ ပထမနှစ်ကျောင်းသားတစ်ဦးဖြစ်တဲ့ Maho Omura က tarayou လို့လည်း လူသိများတဲ့ llex latifolia အရွက်ကို သိရှိခဲ့တာဖြစ်ပါတယ်။

သက္ကရာဇ် ၇၉၄ ကနေ ၁၁၈၅ အထိ သက်တမ်းရှိခဲ့တဲ့ Heian (ဟိုင်ယန်ခေတ်) ခေတ် အက္ခရာတွေကို သစ်ရွက်နောက်ကျောမှာ ရေးသားခဲ့တာဖြစ်ပြီး ဒီသစ်ရွက်ဟာ ဂျပန်မှာ ပထမဆုံးသော ပို့စ်ကတ်ဖြစ်တယ်လို့ ယုံကြည်ရပါတယ်။ အခြားသော သစ်ရွက်တွေနဲ့မတူဘဲ နောက်ကျောမှာ မင်အနက်နဲ့စာရေးသားပါက အမြဲတမ်းထင်ရှားပေါ်လွင်နေမယ့် သစ်ရွက်မျိုးဖြစ်တယ်လို့လည်း သိရပါတယ်။

မူလကတော့ ကျောင်းသားတွေဟာ Future Mail လို့ ခေါ်တဲ့ ဂျပန်စာတိုက်ဝန်ဆောင်မှုတစ်ခုကို စိတ်ဝင်စားခဲ့ကြပါတယ်အဆိုပါဝန်ဆောင်မှုဟာ နောက် ၁၀ နှစ်ကြာကာလအတွက် ရည်မှန်းပြီး စာတွေပေးပို့ ထားနိုင်မှာဖြစ်ပါတယ်။

“လူတွေက ဒါကိုကြည့်ရတာ My Neighbor Totoro ထဲက တစ်စုံတစ်ခုလိုပဲလို့ ပြောကြပါတယ်” လို့ ပရော့ဂျက်မှာပါဝင်ခဲ့တဲ့ Mio Hirose က VICE ကို ပြောခဲ့ပါတယ်။ My Neighbor Totoro ကတော့ ၁၉၈၈ ခုနှစ်က ဂျပန်မှာ ထင်ရှားခဲ့တဲ့ စိတ်ကူးယဉ်ကာတွန်းရုပ်ရှင်ဖြစ်ပါတယ်။ Tarayou Tree Porject လို့ ကျောင်းသားတွေက နာမည်ပေးခဲ့ပြီးနောက် သစ်ရွက်ပေါင်း ၅၀ ကျော်ကို တိုကျိုနဲပ မိုင်ပေါင်း ၃၀၀ လောက် ဝေးကွာတဲ့ အိုဆာကာအထိကို ပေးပို့ခဲ့ကြပါတယ်။

ဂျပန်လူမှုကွန်ရက်တွေမှာတော့ ဒီစီမံကိန်းနဲ့ ပတ်သက်ပြီး စိတ်ဝင်စားမှုတွေမြင့်တက်ခဲ့ကာ စာအိတ် မပါဝင်ဘဲ ပေးပို့ခဲ့တဲ့ သစ်ရွက်တွေဟာ လက်ခံသူတွေဆီရောက်ရှိခဲ့လို့လည်း အံ့အားသင့်ခဲ့ကြပါတယ်။ “ဒါတွေကို ပို့ပေးတဲ့ စာတိုက်ဝန်ထမ်းကိုတော့ တကယ်အံ့သြတယ်” လို့ တွစ်တာမှာ အသုံးပြုသူတစ်ဦးကမှတ်ချက်ပြုခဲ့ပါတယ်။ ပရော့ဂျက်မှာပါဝင်တဲ့ ကျောင်းသားအားလုံးဟာ အတန်းဖော်တွေဖြစ်တယ်လို့ ဆိုပါတယ်။

ကျောင်သားတွေဟာ စာရွက်ပေါ်မှာ ရေးသားပြီးပေးပို့မှုကို ဆွဲဆောင်မှုမရှိဘူးလို့ ခံစားခဲ့ရပြီး စူးစမ်းလေ့လာခဲ့ရာမှာ tarayou သစ်ရွက်ကို တွေ့ရှိခဲ့ကြတာတာဖြစ်ပါတယ်။ သစ်ရွက်တွေပေါ်မှာ စာရေးဖို့အတွက် အပ်ကိုအသုံးပြုခဲ့ကြပြီး လက်ခံမယ့်သူရဲ့ နာမည်နဲ့လိပ်စာလည်းပါဝင်ကာ ခြောက်သွေ့သွားစေဖို့အတွက် Oven ကို အသုံးပြုခဲ့ကြပါတယ်။ ဒီနောက်မှာလိုအပ်တဲ့တံဆိပ်ခေါင်းတွေကို အသုံးပြုခဲ့ကြပါတယ်။ crd to oraginal

Add a Comment

Your email address will not be published. Required fields are marked *